ဘောက်ဆင်ဒေးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ခန့်မှန်းမှု လုပ်သွားခဲ့တဲ့ ခရစ်ဆက်တန်

 

ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာတော့ အားလုံး စောင့်မျှော်နေကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ဒီတစ်ပတ်မှာ အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်တွေတော့ မပါ၀င်ပေမယ့် စိတ်၀င်စားစရာ ပွဲကောင်းတွေက အများကြီး ရှိနေပါတယ်။ BBC ရဲ့ Pundit ဖြစ်သူ ခရစ်ဆက်တန်က ဒီတစ်ပတ်ပွဲစဉ်တွေ အတွက် သူ့ရဲ့ ခန့်မှန်းချက်တွေကို ချပြသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ် vs တော့တင်ဟမ်

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံးအပတ်မှာ ဘရန့်ဖို့ဒ်ဟာ တိုနီရဲ့ ဂိုးတွေနဲ့ အတူ မန်စီးတီးကို အနိုင်ရခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်။ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် မရွေးချယ်ခံခဲ့ရတဲ့ တိုနီဟာ ပထမရာသီ၀က်က သူ့ရဲ့ ခြေစွမ်းကို ပြန်လည် ရှာဖွေသွားဖို့ ဆန္ဒရှိနေမှာ ဖြစ်ပြီး တော့တင်ဟမ်ကတော့ ကာတာကနေ ပြန်လာခဲ့တဲ့ ဟယ်ရီကိန်းကို ချက်ချင်းခြေစွမ်းပြ ကစားနိုင်ဖို့ မျှော်လင့်နေမှာပါ။

စပါးမှာ ဆွန်ဟောင်မင်းနဲ့ ပြန်လည် ကြံ့ခိုင်လာခဲ့တဲ့ ကူလူဆက်စကီး တို့ ရှိနေပါတယ်။ ဒါဟာ အကူအညီ ဖြစ်စေမှာပါ။ ဒါပေမယ့် ရစ်ချာလဆင်ကတော့ ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် နားရမှာ ဖြစ်ပြီး သူတို့ ဘရာဇီးသားကို miss ဖြစ်နေမှာပါ။ ဒါဟာ စိတ်လှုပ်ရှားစရာ ပွဲကောင်း ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သရေရလဒ်နဲ့ ပွဲပြီးသွားမယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။

ခန့်မှန်းချက် : ဘရန့်ဖို့ဒ် ၁-၁ တော့တင်ဟမ်

အက်စတွန်ဗီလာ vs လီဗာပူး
လီဗာပူးဟာ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကြီးမားတဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့ပြီး နောက်တန်းကလည်း ပေါက်ထွက်နေသလို ပါပဲ။ ကျွန်တော် ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ပြန်လာခဲ့တဲ့ ပရီးမီးယားလိဂ် ရက်သတ္တပတ်ရဲ့ အံ့အားသင့်ဖွယ် ရလဒ်ကို ဒီပွဲမှာ မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ ဒီပွဲစဉ်မှာ ရလဒ်ကောင်းကို ရယူသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : အက်စတွန်ဗီလာ ၁-၀ လီဗာပူး

အာဆင်နယ် vs ၀က်ဟမ်း

အာဆင်နယ်ဟာ ဇယားထိပ်မှာ ၅ မှတ်အသာနဲ့ ဦးဆောင်နေပေမယ့် သူတို့ဟာ တကယ့် title contenders တွေလားဆိုတာ လာမည့် အပတ်တွေမှာ မြင်ရလိမ့်မယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ဖလားမှာ ဂျီဆု ဒဏ်ရာရခဲ့ခြင်းဟာ အာဆင်နယ်ကို များစွာ ထိခိုက်မှု ရှိစေခဲ့ပါတယ်။ လူတွေက သူဟာ ကမ္ဘာ့ဖလားမတိုင်မီ ဂိုးပေါက်ပျောက်ထားသူလို့ လက်ညှိးထိုးနေမှာ ဖြစ်ပေမယ့် ပွဲအတွင်း ၎င်းရဲ့ လွှမ်းမိုးမှုပိုင်းက ကြီးမားလှပါတယ်။ ဒ့ါကြောင့် အာဆင်နယ်ရဲ့ ဆုံးရှုံးမှုက ကြီးမားတယ်လို့ ပြောတာပါ။

သူဟာ ဒီအသင်းမှာ အစားထိုးလို့ မရတဲ့ ကစားသမားပါ။ အာဆင်နယ်တို့ ဇန်နဝါရီမှာ ဘာလုပ်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဖြစ်ပါတယ်။ ၀က်ဟမ်းဟာ ဒုတိယရာသီ၀က်မှာ ပိုမို ကောင်းမွန်လာလိမ့်မယ်လို့ ကျွန်တော် ထောက်ခံပါတယ်။ ၀က်ဟမ်းဟာ ဒီပွဲစဉ်မှာ အနိုင်ယူရတာ ခက်ခဲအောင် လုပ်သွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းချက် : အာဆင်နယ် ၁-၁ ၀က်ဟမ်း

ချဲလ်ဆီး vs ဘုန်းမောက်

ချဲလ်ဆီးဟာ ၆ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် နိုင်ပွဲရဖို့ စိတ်အားထက်သန်နေမှာပါ။ နည်းပြ ပေါ်တာလည်း ဖိအားတွေ တိုးနေပါတယ်။ ပေါ်တာ အနေနဲ့ ဒီအသင်းမှာ အချိန်လိုအပ်နေတယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပေါ်တာ စရောက်လာကတည်းက ဂိုးသွင်းနိုင်ရန် ရုန်းကန်နေရခဲ့ရပြီး ဘုန်းမောက်နဲ့ ပွဲစဉ်မှာ အခွင့်အရေးတွေကို ကောင်းကောင်း အဆုံးသတ်နိုင်ရန် လိုအပ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဘုန်းမောက်တို့ ဘယ်လို တုန့်ပြန်သွားမလဲ ဆိုတာ ကတော့ စိတ်၀င်စားစရာပါပဲ။ ဂယ်ရီအိုနေးဟာ ယာယီနည်းပြအဖြစ် ဒီအသင်းကို ဆက်ဆံခဲ့ပြီး သူ့ကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီရာထူးကို ရယူနိုင်ဖို့ အတွက် သူ့အနေနဲ့ ရလဒ်ကောင်းတွေ ရယူဖို့ လိုပါတယ်။

ခန့်မှန်းချက် : ချဲလ်ဆီး ၂-၀ ဘုန်းမောက်

မန်ယူနိုက်တက် vs နော့တင်ဟမ်

ရာသီအစတုန်းက နော့တင်ဟမ်တို့ တန်းပြန်ဆင်းရလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူတို့ဟာ ပြသနာတွေ များနေပါပြီ။ ဒါပေမယ့် သူတို့ဟာ တန်းမဆင်းရဖို့ အတွက် ကြိုးစားရန် လုံလောက်တဲ့ အချိန်တွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဝေးကွင်း ရလဒ်က ဆိုးပါတယ်။ အိုးထရပ်ဖို့ဒ်မှာလည်း သူတို့ ဒီကနေ ရုန်းထွက်နိ်ုင်မယ်လို့ မထင်မိပါဘူး။ ပြသနာတွေ ပေးခဲ့တဲ့ ရော်နယ်ဒို ထွက်သွားပြီ ဖြစ်တာကြောင့် ယူနိုက်တက်ဟာ အသင်းတစ်သင်း အနေနဲ့ ပိုကောင်းတဲ့ အသင်း ၊ ပိုကောင်းတဲ့ နေရာမှာ ရှိနေမယ်လို့ မျှော်လင့်နေပါတယ်။ ဒီလိုပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ဒီပွဲကို အနိုင်ရဖို့အတွက် ရုန်းကန်ရမယ်ဆိုရင်လည်း အံ့သြစရာတော့ မရှိပါဘူး။ သူတို့ နိုင်ပွဲအတွက် ရပ်ဖို့ဒ်ရဲ့ magic ကို လိုအပ်ပါတယ်။

ခန့်မှန်းချက် : မန်ယူနိုက်တက် ၁-၀ နော့တင်ဟမ်

လိဒ် vs မန်စီးတီး

မန်စီးတီးဟာ လီဗာပူးနဲ့ပွဲမှာ တောင့်တင်းတဲ့အသင်းကို ထုတ်သုံးခဲ့ပြီး သူတို့ဟာ ပထမပွဲစဉ်ကတည်းက အာရုံစူးစိုက်မှု အပြည့်ရှိနေတယ်ဆိုတာ ပြသထားပါတယ်။ လိဒ်ရဲ့ ကစားပုံကို ကျွန်တော် နှစ်သက်ပါတယ်။ သူတို့ဟာ ပွဲတိုင်းမှာ ပြိုင်ဘက်ကို လွှမ်းမိုးနိုင်တဲ့ အခိုက်အတန့်တွေ အမြဲတမ်း ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ မိနစ် ၉၀ လုံး ဒီလို မကစားနိုင်တာ ဖြစ်ပြီး စီးတီးလို အသင်းနဲ့ ရင်ဆိုင်ရမှာ ဒါဟာ ကျွန်တော့်ကို စိတ်ပူစေပါတယ်။ Elland Road မှာ အရမ်းကောင်းတဲ့ atmosphere ကို မြင်တွေ့ရမှာပါ။ ဒါပေမယ့် လိဒ်တို့ ဒီပွဲကနေ ဘာမှရမှာ မဟုတ်ပါဘူး။

ခန့်မှန်းချက် : လိဒ် ၀-၄ မန်စီးတီး

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ
ပဲလေ့စ် ၂-၁ ဖူဟမ်
အဲဗာတန် ၁-၀ လိဒ်
လက်စတာ ၁-၂ နယူးကာဆယ်
ဆောက်သမ်တန် ၂-၂ ဘရိုက်တန်

SM