ထိပ်သီး လေးသင်း ဝင်နိုင်ရေး အတွက် ယူနိုက်တက်ကို စိုးရိမ်သင့်တဲ့ အသင်းသုံးသင်းကို ထုတ်ပြောရင်း သရဲနီ 5 ဦးကို ချီးကျူးလိုက်တဲ့ ပေါလ် မာဆင်

 

အာဆင်နယ် ဂန္တဝင် ပေါလ် မာဆင် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ပရီးမီးယားလိဂ် ထိပ််သီး လေးသင်း စာရင်း ဝင်နိုင်ရေး ကိစ္စမှာ ခါးသီး ပြိုင်ဖက် လီဗာပူး အသင််းကို စိုးရိမ်သင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကာရာဘောင် ဖလားပြိုင်ပွဲမှာ ဘန်လေ အသင်းကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီကနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် နော်ဝင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကမ္ဘာ့ ဖလား ဖိုင်နယ်လစ်တွေ ဖြစ်ခဲ့တဲ့ ခံစစ်မှူး ရာဖေးလ် ဗာရန််းနဲ့ လီဆန်ဒရို မာတီနက်ဇ် တို့ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိခဲ့ရပါတယ် ။ ဒါ့အပြင် ဘန်လေ နဲ့ ပွဲမှာ မပါဝင်ခဲ့တဲ့ ဒီယိုဂို ဒါးလော့လည်း ပါမလား မသေချာသေးပါဘူး ။

အခုတော့ ပေါလ် မာဆင်က မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟတ် ကို သဘောကျကြောင်း ထုတ်ပြောရင်း ထိပ်သီး လေးသင်း စာရင်းဝင်ဖို့ အခွင့်အရေး ရှိပေမဲ့ စိုးရိမ််ရမယ့် အသင်းတွေရှိနေသေးကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

 

” ဒီ မန်နေဂျာ ကို ကျွန်တော် နှစ်သက်ပါတယ် ။ ရော်နယ်ဒိုရဲ့ ကိစ္စမှာ သူ့ရဲ့ ကံတရားကို သူ ယုံကြည်နိုင်မယ်လို့ မထင််မိပါဘူး ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ ထိပ်သီး လေးသင်း စာရင်းထဲဝင်ဖို့ အခွင့်အရေးကောင်း တစ်ခု ရှိနေတယ်လို့ ကျွန်တော် ထင်မိပါတယ် ”

” ဖူလ်ဟမ်နဲ့ ပွဲစဥ်တုန်းက အနိုင်ဂိုးသွင်းနိုင်မယ့် အသင်း တစ်သင်းကို ပြောပါဆိုရင် ဖူလ်ဟမ်ပဲလို့ ကျွန်တော် ​ပြောခဲ့မိမှာပါ ။ ဒါပေမဲ့ သူတို့ပြန်လာနိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ကြပါတယ် ။ ထိပ်သီး လေးသင်း ဝင်ချင်ရင် ဒါမျိုး အဖြေရှာနိုင်ဖို့ တကယ်ပဲ လိုအပ်လှပါတယ် ” လို့ မာဆင် က ပြောလိုက်ပြီး ကစားသမား 5 ဦးကို ဆက်လက် ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” သူတို့ဟာ ဂိုး သွင်းယူပေးနိုင်တဲ့ ဂါနာချို ဆိုတဲ့ ကောင်လေးကို ရှာဖွေ့ထားနိုင်ခဲ့ပါတယ် ။ သူ့ကြည့်ရတာ ကစား သမားကောင်း တစ်ယောက်လိုပါပဲ ။ မားကပ်စ် ရပ်ရှ်ဖို့က on fire ဖြစ်နေခဲ့ပြီး ယုံကြည်မှုလည်း ပြည့်ဝနေခဲ့ပါတယ် ။ ကမ္ဘာ့ ဖလားကလည်း မက်ဂွားယားကို ယုံကြည်မှု တိုးစေခဲ့ပါတယ် ”

  

” သူတို့လည်း ကစားပုံ စတင် ကောင်းလာခဲ့ကြပြီး ကောင််တာတိုက်စစ်ဆင် ကစားတာလည်း သွက်လက် လာခဲ့ပါပြီ ။ ကောင်တာ တိုက်စစ်ဆင်ဖို့ သူတို့ အသင်းမှာ ရပ်ရှ်ဖို့ ရှိနေသလို သူ့ဆီ ဘောလုံး အရောက်ပို့ပေးနိုင်မယ့် အဲရစ်ဆင်လည်း ရှိနေခဲ့ပါပြီ ”

” ကွင်းလယ်မှာ ကာစီမီရို ကလည်း ပုံစံကောင်း ပြနေခဲ့ပါတယ် ။ သူတို့ အသင်းလိုက် ကစားနိုင်ကြပါပြီ ။ ကျွန််တော်သာ ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် က လူဆိုရင် ယူနိုက်တက် နဲ့ ပတ်သက်လို့ စိုးရိမ်စိတ်ဝင်မိမှာပါပဲ ” လို့ ပေါလ် မာဆင် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar