မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဘယ်နေရာ ပြသနာ ဖြစ်နေလဲဆိုတာ ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂယ်ရီ နဗီးလ် ကတော့ နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ မကြာခင် ရက်စွဲတွေမှာ ဗဟို ခံစစ်ပိုင်း နေရာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကြုံတွေ့သွားဖွယ် ရှိနေကြောင်း ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

မကြာသေးခင်က ကစားခဲ့ကြရတဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဦးစားပေး ခံစစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ လီဆန်ဒရို မာတီနက်ဇ် နဲ့ ရာဖေးလ် ဗာရန်း တို့ဟာ ဗိုလ်လုပွဲမှာ ထိပ်တိုက် ဆုံတွေ့ခဲ့ကြပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ မာတီနက်ဇ် ရဲ့ အာဂျင်တီးနား အသင််းဟာ ဗာရန်း ရဲ့ ပြင်သစ် လက်ရွေးစင် အသင်းကို ပင််နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ ချန်ပီယံ ဆိုတဲ့ ဘွဲ့ထူးကြီးကို ပိုင်ဆိုင်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် အကျိုးဆက် တစ်ခု အဖြစ် ကမ္ဘာ့ ဖလား ဖိုင်နယ် ကစားခဲ့ကြတဲ့ ကစားသမားတွေဟာ အားလပ်ရက်တွေ ကိုယ်စီ ပိုင်ဆိုင်သွားခဲ့ကြရပါတယ် ။ ဒါ့ကြောင့် အခုချိန် ကလပ်ပွဲတွေ ပြန်လည် စတင်တဲ့အခါမှာ ယူနိုက်တက် အတွက် မာတီနက်ဇ် နဲ့ ဗာရန်း တို့ မပါဝင်ခဲ့ကြရပါဘူး ။

အခြားတဖက်မှာတော့ နောက်ထပ် ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်တဲ့ ဟယ်ရီ မက်ဂွားယား ဟာ နေမကောင်း ဖြစ်နေ​ခဲ့ကြောင်း နည်းပြ အဲရစ် တန်ဟတ်က အတည်ပြုခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ဗဟို ခံစစ် နေရာအတွက် ကစားပေးနိုင်သူ အဖြစ် ဖီးလ် ဂျုံးစ် နဲ့ လင်ဒီလော့ဖ် တို့ပဲ ရှိနေကြပါတော့တယ် ။

ဒါ့ကြောင့် ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ ဘန်လေး အသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင် ဖလား round 4 ပွဲစဥ်တုန်းက ဗဟိုခံစစ် နေရာမှာ ဗစ်တာ လင်ဒီလော့ဖ် နဲ့ ကာစီမီရို အတွဲကို ထုတ်သုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် က နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ လာမယ့် ပွဲစဥ်တွေမှာ ဒီနေရာ နဲ့ ပတ်သက်လို့ ပြသနာ အကြီးကြီး ကြုံတွေ့ရဖို့ ရှိနေကြောင််း ၊ ကစားသမား နှစ်ဦး နှစ်ပါတ်လောက် အနားယူတာနဲ့ မက်ဂွားယား ဖျားနာတာက အခက်အခဲတွေ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူတို့ဟာ ဗဟို ခံစစ် နေရာမှာ ပြသနာ အကြီးကြီး ကြုံနေပုံ ပေါ်နေခဲ့ကြပါတယ် ။ မာတီနက်ဇ် ကတော့ အနည်းဆုံံး နှစ်ပါတ်လောက် အနားယူလိမ့်မယ် ပုံစံမျိုး ပေါ်လွင်နေပါတယ် ။ ဗာရန်းလည်း ဒဏ်ရာရခဲ့ပြီး ဘယ်တော့ ပြန်လည်် ကစားပေးနိုင်မလဲဆိုတာ မသေချာလှပါဘူး ”

” အကယ်လို့ ဟယ်ရီ မက်ဂွားယားပါ ဆက်လက် ဖျားနာ နေဦးမယ်ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဥ်တွေမှာ တကယ့်ကို အားနည််းတဲ့ ခံစစ် တစ်ခုကို ပိုင်ဆိုင်သွားရမှာ အသေအချာပါပဲ ” လို့ ဂယ်ရီ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar