မက်ဆီရဲ့ အချိန်ပို သွင်းဂိုးကို ခွင့်မပြုခဲ့သင့်ဘူးလို့ ဥပဒေသတွေနဲ့ ကိုးကား ​ဖော်ပြလိုက်တဲ့ နာမည်ကြီး သတင်းစာ

 

မနေ့ညကတော့ ကာတာမြေပေါ်မှာ အာဂျင်တီးနား လက််ရွေးစင် အသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ ဖိုင်နယ် ပွဲစဥ် ကစားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ 4 – 2 ဆိုတဲ့ ရလဒ်နဲ့ အတူ အာဂျင်တီးနား တို့ ဆုဖလား ဆွတ်ခူးသွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ အာဂျင်တီးနား အသင်းဟာ ပထမပိုင်းမှာပဲ မက်ဆီ ၊ ဒီမားရီးယား တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲစဥ်ကို စောစီးစွာ ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အမ်ဘာပေ က နှစ်ဂိုး ပြန်လည် သွင်းယူပြီး ခြေပသွားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် အချိန်ပို မိနစ် 30 ကစားခဲ့ရပြီး 108 မိနစ်မှာ မက်ဆီ ၊ 118 မိနစ် မှာ အမ်ဘာပေ တို့က တစ်ဂိုးစီ ဆက်လက်် သွင်းယူခဲ့ကြတဲ့ အတွက် ပွဲစဥ်ဟာ 3-3 ဆိုတဲ့ ရလဒ်် ထွက်ပေါ်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် ဆက်လက် ခံယူခဲ့ရပါတယ် ။

ပင်နယ်တီမှာတော့ အာဂျင်တီးနား ဖက်မှ မက်ဆီ ၊ ဒိုင်ဘာလား ၊ ပါရီဒက်စ် ၊ မွန်တီယယ် တို့က ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ပြင်သစ်ဖက်မှ အမ်ဘာပေ ၊ မူအာနီ တို့က ဂိုးပြီး ကိုးမန်း ၊ ရှူအာမီနီ တို့က မဂိုးခဲ့ကြတဲ့ အတွက် အာဂျင်တီးနား တို့ ဖလား ဆွတ်ခူးနိုင်ခဲ့ကြပါတယ် ။

 

ဒါပေမဲ့ အခုတော့ ပြင်သစ် နိုင်ငံရဲ့ နာမည်ကြီး သတင််းစာ တစ်ခုဖြစ်တဲ့ L’Equipe က ပွဲချိန် 108 မိနစ်မှာ ဂိုးသွင်းယူခဲ့တဲ့ မက်ဆီ ရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့သင့်ဘူးလို့ ထုတ်ပြန် ကြေငြာသွားခဲ့ပြီး FIFA ရဲ့ ဥပဒေ တွေကိုလည်း မေးခွန််းထုတ် သွားခဲ့လိုက်ပါတယ် ။

L’Equipe က ” ဘာကြောင့် အာဂျင်တီးနား အသင်းရဲ့ တတိိယမြောက် ဦးဆောင်ဂိုးကို ခွင့်မပြုခဲ့သင့်တာလဲ ? ” လို့ ခေါင်းစဥ်တပ်ပြီး FIFA ရဲ့ Law 3 အပိုဒ် 9 မှ စာသားတွေကို ကိုးကား ဖော်ပြ သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” အကယ်လို့ ဂိုး တစ်ဂိုး သွင်းယူလိုက်ပြီ ဆိုတာနဲ့ ကွင်းလယ်ဒိုင် ဖြစ်သူဟာ အဲ့ဂိုးကို ပြန်မကြည့်ခင် လူပို တစ်ဦး ကွင်းထဲမှာ ရှိလား ၊ မရှိဘူးလား ဆိုတာကို အရင်ဆုံးသိရှိဖို့ လိုအပ်လှပါတယ် ။ အကယ်လို့ ကွင်းထဲ လူပို တစ်ဦးရှိနေရင် ဒီဂိုးကို မဂိုးဘူးဆိုပြီး ကွင်းလယ်ဒိုင် အနေနဲ့ သတ််မှတ်လို့ ရပါတယ် ”

” ကစားသမား တစ်ယောက် ၊ လူစားဝင်တဲ့ ကစားသမား တစ်ဦး ၊ လူစားအလဲခံခဲ့ပြီးတဲ့ ကစားသမား ၊ အထုတ်ခံခဲ့ရတဲ့ ကစားသမား၊ ဒါမှမဟုတ် ဂိုးသွင်းယူခဲ့ပြီတဲ့ အသင််းရဲ့ ကစားသမား တစ်ဦးဦး ကွင်းထဲ ရှိနေခဲ့ရင် သူ ရှိနေတဲ့ နေရာကနေ တိုက်ရိုက် ဖရီးကစ် ပြန်လည် ကန်သွင်းပြီး ပွဲစဥ်ကို ပြန်လည်စတင်ရပါ့မယ် “လို့ L’Equipeက ကိုးကား ​ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ် ။

L’Equipe က ဒီလို ဖော်ပြခဲ့တဲ့ အကြောင်းအရင်းကတော့ မက်ဆီရဲ့ သွင်းဂိုး ပြိုင်ဖက်အသင်းရဲ့ ဂိုးစည်းကို မကျော်သေးမီမှာ အာဂျင်တီးနား အသင်းရဲ့ လူစားအလဲခံခဲ့ရတဲ့ ကစားသမား 2 ဦးဟာ ကွင်းထဲ ဝင်ရောက်ပြီး အောင်ပွဲခံနေခဲ့ကြလို့ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar