ရာသီလက်ကျန် ပွဲစဥ်တွေအတွက် အသင်းဖော်တွေကို စိန်ခေါ်မှု တစ်ခုပြုလုပ်လိုက်တဲ့ မာရှယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့တဲ့ ပုံစံအတိုင်း အသင်းဆီ ပြန်လာဖို့ အသင်းဖော်တွေကို ပရီးမီးယားလိဂ် ပွဲစဥ် တစ်ဖန် ပြန်လည် မစတင်မီ စိန်ခေါ်စကားဆိုသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမစတင်မီတုန်းက ဖူလ်ဟမ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး လူငယ် ကြယ်ပွင့် ကစားသမားလေး ဖြစ်တဲ့ ဂါနာချို ရဲ့ အနိုင်ဂိုးကြောင့် အဆင့် 5 နေရာမှာ ဆက်လက်် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 14 ပွဲ ကစားထားခဲ့ပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရမှတ် 26 မှတ်သာ စုဆောင်းထားနိုင်ခဲ့သေးတာ ဖြစ်ပြီး ပေးဂိုး 20 ၊ ရဂိုး 20 နဲ့ ဂိုး ကွာခြားချက် ဇီးရိုး ဖြစ်နေခဲ့တာက အားရစရာ မဖြစ်ခဲ့ရပါဘူး ။

အခုတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာရာဘောင် ဖလားရဲဲ့ round 4 အဖြစ် ဘန်လေအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မနက်ဖြန်မှာတော့ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ပြန်လည် ကစားရပါတော့မယ် ။

အဆိုပါ ပွဲစဥ်မတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက်် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ်က အသင််းဖော် အသစ်တွေနဲ့ ကစားခွင့် သိပ်မရရှိခဲ့ကြောင်း ၊ ဒါပေမဲ့ သူတို့ဟာ ခမ်းနားတဲ့ ကစားသမားတွေ ဖြစ်ကြောင််း ချီးကျူးရင်း စိန်ခေါ်ခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ အတူတကွ တွဲဖက်ကစားခွင် သိပ်ပြီး မရရှိနိုင်ခဲ့သေးပါဘူး ။ ဒါပေမဲ့ သူတို့တွေဟာ ခမ်းနားတဲ့ ကစားသမားတွေပါ ။ သူတို့အတွက် အသင်းမှာ အံဝင်ဖို့ ဆိုတာ လွယ်ကူလှပါတယ် ။ သူတို့ ခြေစွမ်းပြနိုင်အောင် ကစားပေးဖို့ ကျွန်တော်တို့ အပေါ်မှာ မူတည်နေပါတယ် ”

” အဲ့ဒီလို ဖြည့်စွက်ကစားနိုင်မှသာ အသင်းက တိုးတက််လာပါလိမ့်မယ် ။ ကျွန်တော်တို့ကတော့ လာမဲ့ပွဲစဥ်တွေကို ယုံကြည်မှုအပြည့်နဲ့ ဆက်လက် ကစားဖို့ ရှိနေကြပါတယ် ။ ကျွန်တော်တို့က ပေါက်ကွဲအား အပြည့်နဲ့ ကစားပေးနိုင်တဲ့ team player တွေကို ပိုင်ဆိုင်ထားတာလေ ”

” ကျွန်တော်တို့ အတူတူ ကစားရင်း နိုင်ပွဲတွေလည်း ရယူထားနိုင်ခဲ့ပြီလေ ။ ပြီးခဲ့တဲ့ ပွဲစဥ်တွေတုန်းက နိုင်ပွဲ ရယူနိုင််ခဲ့တာတွေကို ဆက်လက် ထိန်းသိမ်းဖို့ အားလုံး ကြိုးစားရပါတော့မယ် ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ပွဲစဥ်တွေ တစ်ပွဲဲပြီး တစ်ပွဲ တောက်လျှောက် ကစားရတော့မယ်လေ ”

” ဒါပေမဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကစားခဲ့ရတဲ့ ကစားသမား အချို့ကတော့ အနားယူဖို့ လိုအပ်ပါဦးမယ် ။ သူတို့ အားလပ််ရက် တကယ်ပဲလိုအပ်နေခဲ့ကြတယ်လေ။ ကျွန်တော်တို့ ရှေ့ဆက် ရင်ဆိုင်ရမယ့် နိုင်ပွဲဆိုတဲ့ စိန်ခေါ်မှုတွေ အတွက်် အားလုံး အသင့်ရှိနေဖို့ လိုပါတယ် ” လို့ မာရှယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar