ကွာတားတက်တဲ့ မန်ချက်စတာ ၊ ဒဏ်ရာသတင်းတွေ အပြောင်းအရွှေ့ကိစ္စတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

 

မနေ့ ညက ကစားခဲ့တဲ့ ခါရာဘောင် ဖလား ၁၆ သင်းဆင့် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ စီးတီး ဟာ လီဗာပူး ကို အကျိတ်အနယ် ကစားပြီး ၃-၂ နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

ကွာတားဖိုင်နယ်ဆင့် မဲခွဲမှု မှာတော့ မန်စီးတီး ဟာ ဆောက်သမ်တန် နဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပြီး မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက် ကတော့ ချာတန် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

အခြား ကွာတားပွဲစဉ်တွေမှာတော့ နယူးကာဆယ် က လက်စတာ ကို ဧည့်ခံ ရမှာ ဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ် ကတော့ ဝုဗ် အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ်တွေ ကို လာမယ့် ဇန်နဝါရီ ၉ ရက်နေ့မှာ ယှဉ်ပြိုင် ကစား သွားကြမှာပါ ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် နွေရာသီမှာ အမေရိကန် နိုင်ငံ ကို ရာသီကြို ပြင်ဆင်မှု အဖြစ် ခရီးထွက်ခွာ မယ်လို့ သိရပါတယ် ။

 

အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ဟာ စပါး နဲ့ နိစ် ( nice ) အသင်းတို့ ခြေစမ်းပွဲ မှာ အသင်းဆီ ပြန်လည် ပူးပေါင်း ခဲ့ပြီး စပါး ရဲ့ ပရီးမီးယားလိဂ် ပွဲတွေ အတွက် အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြသသွားခဲ့ ပါတယ် ။

ဆီဗီးလား အသင်းဟာ ကမ္ဘာ့ဖလား မှာ ပုံစံကောင်းတွေ ပြခဲ့တဲ့ ဂိုးသမား ဘိုနို ကို လက်လွှတ် ရနိုင်ချေ ရှိတာကြောင့် အစားထိုးမယ့် ဂိုးသမားတွေကို စာရင်း ပြုစု နေပြီလို့ ကြားသိရ ပါတယ် ။

မန်စီးတိး ခံစစ်မှူး ရူဘင် ဒီယာ့စ် ဟာ ကမ္ဘာ့ဖလား ကာလမှာ ရရှိ ခဲ့တဲ့ ဒဏ်ရာကြောင့် တလ နီးပါး အနားယူရဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

လီဗာပူး တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို ဟာလည်း ပေါင်ခြံ ဒဏ်ရာကြောင့် မနေ့ညက မန်စီးတီး နဲ့ ပွဲကို လွဲချော် ခဲ့တယ်လို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး ခံစစ်မှူး ဝီစလေ ဖိုဖာနာ ဟာလည်း ဘရန့်ဖိုဒ့် နဲ့ ကစားတဲ့ ခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရရှိ သွားခဲ့ပြီး ရက်သတ္တပတ် နဲ့ချီအောင် နားရဖို့ ရှိနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

လီယွန်နယ် မက်ဆီ ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်း ဖြစ်တဲ့ လူးဝစ် ဆွာရက် နဲ့ သူ့ရဲ့ မိသားစုဟာ မက်ဆီ တို့ မိသားစု နဲ့ အတူ ခရစ္စမတ် နဲ့ နှစ်သစ်ကူး ကာလ ကို ဖြတ်ကျော် ကုန်ဆုံးဖို့ အတွက် အာဂျင်တီးနား ကို ရောက်ရျိ လာခဲ့ပြီလို့ သိရပါတယ် ။

လက်စတာ စီးတီး နည်းပြဟောင်း ကလော်ဒီယို ရာနီရေးနီ ဟာ အီတလီ စီးရီးဘီ ကလပ် ကာဂလီယာလီ ကို နည်းပြ အဖြစ် ကိုင်တွယ်ဖို့ နီးစပ် နေပြီလို့ ကြားသိရ ပါတယ် ။

ရာနီရေးနီ ဟာ ကာဂလီယာလီ ကို ၁၉၈၀ ဝန်းကျင်နှစ်တွေမှာ ကိုင်တွယ် ခဲ့ဖူးပြီး ဆက်တိုက် တန်းတက်အောင် စွမ်းဆောင်ပေးခဲ့ဖူးပါ တယ် ။ အခုတခါ ကတော့ အီတလီသားကြီးရဲ့ ဒုတိယ မြောက် အိမ်ပြန် ခရီး ဖြစ်ခဲ့ ပါတယ် ။

ချဲလ်ဆီး ကို ယာယိကိုင်တွယ်ပြီး ချန်ပီယံလိဂ်မှာ ဒုတိယဆု ရယူပေးခဲ့ဖူးတဲ့ နည်းပြ အေဗန် ဂရန့် ကတော့ အာဖရိက နိုင်ငံ တခု ဖြစ်တဲ့ ဇမ်ဘီယာ အသင်းရဲ့ လက်ရွေးစင် နည်းပြ အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ် ခံခဲ့ရတယ် လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ သူတို့ နှစ်စဉ် ပြုလုပ်နေကျ အတိုင်း မန်ချက်စတာ ဒေသတွင်းက ဆေးရုံတွေကို သွားရောက်ကာ ခရစ္စမတ် လက်ဆောင်တွေ ကို ပေးအပ် ခဲ့ကြတယ်လို့ သိရပါတယ် ။

 

နယူးကာဆယ် တိုက်စစ်မှူး အလန် စိန့် မက်ဆီမင် ဟာ ပြင်သစ် တိုက်စစ်မှူး မားကပ်စ် သူရမ် ကို နယူးကာဆယ်ဆီ လာရောက် ကစားစေလိုပြီး အခြား အသင်းတွေရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ်ဖို့ အကြံပေး တိုက်တွန်းထားကြောင်း ကြားသိရ ပါတယ် ။

ပိုလန် လက်ရွေးစင် အသင်း နည်းပြ Czeslaw Michniewicz ဟာ နည်းပြ ရာထူးကနေ ထွက်ခွာတော့မယ်လို့ သိရှိရ ပါတယ် ။

 

ပရိသတ်တွေရဲ့ မြင်ကွင်း ကနေ ကာလ အတန်ကြာ ပျောက်ကွယ် နေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ယမန်နေ့ မှာ ရေကူးရင်း အားဖြည့်နေတဲ့ ဓါတ်ပုံကို ဆိုရှယ် မီဒီယာပေါ် တင်ကာ သူ ပြန်လာပြီ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR