ခရစ္စမတ် အတွက် ဆုမွန်ကောင်း တောင်းပေးရင်း ဘာလက်ဆောင် ပေးမလဲဆိုတာ ထုတ်ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ပရိသတ်တွေဆီ ခရစ္စမတ် ဆုတောင််း ပို့လိုက်ပြီး လက်ဆောင် အဖြစ် ပွဲကြီးပွဲကောင်း တစ်ပွဲအတွက် လက်မှတ် တစ်စောင် လက်ဆောင် ပေးဖြစ်မယ်လို့ ဟာသလုပ် ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ ဖလား အလွန်မှာ ကာရာဘောင် ဖလား round 4 ပွဲစဥ် အဖြစ် ဘန်လေ အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အဲရစ်ဆင် ၊ ရပ်ရှ်ဖို့ တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ယူကာ နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြန်လည် ကစားရတော့မှာဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ဗုဒ္ဓဟူးနေ့ နံနက် 2:30 မှာ ကစားရမှာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာလဲ ယူနိုက်တက်ဖက်မှ ကစားသမားတွေ အစုံအလင် ပါဝင်နိုင်ခြေ မရှိသေးပါဘူး ။

အဲ့ဒီနောက် ယူနိုက်တက် တို့ဟာ ဒီနှစ်ရဲ့ နောက်ဆုံးပွဲစဥ် အဖြစ် ဒီဇင်ဘာ 31 ရက်နေ့မှာ ဝုလ်ဗ် အသင်းနဲ့ ကစားရဖို့ ရှိနေပြီး နှစ်သစ်ရဲ့ ပထမဆုံး ပွဲစဥ် အဖြစ် ဇန်နဝါရီလ 3 ရက် နေ့မှာ ဘုန်းမောက် အသင်းနဲ့ ဆက်လက် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ အလုပ်တွေ များဖို့ ရှိနေတဲ့ ယူနိုက်တက် နည်းပြ တန်ဟတ် က MEN နဲ့ အင်တာဗျူး အစီအစဥ်မှာ ခရစ္စမတ််၊ နှစ်သစ်အတွက် ပရိသတ်တွေဆီ ဆုမွန်ကောင်းတွေ တောင်းပေးရင်း လက်မှတ် တစ်စောင် လက်ဆောင်ပေးမယ်လို့ ဟာသလုပ်ခဲ့လိုက်ပါတယ် ။

” ပွဲကြီးပွဲကောင်း တစ်ပွဲအတွက် လက်မှတ် တစ်စောင်ပေါ့ဗျာ ။ မန်ချက်စတာ ယူနိုက်တက် ပါဝင် ကစားတဲ့ ပွဲပေါ့ ”

” အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရစ္စမတ် နဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်သစ် ပိုင်ဆိုင်ကြပါစေလို့ပဲ ကျွန််တော် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။ ဒီကာလ မှာ ခွန်အားတွေ မွေးရင်း ချစ်တဲ့သူတွေနဲ့ အချိန်တွေ ကုန််ဆုံးခွင့် ပိုင်ဆိုင်နိုင်ကြပါစေ ”

” တစ်ဦးကို တစ်ဦး အချစ်တွေ အများကြီး ပေးရင်းနဲပဲ နှစ်သစ် ကျန်းမာ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ ။ ချစ်စရာကောင်းပြီး ငြိမ်းချမ်းတဲ့ 2023 ကို ပိုင်ဆိုင်နိုင်ကြပါစေ ” လို့ တန်ဟတ် က ဆုမွန်ကောင်း တောင်းပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar