လာမယ့် ဇန်နဝါရီမှာ အာဆင်နယ် အသင်း အဓိက ပစ်မှတ်ထား ခေါ်ယူ သွားမယ့် ကစားသမား နာမည် ထွက်ပေါ်လာ

 

အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရှက်တာဒိုးနက် အသင်း ရဲ့ ယူကရိန်း တောင်ပံ ကစားသမား မူဒရစ်ဒ် ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူဖို့ ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖာဘရစ်ဇီယို ရိုမာနို က အတည်ပြု ပြောကြား လိုက်ပါတယ် ။

ရိုမာနို က Podcasttherewego မှာ ” အာဆင်နယ် က မူဒရစ်ခ် ကို ခေါ်ယူ နိုင်ရေး ကြိုးပမ်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ် ။ ကစားသမား ရဲ့အေးဂျင့် နဲဲ့လည်း တိုက်ရိုက် ဆက်သွယ် ပြောဆိုမှုတွေ လုပ်ထားပါတယ် ၊ ရှက်တာ အသင်း နဲ့ သဘောတူညီမှု ရမရပဲ စောင့်ကြည့်ဖို့ ကျန်တယ်လို့ မြင်ပါတယ် ။ ”

” မူဒရစ်ဒ် က အာဆင်နယ် အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဆိုတာကတော့ သေချာပါတယ် ။ ဆွေးနွေးမှုတွေ ကတော့ ဆက်လက် လုပ်ဆောင် နေဆဲပါ ၊ ထူးခြားတဲ့ အခြေအနေ မရှိသေးသလို အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့လည်း မနီးစပ်သေးပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရှက်တာဒိုးနက် အသင်းဟာ မူဒရစ်ဒ် အတွက် အနိမ့်ဆုံး ယူရို သန်း ၁၀၀ ဈေးသတ်မှတ် ထားပေမယ့် စိတ်ဝင်စားနေကြတဲ့ အသင်းတွေကတော့ အဲ့ထက် နည်းတဲ့ ပမာဏ နဲ့ ကမ်းလှမ်းလာရင်လည်း ရှက်တာ ဘက်က လက်ခံမှာ ဖြစ်တယ်လို့ သိရှိ နားလည် ထားကြပါတယ် ။

မူဒရစ်ဒ် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ် နှင့် အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ကစားဖို့ကို စိတ်အား ထက်သန်လျှက် ရှိနေပါတယ် ။ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မူဒရစ်ခ် ဟာ ဇင်ချန်ကို ရဲ့ဇနီး ဖြစ်သူ Vlada Sedan နဲ့ အင်တာဗျုးတွင် အာဆင်နယ် အသင်းမှာ ကစားချင်ကြောင်း ပြောကြား ခဲ့ဖူးပါတယ် ။ ” ဒါပေါ့ဗျာ ၊ MyScore ကနေ အာဆင်နယ် အသင်းကို စောင့်ကြည့် ဖြစ်ပါတယ် ၊ အာဆင်နယ် အသင်း ကစားတဲ့ အချိန်တိုင်း စောင့်ကြည့် ဖြစ်ပါတယ် ။ ”

” အာဆင်နယ် က ရွေ့လျားအား ကောင်းတဲ့ အသင်း တစ်သင်းပါ ၊ ယေဘုယျ ပြောရရင် ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်ရုံတင်မကပါဘူး ၊ ဂိုးတွေလည်း သွင်းနိုင်တဲ့ အသင်း ပါ ။ ရီးယဲလ်မက်ဒရစ်မှာ အရန် ကစားသမား အဖြစ် နေမလား ၊ အာဆင်နယ် အသင်း ရဲ့ ပွဲထွက် ကစားသမား ဖြစ်ချင်သလား ဆိုရင် ကျွန်တော်ကတော့ အာဆင်နယ် ရဲ့ ပွဲထွက် ကစားသမားပဲ ဖြစ်ချင်ပါတယ် ။ ”

” ဒါပေမယ့် ဒီမေးခွန်းက ဖြေရ ခက်ပါတယ် ၊ အဘက်ဘက်က စဉ်းစားပြီးမှ ကျွန်တော် ဆုံးဖြတ်ချက် ချသွားမှာပါ ။ အရင်ဦးဆုံး ကျွန်တော့်ကို အသင်းမှာ ပွဲထွက် ကစားခွင့် အာမခံချက် ပေးနိုင်သလား ဆိုတာ သိချင်ပါတယ် ၊ နောက်ပြီး ကျွန်တော့်ကို အသင်းမှာ ဘယ်လို မြင်ထားသလဲ ဆိုတာကို မန်နေဂျာ ဆီက တိုက်ရိုက် ကြားသိချင်ပါတယ် ။ ”

” ကျွန်တော့်ရဲ့ နောက်ထပ် အသင်းသစ်ကို ရွေးချယ်ရာမှာ အသင်းရဲ့ကစားဟန် က အရေးပါပါတယ် ။ အဲ့ဒါက ကျွန်တော့် အတွက် သိပ်ကို အရေးကြီးပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။

SM