ခြေစွမ်းကောင်း ပြသထားခဲ့ကြတဲ့ ကစားသမား နှစ်ဦးဟာ ယူနိုက်တက်အတွက် ကစားပေးဖို့ လုံလောက်စွာ မကောင်းကြဘူးလို့ ပြောလိုက်တဲ့ အာဆင်နယ် ဂန္တဝင်

 

အာဆင်နယ် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်သူ ဝီလီယံ ဂါးလက်စ် က မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာ ပရီးမီးယားလိဂ် ထိပ်သီး 6 သင်းမှာ ကစားပေးဖို့ လုံလောက််စွာ မကောင်းဘူးလို့ ပြောခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဟာ ဒီရာသီမှာတော့ စိတ်ပျက်ဖွယ် ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ထားခဲ့ရပြီး အသင်း အတွက်် ပြိုင်ပွဲစုံ 9 ပွဲသာ ကစားပေးခွင့် ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပုံစံကောင်း မပြနိုင်ခဲ့တဲ့ အတွက် မာတီနက်ဇ် ၊ ဗာရန်း တို့ရဲ့နောက် ရောက်ခဲ့ရပါတယ် ။

ဒါပေမဲ့ သူဟာ ဂါးရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန် လက််ရွေးစင် အသင်းမှာ အရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့ ဖလား ပြိုင််ပွဲ အတွင်း မိနစ်တိုင်း ပွဲထွက် ကစားခွင့် ရရှိခဲ့ကာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အတွက် ချီးကျူးမှုတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ဖြစ််သူ ဂါးလက်စ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဟယ်ရီ မက်ဂွားယား အတွက်တော့ တကယ့်ကို ကြီးမားလွန်းတဲ့ ကလပ် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် က မက်ဂွားယား အတွက် အရမ်းကို ကြီးမားတဲ့ ကလပ် အသင်း ဖြစ်နေခဲ့ရပါတယ် ။ ဒါ့ကြောင့် သူ ခြေစွမ်းကောင်း မပြနိုင်ခဲ့တာပါ ။ တော့တင်ဟမ် တောင် ခံစစ်မှာ သူ့ကို လိုချင်ပါ့မလားဆိုတာကို ကျွန်တော် သေချာပေါက် မပြောရဲပါဘူး ”

 

” သူတို့ ခံစစ်မှူးတစ်ဦး လိုအပ်နေပါတယ် ။ ဒါပေမဲ့ မက်ဂွားယားက သူ့တို့အတွက် လုံလောက်စွာ ကောင်းမွန်မှာ မဟုတ််ပါဘူး ။ သူဟာ အသက် 30 ရှိပါတော့မယ် ။ ပြီးရင် အခြားသော ခံစစ်မှူးတွေလောက် မြန်နှုန်းလည်း ရှိနေခဲ့တာ မဟုတ်ပါဘူး ”

” သူဟာ အသက်ကြီးလေလေ မြန်နှုန်းတွေ လျော့လေလေ ဖြစ်ဦးမှာပါပဲ ။ တောတင်ဟမ် က အသက်ငယ်ပြီး အနာဂတ် အတွက် ကစားပေးနိုင်မယ့်သူမျိုးပဲ ရွေးချယ် သွားမှာပါ။ သူတို့အနေနဲ့ မက်ဂွားယားထက် ဂဗာဒီယိုးလ် ကို ခေါ်ယူသင့်ပါတယ် ” လို့ ဂါးလက်စ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပုံစံကောင်းတွေ ပြန်လည်ပြသလာနိုင်ခဲ့တဲ့ တိုက်စစ်် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ကလည်း psg အသင်းဆီ ပြောင်းနိုင်လောက်အောင်အထိ ခြေစွမ်းကောင််း မပိုင်ဆိုင်ထားကြောင်း ဂါးလက်စ်က ဆက်လက် ပြောခဲ့လိုက်ပါတယ် ။

” ရပ်ရှ်ဖို့ PSG အသင်းဆီကို ပြောင်းဖို့က မဖြစ်လာနိုင်ပါဘူး ။ သူဟာ ရာသီစကတည်းက လုံလောက်စွာ ကောင်းမွန််ကြောင်း မပြသနိုင်ခဲ့သေးပါဘူး ။ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် စတင် ကစားပေးခဲ့စဥ်တုန်းကတော့ မကောင်းပြနိုင်သေးပါဘူး

” သူ့ရဲ့ စွမ်းဆောင်ရည်က လုံးဝကို ခြားနားလှပါတယ် ။ PSG မှာလည်း ဒီနေရာအတွက် ကစားသမားကောင်းတွေ ရှိနေပါတယ် ။ သူတို့တွေ ရပ်ရှ်ဖို့ ကို မလိုအပ်ပါဘူး ” လို့ ဂါးလက်စ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ််ပါတယ် ။

#Sports_Myanmar