အာဆင်နယ် အသင်းရဲ့ ဇန်နဝါရီ အစီအစဥ် ကို ပြောပြရင်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူမှာ ဖြစ်ကြောင်း အာမခံ လိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခပ်မြန်မြန် သွက်သွက် လှုပ်ရှား သွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပြီး ဂျေးဇု နေရာ အစားထိုးဖို့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အမှတ် ပေးဇယား ကိို ငါးမှတ်ဖြတ် ဦးဆောင်နေတဲ့ အသင်း ဖြစ်ပါတယ် ။ ဒါပေမယ့် အဓိက တိုက်စစ်မှူး ဂျေးဇု ဒဏ်ရာ ရသွားပြီး ကာလ အတန်ကြာ အနားယူရမယ့် အပေါ် အာဆင်နယ် အသင်း ပရိသတ်တွေက စိုးရိမ် ပူပန် နေကြပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း နဲ့ ရောက်ရှိ လာခဲ့တဲ့ ဂျေးဇု ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားထားရာမှာ ၅ ဂိုးသွင်း ၆ ဂိုး ဖန်တီး ပေးထားသူ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဂျေးဇု မကစားနိုင်ချိန်မှာ အန်ကီတီးယား ကို နေရာ ပေးဖို့ ရှိပေမယ့် ဇန်နဝါရီမှာတော့ တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားမှာ ဖြစ်ကြောင်း နည်းပြ အာတီတာ က ဆိုပါတယ် ။ ” နွေရာသီမှာ ကစားသမားသစ်ကို စောစောစီးစီး ခေါ်ယူ နိုင်တာက ဘယ်လောက်အထိ အရေးပါ ထိရောက်သလဲ ဆိုတာ ကျနော်တို့ သိပါတယ် ။ ”

” ဇန်နဝါရီမှာလည်း နွေရာသီတုန်းကလို စောစောစီးစီး စာချုပ်ချုပ် ခေါ်ယူမှာပါ ။ ဒါက စိတ်ကူးယဉ်ဆန်တယ်။ တစ်ခါတလေတော့ လက်တွေ့မကျဘူး ။ ဒါပေမယ့် ကျွန်နော့်အမြင်ကို မေးရင်တော့ ကျနော်ကတော့ ကစားသမားတွေကို အသင်းဆီ စောရောက်ပြီး အမြန်ဆုံး အထိုင်ကျစေချင်တာပါပဲ ။ ”

” ဒီလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့ လေးငါးနှစ် အတွင်း ရောက်ခဲ့တဲ့ အဆင့်အတန်း က အရင်တုန်းက တစ်ခါမှ မကြုံခဲ့ဖူးတဲ့ အဆင့်အတန်းမျိုးပါ ။ ပရီးမီးယားလိဂ် မှာ ရမှတ် ၁ မှတ် စီတိုင်းက အရေးပါတယ် ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ် ။ ”

 

” ကျနော်တို့ လိုချင်တဲ့ ကစားသမားကို မခေါ်နိုင်ဘူးလား လို့ ကျနော့်ကို မေးတယ်နော် ၊ ကျနော်တို့ အသင်း အနေနဲ့တိုက်စစ်မှူးတစ်ယောက်လိုချင်ရင် သေချာပေါက် တတ်နိုင်ပါတယ်၊ သူက လိဂ် (၂) ၊ လိဂ် (၅) ၊ စပိန်၊ အာဖရိက၊ ပေါ်တူဂီ ဘယ်မှာပဲ ကစားကစား ကျနော်တို့ဘက်က ခေါ်နိုင်စွမ်း ရှိပါတယ် ။ ”

” ကျနော်တို့ တိုက်စစ်မှူး တစ်ဦး ခေါ်နိုင်စွမ်း ရှိတယ်ဆိုတာ ခင်ဗျားတို့ကို အာမခံ နိုင်ပါတယ် ၊ ဒါပေမယ့် ကျနော်တို့ဘက်က မထိန်းချုပ် နိုင်တာ မတက်နိုင်တာက အဲ့ဒီ ကစားသမားက အသင်း နဲ့ အံဝင် မဝင် ဆိုတာပါပဲ ၊ အဲ့ဒီအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘာမှ လုပ်မရပါဘူး ။ ကျနော်တို့အတွက် အပေါ်ယံ ကစားသမား မလိုပါဘူး ၊ အသင်းအပေါ် အမှန်တကယ် အကျိုးပြုနိုင်မယ့် ကစားသမားပဲ လိုအပ်ပါတယ် ။ ”

” အသင်းနဲ့ အတူ အောင်ပွဲတွေ ရယူချင်တဲ့ ကစားသမားမျိုးပဲ လိုချင်ပါတယ် ။ ကျနော်တို့ အနေနဲ့ အသင်း အောင်မြင်မှု ရဖို့ ချမှတ်ထားတဲ့ policy တွေ အတိုင်း လုပ်ဆောင်ဖို့ လိုပါတယ် ၊ ကျနော်တို့ အနေနဲ့ ကိုယ်လိုချင်တဲ့ ကစားသမားကိုပဲ ခေါ်သွားမှာပါ ။ ဖြစ်နိုင်ချေ ရှိမရှိ ဒါမှမဟုတ် တက်နိုင် မတက်နိုင် ၊ အချိန်အခါကောင်း ဟုတ်မဟုတ်အပြင် ကျနော်တို့ ထိန်းချုပ်လို့ မရတဲ့ အရာတွေ အများကြီး​အ​ပေါ် မူတည်ပါတယ် ။ သီအိုရီ အရတော့ဇန်နဝါရီ အပြောင်းအရွှေ့ကာလက လုပ်ရကိုင်ရတာ ခက်ခဲ ရှုပ်ထွေးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM