အသင်းရဲ့ ကစားသမားတွေကို နည်းပြ တန်ဟတ် အမြဲပြောတတ်တဲ့ စကားကို ဖွင့်ဟလိုက်တဲ့ တော်မီနေး

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ စကော့ မက် တော်မီနေး က နည်းပြ အဲရစ် တန်ဟတ် ဟာ အသင်းအဖွဲ့ ၊ အစုအဖွဲ့ တစ်ခုရဲ့ အရေးကြီးမှုကို အမြဲလို သူတို့တွေကို ထုတ်ပြောလေ့ ရှိတတ်ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ​နေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် အိုးလ် ထရပ်ဖို့ဒ်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။ အဲ့ဒီနောက် သုံးပါတ် အတွင်း ယူနိုက်တက်တို့ 6 ပွဲအထိ ကစားရမှာပဲ ဖြစ်ပါတယ် ။

တော်မီနေးဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင််းအတွက် 9 ကြိမ် ပွဲထွက် ကစားခွင့် ရရှိထားခဲ့ပြီး ပြိုင်ပွဲစုံ 19 ကြိမ် ပါဝင် ကစားခွင့် ရရှိထားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ နည်းပြ တန်ဟတ် အမြဲလို ပြောလေ့ရှိတတ်တဲ့ စကားတွေကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ ကြီးမားတဲ့အသင်းတစ်ခုကို လိုအပ်လှပါတယ် ။ အသင်းအဖွဲ့ ကစားဟန် တစ်ခုနဲ့ ပတ်သက်လို့ သူ (အဲရစ် တန်ဟတ်) အမြဲလို ပြောလေ့ ရှိတတ်တဲ့ စကားက အဲ့တာပါပဲ ။ ကျွန်တော်တို့အားလုံး အစုအဖွဲ့ တစ်ခုအဖြစ် ရှိနေဖို့ လိုအပ်ပြီး လမ်းကြောင်းမှန်အပေါ် အတူတကွ ဆွဲတင်နိုင်ဖို့ လိုအပ်လှပါတယ် ”

” အခု အဲ့တာကိုပြသဖို့ အချိန်ကျရောက်လာပါပြီ ။ အခုက ပွဲတော်ရက်ပါ ။ ကျွန်တော်တို့ ပွဲစဥ်တွေ အများကြီးပဲ ဆက်တိုက် ကစားရပါလိမ့်မယ် ။ အဲ့ဒီမှာ ဒဏ်ရာပြသနာတွေလည်း ကြုံတွေ့ကြရဦးမှာပါ ။ အဲ့ဒီလို အနေအထားမျိုးမှာ အသင်းအဖွဲ့ စိတ်ဓါတ် ရှိနေဖို့က အရမ်းကို အရေးကြီိးလှပါတယ် ”

” ကျွန်တော်တို့ အသင်းအဖွဲ့ စိတ်ဓါတ်နဲ့ စုပေါင်းပြီး ဝိုင်းဝန််း ကစားနိုင်မှသာ လိုအပ်တဲ့ အချိန်တွေမှာ နောက်တစ်ဆင့် တက်ရောက်နိုင်ကြမှာပါ ။ ကမ္ဘာ့ ဖလားကြောင့် နားရတယ်ဆိုတာက ဆောင်းရာသီ အားလပ်ရက် မဟုတ်ခဲ့ရပါဘူး ။ ကျွန်တော်တို့ သိတဲ့ အားလပ်ရက်က ဒါမျိုး မဟုတ််ပါဘူး ”

” ဟော်လန်မှာဆိုရင် ဆောင်းရာသီ အားလပ်ရက်ရှိတတ်ပြီး အတော်လေး အနားယူခွင့် ရရှိတတ်ကြပါတယ် ။ အဲ့တာက ကျွန်တော်တို့ အတွက်တော့ စိမ်းလွန်းတဲ့ အတွေ့အကြုံံ တစ်ခုပါပဲ ။ ဒါပေမဲ့ ဘောလုံးသမားတွေကတော့ ဒါတွေနဲ့ အံဝင်နိုင်အောင် ကြိုးစားကြရတာပဲလေ ”

” ကျွန်တော်တို့ ကိုဗစ်နဲ့ ကြုံခဲ့ရပါတယ် ။ ကျွန်တော်တို့ ဒီနှစ်တွေ အတွင်း ခြားနားတဲ့ ကမ္ဘာ့မှာ ကျင်လည်ခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ခြားနားတဲ့ ပုံစံမျိုးတွေနဲ့ ဒါကို ရင်ဆိုင်ရင်း အံဝင်နိုင်အောင် ကြိုးစားခဲ့ရတာပါပဲ ။ ဘောလုံးသမား ဘဝက ဒီလိုပဲလေ ”

” အခုတော့ ကျွန်တော်တို့ဟာ အလုပ်များတဲ့ ရက်စွဲတွေကို ကြုံတွေကြရပါတော့မယ် ၊ ဘောလုံး အားကစား ရဲ့ ဒုတိိယ ရာသီဝက်ပေါ့ဗျာ ။ ဒါကို ရင်ဆိုင်ကြဖို့ ကျွန်တော်တို့ ရှေးရှုနေကြပါတယ် ” လို့ တော်မီနေး က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar