နိုင်ပွဲဆက်ခဲ့တဲ့ မန်ယူနိုက်တက် ၊ နိုင်ပွဲပြန်ရတဲ့ ချဲလ်ဆီး ၊ အပြောင်းအရွှေ့ အကြောင်းအရာတွေ နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရဲ့ ဘောက်ဆင်ဒေး ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ နိုင်ပွဲ ကိုယ်စီ ၇ရှိ ခဲ့ကြပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ဟာ နော်တင်ဟမ် ဖောရက်စ် ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင် ကစားခဲ့တာ ဖြစ်ပြီး မားကပ် ရက်ဖိုဒ့် ၊ အန်တိုနီ မာစီရယ် နဲ့ ဖရက်ဒ် တို့ က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြပါတယ် ။

ချဲလ်ဆီး ကလည်း ဘုန်းမောက် အသင်း ကို ၂-၀ နဲ့ နိုင်ခဲ့ပြီး ကိုင် ဟာဗက် နဲ့ မေဆင်မောင့် တို့က သွင်းယူပေးခဲ့ကြ ပါတယ် ။

PSG နည်းပြကြီး ခရစ်စတိုဖီ ဂယ်တီယာ က လီယွန်နယ် မက်ဆီ ဟာ နှစ်သစ်ကူး အပြီး ( ဇန်နဝါရီ ၂ သို့ ၃ ) မှာ ကလပ် အသင်းဆီ ပြန်လည် လာရောက် ပူးပေါင်း လိမ့်မယ်လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

 

မက်ဆီ ဟာ လက်ရှိမှာ အာဂျင်တီးနား က နေအိမ်မှာ ခရစ္စမတ် နဲ့ နှစ်သစ်ကူး ကာလ ကို ဖြတ်သန်း နေပြီး နေ့စဉ် အိမ်ရှေ့ ကို ရောက်လာတဲ့ ပရိသတ်တွေကို အကုန် ထွက်မတွေ့ နိုင်တဲ့ အတွက် နားလည်ပေးကြဖို့ လည်း ဆိုရှယ်မီဒီယာမှာ ရေးသား ဖော်ပြထားပါတယ် ။

နေမာ ကတော့ PSG ကို ပြန်ရောက်နေကာ လေ့ကျင့်မှုတွေ ပြန်လည် စတင်နေပြီ ဖြစ်ပါတယ် ။

လိုင်လီ ရှေ့တန်း ကစားသမားလေး ဂျော်နသန် ဒေးဗစ် က သူဟာ ပရီးမီးယားလိဂ် ကို လာရောက် ကစားဖို့ စိတ်ကူး အိပ်မက် ရှိထားတယ်လို့ ထုတ်ဖော် ပြောဆို လာခဲ့ ပါတယ် ။

နော်ဝှစ်ချ် စီးတီး အသင်းဟာ နည်းပြ ဒင်းစမစ် နဲ့ လမ်းခွဲ လိုက်ပါပြီ ။ စမစ် ဟာ ၂၀၂၁ နိုဝင်ဘာ တုန်းက ဒန်နီရယ် ဖာကီ ရဲ့ နေရာကို အစားဝင်ပြီး နော်ဝှစ်ချ် ကို ပဲ့ကိုင်ခဲ့ပေမယ့် ချန်ပီယံရှစ် မှာ ထင်သလောက် ရလဒ် ကောင်းမွန်မှု မရှိတာကြောင့် ထုတ်ပယ် လိုက်တာပဲ ဖြစ်ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ တော့တင်ဟမ် ဟော့စပါး အသင်းဟာ အင်တာမီလန် ရဲ့ နယ်သာလန် ခံစစ်မှူး စတီဖင် ဒီဗာ့ဂျ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခြေအနေ ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ် ။

ပေါ်တူဂီ က လာတဲ့ သတင်းအချို့ အရ ဘင်ဖီကာ ဟာ အန်ဇို ဖာနန်ဒက်စ် အတွက် ယူရို သန်း ၁၂၀ ကျော် တဲ့ ကမ်းလှမ်းမှု ၂ ခု အထိ လက်ခံ ရရှိ ထားတယ်လို့ သိရှိရ ပါတယ် ။

ကတော့ ချဲလ်ဆီး နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ စာချုပ် အခြေအနေကို စောင့်ကြည့် နေပြီး အီတလီသား အနေနဲ့ လန်ဒန် ကလပ် နဲ့ စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့ ပါက နွေရာသီမှာ အလွတ် နဲ့ ခေါ်ယူဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

အင်တာမီလန် နဲ့ ယူဗင်တပ် တို့ဟာ ရိုးမား ရဲ့ အင်္ဂလန် ခံစစ်မှူး ခရစ် စမောလင်း ကို စိတ်ဝင်စားနေတယ် လို့လည်း သိရပါတယ် ။

စပိန် လာလီဂါ ထိပ်သီးတွေ ဖြစ်ကြတဲ့ ဆီဗီးလား နဲ့ အက်သလက်တီကို မက်ဒရစ် တို့ဟာ ကမ္ဘာ့ဖလား မှာ အာဂျင်တီးနား နဲ့ ခြေစွမ်းပြ ခဲ့တဲ့ ခံစစ်မှူးကြီး နီကိုလပ်စ် အော့တာမန်ဒီ ကို ခေါ်ယူဖို့ အပြိုင်ချဉ်းကပ် နေတယ်လို့ သိရှိရ ပါတယ် ။

ရှက်တာဒိုးနက် အသင်းဟာ မူဒရစ် အတွက် အာဆင်နယ် ရဲ့ ပေါင် ၅၇ သန်းတန် ကမ်းလှမ်းမှု ကို ပယ်ချ သွားခဲ့တယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ ဘိုင်ယန်မြုးနစ် မှာ ကစားနေတဲ့ ကနေဒါ နောက်ခံကြယ်ပွင့် အယ်လ်ဖွန်ဆို ဒေဗီးစ် ကို လာမယ့် ၂၀၂၄ ( ဘိုင်ယန် နဲ့ စာချုပ်ကုန်မယ့် အချိန် ) ခုနှစ် မှာ ခေါ်ယူ နိုင်ဖို့ ပြင်ဆင် လုပ်ဆောင် နေတယ်လို့လည်း သိရှိရ ပါတယ် ။

 

နယ်သာလန် ဝါရင့် ကစားသမားကြီး ဒေလီ ဘလင်း ဟာ အိုင်ယက်စ် အသင်းနဲ့ စာချုပ် ကို ဖျက်သိမ်း လိုက်ပြီ ဖြစ်တာကြောင့် အသင်း လက်မဲ့ ကစားသမား ဖြစ်သွားခဲ့ပြီ လို့ သိရှိရ ပါတယ် ။

လက်ရှိ မှာတော့ တူရကီ ကလပ် အန့်ဝရပ် က ဘလင်း ကို စိတ်ဝင်စားမှု ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR