မက်ဆီ နဲ့ ရှေ့ဆက်မယ့် PSG ၊ အိမ်ပြန်ချင်တဲ့ ဘရာဇီးသား ၊ နိုင်ပွဲရတဲ့ မန်ယူနိုက်တက် တို့နဲ့ . . . နံနက်ခင်းအားကစားသတင်းများ

 

 

ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ လီယွန်နယ် မက်ဆီ ကို ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးဖို့ နှုတ်သဘောတူညီမှု ရရှိ ခဲ့ပြီလို့ မနေ့ ညပိုင်းက သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

 

မက်ဆီ ဟာ လက်ရှိ မှာ အာဂျင်တီးနား အသင်းနဲ့ ကမ္ဘာ့ဖလား အောင်ပွဲခံ အခမ်းအနားကို ပြုလုပ် နေပြီး PSG ကို ဘယ်အချိန် ပြန်လာမလဲ ဆိုတာ မသိရသေးပါဘူး ။

အက်စတွန် ဗီလာ ကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ညို ဟာ အင်္ဂလိပ် ကလပ် ကနေ ထွက်ခွာပြီး မိခင် နိုင်ငံ ဘရာဇီး ကို ပြန်ဖို့ ဆန္ဒ ရှိနေပါတယ် ။

ကော်တင်ညို ကို ဘရာဇီး ကလပ် ကိုရင်သီယန် က ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း ကြားသိရ ပါတယ် ။

ဘုန်းမောက် အသင်းသား အချို့ဟာ ဖျားနာမှု ရှိနေကြပြီး လာမယ့် ချဲလ်ဆီး နဲ့ ပရီးမီးယားလိဂ် ပွဲအတွက် အဆင်သင့် ဖြစ်ဖို့ ခဲယဉ်းနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

အင်္ဂလန် အမျိုးသမီး အသင်းဟာ ဘီဘီစီ သတင်းဌာန ရဲ့ Sports Personality of the Year ဆုပေးပွဲမှာ အကောင်းဆုံး အသင်းဆု ကို ဆွတ်ခူး သွားခဲ့ ပါတယ် ။ အင်္ဂလန် အမျိုးသမီး အသင်းဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲ ထားခဲ့တဲ့ အသင်းပါ ။ နည်းပြ ဝစ်ဂ်မန်း ဟာလည်း တနှစ်တာ အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့ ပါတယ် ။ ယူရို မှာ ဂိုးသွင်းခြေစွမ်းပြ ခဲ့တဲ့ အင်္ဂလန် အမျိုးသမီး တိုက်စစ်မှူး ဘတ်မိသ် ဟာလည်း တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပါတယ် ။

အက်သလက်တီကို မက်ဒရစ် ရဲ့ မက်သီးယပ်စ် ကွန်ဟာ ဟာ ဝုဗ် အသင်းထံ အခု အပတ်ထဲမှာ ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ခံယူတော့မယ်လို့ သိရပါတယ် ။

ဝုဗ် ဟာ ကွန်ဟာ ကို အငှား + ပေါင် သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ စီစဉ်ထားတာ ဖြစ်ပါတယ် ။

လက်စတာ စီးတီး အသင်းဟာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အသင်းနဲ့ ခြေစွမ်းပြ ခဲ့တဲ့ အူနာဟီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။ ဒါ့အပြင် လက်စတာ ဟာ အတ္တလန်တာ မှာ ကစားနေတဲ့ ဂျရမီး ဘိုဂါ ကိုလည်း အငှား ခေါ်ယူဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ စပါး ၊ ချဲလ်ဆီး နဲ့ လီဗာပူး အသင်းတို့ဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ် နဲ့ ပါဝင် ကစားခဲ့တဲ့ ယူဗင်တပ် ကွင်လယ်လူ ရာဘီယော့ ကို အပြိုင် စိတ်ဝင်စား နေတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ကတော့ ဘရိုက်တန် ကွင်းလယ်လူ မက် အလစ်စတာ ကို ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သိရပါတယ် ။

ရီးရဲ ကွင်းလယ်လူဟောင်း အစ္စကို ကတော့ ဆီဗီလား အသင်းနဲ့ စာချုပ် ကို ၂ ဦး ၂ ဘက် သဘောတူ ဖျက်သိမ်းဖို့ သဘောတူလိုက်ကြပြီ ဖြစ်ပါတယ် ။

 

ချဲလ်ဆီး ဟာ ဗာစကိုဒဂါးမားစ် အသင်းမှာ ကစားနေတဲ့ ၂၀၀၄ ခုနှစ်ဖွား ဘရာဖီးသားလေး အန်ဒရီ ဆန်းတိုစ့် ကို ခေါ်ယူနိုင်ဖို့ နီးစပ် နေပြီလို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြသွားခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ ဆန်းတိုစ့် အတွက် ယူရို သန်း ၂၀ နဲ့ အထက် ပေးချေ ရဖွယ်ရှိနေပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် ဟာ ကစားပွဲတွေ ပြန်လည် မစတင်ခင်မှာ ဘောလုံးသမားတွေ နဲ့ နည်းပြတွေရဲ့ ဒိုင်တွေ အပေါ် အပြင်းအထန် ဖိအားပေး ပြောဆိုမှုတွေ နဲ့ ပတ်သက်ပြီး ကလပ် အသင်းတွေကို သတိပေးပြောဆို ထားတယ်လို့ သိရပါတယ် ။

 

မနေ့ ညက ကစားခဲ့တဲ့ ခါရာဘောင် ဖလား ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဘန်လေ အသင်းကို ၂-၀ နဲ့ အနိုင် ကစားကာ ကွာတားဖိုင်နယ် ကို တက်လှမ်း သွားခဲ့ ပါတယ် ။ ယူနိုက်တက် အတွက် အဲရစ်ဆင် နဲ့ ရက်ဖိုဒ့် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြပါတယ် ။

အခြားပွဲစဉ်တွေ မှာတော့ ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန် ဟာ လိဂ်ဝမ်း က ချာတန် အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာ သွားခဲ့ရ ပါတယ် ။

 

SPORTS MYANMAR