အာဆင်နယ် အသင်းကို ကြိုက်နှစ်သက်ကြောင်း ဖွင့်ဟလာတဲ့ ချဲလ်ဆီး ၊ မန်ယူနိုက်တက် တို့ရဲ့ ပစ်မှတ် ကစားသမား

 

ချဲလ်ဆီး နှင့် မန်ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရာဖေးလ် လီယောင်း က သူ့ရဲ့ ရည်မှန်းချက် က ပရီးမီးယားလိဂ် မှာ ကစားရဖို့ ဖြစ်ပေမယ့် လက်ရှိ အချိန်မှာတော့ အေစီမီလန် အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်ပါတယ် ။

 

၂၀၁၉ ခုနှစ်က စပြီး အေစီမီလန် အသင်း နဲ့ အတူ တောက်ပ လာခဲ့တဲ့ လီယောင်း ဟာ မန်ယူနိုက်တက် ၊ ချဲလ်ဆီး တို့ရဲ့ အဓိက ပစ်မှတ် ကစားသမား အဖြစ် သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ် ။ လီယောင်း ဟာ လိုင်လီ အသင်းကနေ အေစီမီလန် အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း နဲ့ ပြောင်းရွှေ့ ခဲ့သူပါ ။

ပေါ်တူဂီ ကြယ်ပွင့် လီယောင်း ဟာ အေစီမီလန် အသင်း အတွက် သုံးရာသီဆက် ပွဲ ၄၀ နှင့် အထက် ကစားထားသူ ဖြစ်ပြီး စုစုပေါင်း ၃၅ ဂိုး သွင်းယူ ထားပါတယ် ။ လီယောင်း က အေစီမီလန် အသင်း နဲ့ စာချုပ် သက်တမ်းကုန်မှပဲ သူ့ရဲ့ အနာဂတ် ကို စဉ်းစား သွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး သူ့ရဲ့ စာချုပ် သက်တမ်းဟာ နောက်ရာသီ အကုန်မှာ ပြည့်မှာ ဖြစ်ပါတယ် ။

လီယောင်း က RDP Africa မှာ ပရီးမီးယားလိဂ် မှာ ကစားဖို့ စိတ်အားထက်သန်မှု ရှိသလား ဆိုတဲ့ မေးခွန်းကို ” ဒါပေါ့ဗျာ ၊ အနာဂတ်မှာ ကစားချင်ပါတယ် ။ ဒါပေမယ့် အခု အချိန်မှာတော့ အေစီမီလန် အသင်း အတွက်ပဲ ရာနှုန်းပြည့် အာရုံစိုက်ထားပါတယ် ။ ကျနော် က ထိပ်တန်း အသင်း တစ်သင်းမှာ ကစားနေတာ ဖြစ်ပြီး စာချုုပ် သက်တမ်းလည်း ရှိနေပါသေးတယ် ။ ”

” နောက်ပြီး မီလန်မြို့ကိုလည်း ကျနော် ကြိုက်နှစ်သက်ပါတယ် ။ ” ချဲလ်ဆီး အသင်းဟာ လီယောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပေါ်တူဂီသားကတော့ ချဲလ်ဆီး ရဲ့မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်းဟာ သူ နှစ်ခြိုက် သဘောကျတဲ့ အသင်း ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

” ဒီနှစ် အတွင်း ကျနော် ပွဲတွေ အတော်များများ ကြည့်ဖြစ်ပါတယ် ။ ပြောရရင် ကျနော် အာဆင်နယ် အသင်း ကို ကြိုက်ပါတယ် ၊ သူတို့ ကစားတာ အတော်လေး ကောင်းတယ်လို့ ထင်ပါတယ် ။ ” လို့ ဆိုသွားခဲ့ပါတယ် ။

 

အာဆင်နယ် အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်​ပေး ဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ၅ မှတ် ဖြတ်ထား နိုင်ပါတယ် ။အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပြန်လည် စတင်ချိန်မှာ ဝက်စ်ဟမ်း အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ် ။

SM