အသင်းရဲ့ထိပ်တန်းပစ်မှတ် ဂျူ့ဘယ်လင်ဟမ်ကို မီဒီယာတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းပဲ ချီးကျူးပြောဆိုလိုက်တဲ့ ယာဂန်ကလော့

 

ယာဂန်ကလော့ဟာ လီဗာပူး အသင်းရဲ့ ပစ်မှတ်ကစားသမား ဖြစ်သူ ဂျူ့ဘယ်လင်ဟမ်ကို အထူးချီးကျူးမှု ပြုလုပ်သွားခဲ့ပြီး ဒီလို ကွင်းလယ်လူမျိုးနဲ့ ပက်သက်ပြီး သူတို့အနေနဲ့ ပိုက်ဆံစကားကို ထည့်ပြောစရာ မလိုအပ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ လာမည့် နွေရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားရန် ပြင်ဆင်လျက် ရှိနေတဲ့ လီဗာပူး အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်ပြီး အဆိုပါ ကာလမှာ အင်္ဂလန် ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန် နဲ့ ဒေါ့မွန်တို့မှာ တောက်ပလျက် ရှိနေတာကြောင့် ၎င်းကို ထိပ်တန်းကလပ်တွေက ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး လီဗာပူးဟာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီး ရီးရဲယ်မက်ဒရစ် တို့ထက် ပိုမို ရေပန်းစားနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘယ်လင်ဟမ် လီဗာပူးကို ပြောင်းရွေ့ဖြစ်မလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပေမယ့် ၎င်းဟာ လက်ရွေးစင် အသင်းဖော် ဂျော်ဒန်ဟန်ဒါဆန် နဲ့ တအားကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားသူ ဖြစ်ပါတယ်။

ယာဂန်ကလော့ဟာ လီဗာပူးရဲ့ အအပြောင်းအရွေ့ ပစ်မှတ်တွေနဲ့ ပက်သက်ပြီး မီဒီယာတွေရှေ့မှာ သိပ်ပြီး ပြောဆိုလေ့ ပြောဆိုထ မရှိပေမယ့်လည်း ဒီတစ်ခါမှာတော့ အင်္ဂလန် လူငယ်ကြယ်ပွင့် ကစားသမားနဲ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ ချီးကျူးသွားခဲ့ပါတယ်။

ယာဂန်ကလော့က “ဂျူ့ဘယ်လင်ဟမ် လိုမျိုး ကစားသမားနဲ့ပက်သက်ပြီး စကားပြောတဲ့ အခါမှာ ကျနော့်‌အနေနဲ့ ပိုက်ဆံ အကြောင်းကို ထည့်သွင်း ပြောကြားလိုစိတ် မရှိပါဘူး။ ဒါကို လူတိုင်း သဘောတူကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ exceptional ကစားသမားပါ။ ဘောလုံးပွဲကို တစ်ခါမှ မကြည့်ဖူးတဲ့သူ or ဘောလုံး အကြောင်းကို တစ်လုံးမှ နားမလည်တဲ့သူ or ဘောလုံးပွဲတွေကို မကြည့်တာ ကြာနေပြီ ဖြစ်တဲ့သူ or ဘယ်လင်ဟမ် ဆိုတာ ဘယ်သူလဲ မသိတဲ့သူကို ‘သူ အသက် ဘယ်လောက် ရှိပြီလို့ ခင်ဗျား ထင်သလဲ?’ လို့ မေးလိုက်ပါ။ ဘယ်သူမှ သူ့ရဲ့ အသက်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ သူဟာ အသက် ၂၈ ၂၉ စတဲ့ အရွယ်ရှိတဲ့ သူတွေလိုမျိုး ကစားနေတာပါ။ သူဟာ တအားကို ရင့်ကျက်စွာနဲ့ ကစားနေတာ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြောင်မြောက်စွာ ကစားသွားခဲ့ပါတယ်။ သူသာ အရာ တော်တော်များများမှာ တော်ပြီး အခြားအရာတွေမှာလည်း တိုးတက်လာအုံးမှာပါ။ သူနဲ့ပက်သက်ပြီး ဖော်ပြရမယ်ဆိုရင် အခု သူ လုပ်ပြနေတဲ့အရာတွေဟာ လေ့လာသင်ယူရ ခက်ခဲပါတယ်။ သူ တိုးတက်အောင် လုပ်သွားဖို့ လိုအပ်တဲ့ အရာတွေကတော့ လွယ်ကူစွာနဲ့ သင်ယူတက်မြောက်နိုင်ပါတယ်။ ဒါဟာ သူ့ကို အရမ်းကောင်းတဲ့ ကစားသမား ဖြစ်စေတာပါ။ ကျနော် ဘာပြောနိုင်မှာလဲဗျာ? နောက်ထပ် အသစ် ပြောစရာ ဘာမှ မရှိပါဘူး။

သူ ဒေါမွန်မှာ နေရာစရလာတဲ့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် ကတည်းက ကျနော် ဒါမျိုး တွေးခဲ့တာပါ။ ဒါကို အားလုံး သိထားပြီး ဖြစ်ပါတယ်။ ငွေရေးကြေးရေး အပိုင်းအရ ဆိုရင် ဒါဟာ ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး။ အကယ်၍ ကျနော်တို့ဘက်က သူ့ကို အကူအညီ ဖြစ်စေချင်တယ်ဆိုရင် ငွေရေးကြေးရေး အကြောင်းကို သိပ်ပြီး မပြောတာက ကောင်းပါတယ်။ အင်္ဂလန်လူမျိုးတွေရဲ့ အမြင်အရ ပြောရမယ်ဆိုရင် သူ့ရဲ့ တိုးတက်အောင် လုပ်နေတဲ့ လမ်းကြောင်းမှာ ဘယ်ဒုက္ခကိုမှ ထည့်မသွင်းလိုက်ပါနဲ့။ သူ ဘယ်နေရာကိုပဲ ရောက်သွားသည် ဖြစ်စေ ဒါဟာ တကယ့်ကို ကောင်းမှာပါ။” လို့ပြောသွားပါတယ်။

လီဗာပူး အနေနဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့အတွက် ဆိုရင် ပြိုင်ဘက်တွေနဲ့ ငွေရေးကြေးရေးပိုင်းအရ ယှဉ်ပြိုင်သွားရမှာ ဖြစ်တဲ့အပြင် ဒါဟာ ၎င်းအတွက် မှန်ကန်တဲ့နေရာဆိုတာ စည်းရုံးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လီဗာပူးတို့ ဒီိရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင်တော့ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ့် ‌မျှော်လင့်ချက်က အားနည်းသွားနိုင်ပါတယ်။ လီဗာပူးဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေကာ အဆင့် ၄ နေရာက အသင်းနဲ့ ၇ မှတ်အကွာ (တစ်ပွဲလျော့) အနေအထားမှာ ရှိနေပါတယ်။

SPORTS MYANMAR