ပေါ်တူဂီ ကြယ်ပွင့် ကို မခေါ်သင့်ကြောင်း အာဆင်နယ် အသင်းထံ အကြံဉာဏ် ပေးလိုက်တဲ့ လီဗာပူး ဂန္တဝင်

လီဗာပူး အသင်း ရဲ့ ဂန္တဝင်ကစားသမား စတိဗ် နီကိုးလ် က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အက်သလက်တီကို မက်ဒရစ် အသင်း ရဲ့ ကြယ်ပွင့် ယာအို ဖီးလစ် ကို မခေါ်ယူသင့်ကြောင်း ပြောကြား လိုက်ပါတယ် ။

 

ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဟာ လက်တစ်လောမှာစပါး ၊ အက်စတန်ဗီလာ အသင်း တို့ နဲ့ သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ် ။ နီကိုးလ် ကတော့ ဘင်ဖီကာ ကစားသမားဟောင်း ဖီးလစ် ဟာ အာဆင်နယ် အသင်း ခေါ်ယူ သင့်တဲ့ ကစားသမား တစ်ဦး မဟုတ်ကြောင်း HITC မှာ ပြောကြား သွားခဲ့ပါတယ် ။

နီကိုးလ် က အာဆင်နယ် အသင်း ရဲ့ ကစားကွက် နဲ့ ဖီးလစ် ဟာ အံ့ဝင်ခွင်ကျ ဖြစ်မယ့်သူ မဟုတ်ကြောင်း ဆိုလိုက်ပြီး ၊ ပေါ်တူဂီ သား ကိုသာ ခေါ်လိုက်ရင် ကပ္ပတိန် အော်ဒီဂတ် အပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း သတိပေး သွားခဲ့ပါတယ် ။

” ဖီးလစ် ကိုသာ ခေါ်ရင် အော်ဒီဂတ် ပျော်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး ။ သူ ပျော်လိမ့်မယ်လို့ ခင်ဗျားတို့ သိလား ? ဖီးလစ် က အာဆင်နယ် နဲ့ သင့်တော်မယ့် ကစားသမားလို့ မမြင်ပါဘူး ၊ အာဆင်နယ် အသင်း အခု သွားနေတဲ့ လမ်းကြောင်း ကို ကျနော် သဘောကျပါတယ် ။ ”

” ဂျေးဇု ဒဏ်ရာ ရသွားတာက အာဆင်နယ် အသင်း အတွက်တော့ မကောင်းပါဘူး ၊ ဒါပေမယ့် အာဆင်နယ် အသင်း လုပ်ပြထားနိုင်တဲ့ အရာတွေ အားလုံးကို ခြုံကြည့်လိုက်ရင်တော့ မှန်ကန်မှု ရှိနေတာ တွေ့ရပါတယ် ၊ ယာအို ဖီးလစ် သာ အာဆင်နယ် အသင်းကို ရောက်လာရင် အသင်းအပေါ် ရိုက်ခတ်မှု အနည်းငယ် ရှိလာပါလိမ့်မယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

 

ယာအို ဖီးလစ် ဟာ အက်သလက်တီကို မက်ဒရစ် နည်းပြ ဆီမြွန်နီ နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ ဆန္ဒ ပြင်းပြ နေသူ ဖြစ်ပါတယ် ။ ဖီးလစ် ဟာ ၂၀၁၉ ခုနှစ်မှာ ဘင်ဖီကာ အသင်းကနေ အေတီကို အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်း နဲ့ ရောက်ရှိ လာသူပါ ။

အသက် ၂၃ နှစ် အရွယ် ဖီးလစ် ဟာ အက်သလက်တီကို မက်ဒရစ် အသင်း အတွက် ပြိုင်ပွဲစုံ ၁၂၉ ပွဲ ကစားပြီး သွင်းဂိုး ၃၃ ဂိုး ၊ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ် ထားပါတယ် ။

SM