ပြင်သစ် vs အာဂျင်တီးနား?? ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ် အတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်

ပြင်သစ်ဟာ ယနေ့ညမှာ အာဂျင်တီးနားကို အနိုင်ရရှိခဲ့မယ်ဆိုပါက နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် ရယူနိုင်မယ့် အသင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းကလည်း မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုကို တတိယ အကြိမ်မြောက် ရယူသွားရန် အပြင်းအထန် ကြိုးစားသွားဖို့ အားခဲလျက် ရှိနေပါတယ်။ ခရစ်ဆက်တန်က ယနေ့ည ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ် အတွက် ယခုလိုပဲ ခန့်မှန်းမှု လုပ်သွားခဲ့ပါတယ်။

ဆက်တန်က “ပြင်သစ်ဟာ အတော်လေး စိတ်ကသိကအောင့်ပေးတဲ့ အသင်း ဖြစ်ပြီး သူတို့ကို မျှော်လင့်ချက် များစွာနဲ့ ကြည့်ခဲ့ပေမယ့် သူတို့ရဲ့ ကစားဟန်က အနည်းငယ် ပျင်းစရာကောင်းကာ ဒီထက် ပိုကောင်းတဲ့ ကစားပုံကို မြင်ရလိမ့်အုံးမယ်လို့ အမြဲတွေးမိပါတယ်။ လက်ရှိချန်ပီယံဟာ စိတ်လှုပ်ရှားစရာ ပေးတာထက် Effeicient ဖြစ်တဲ့ အသင်းပါ။ သူတို့မှာ gear တစ်ချို့ ထုတ်သုံးဖို့ ကျန်နေသေးပေမယ့်လည်း သူတို့ဟာ ဒါကို ထုတ်မသုံးရဘဲနဲ့ ဒီအဆင့်ကို ရောက်လာခဲ့ပါတယ်။ အင်္ဂလန်က ဒီအပိုင်းမှာ လိုအပ်ချက် ရှိသွားတာ ဖြစ်ပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် ဆိုရင် နိုင်ပွဲရဖို့ နည်းလမ်းကို ရှာဖွေနိုင်ရပါမယ်။

ပြင်သစ်လူမျိုးတွေကတော့ သူတို့ရဲ့ အသင်းကို ဒီထက် ဆွဲဆောင်မှု ရှိရှိကစားစေချင်ကြမှာပါ။ ဒါပေမယ့် သူတို့ရဲ့ မန်နေဂျာ ဒေးချမ့်ဟာ လက်တွေ့ကျသူ ဖြစ်ပြီး လူတွေရဲ့ အမြင်ကို ဂရုမစိုက်ပါဘူး။ သူတို့ဟာ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ဒီလိုပြောခံခဲ့ရတာ ဖြစ်ပြီး နောက်ဆုံးမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ဘောလုံးကို ကိုင်ကစားဖို့ ကြိုးစားတာထက် ပြင်သစ်ဟာ ပြိုင်ဘက်ရဲ့ လက်ထဲ ဘောလုံးရှိနေတဲ့ အပေါ် ဂရုစိုက်ဟန် မရှိပါဘူး။ မော်ရိုကိုဟာ ပြင်သစ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၁% ထိ ရှိခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ပြင်သစ်ဟာ လှပတဲ့ ကစားဟန်နဲ့ မကစားဘဲ သူတို့ဟာ အမ်ဘက်ပေ ဒမ်ဘီလီ တို့ရဲ့ လျှင်မြန်မှု skill တွေကို အသုံးချကာ တန်ပြန်တိုက်စစ်ဆင် ကစားဖို့ပဲ အဓိက အာရုံစိုက်တာ ဖြစ်ပါတယ်။

အမ်ဘက်ပေဟာ ခံစစ်ကို အကူအညီ မပေးပေမယ့် ၎င်းရဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည်က ဒါကို ခွင့်လွှတ်ဖို့ အတွက် လုံလောက်မှု ရှိပါတယ်။ ဂျီရူးကလည်း ပုံစံကောင်းကို ပြသနေပြီး ဂရစ်မန်းက အရာအားလုံးကို ချိတ်ဆက်ပေးနေပါတယ်။ ဒီကစားပုံဟာ အလုပ်ဖြစ်လာခဲ့တာကြောင့် ပြင်သစ်တို့ ဖိုင်နယ်ကျမှ ပြောင်းလဲသွားစရာ အကြောင်းမရှိပါဘူး။

အာဂျင်တီးနားကလည်း ပြင်သစ်လိုပဲ ဘောလုံးမရှိတဲ့ အပေါ် ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ဒီအသင်းဟာ efficiency ဖြစ်တာထက် စိတ်ခံစားချက်နဲ့ ကစားတာ ပိုများပါတယ်။ မက်ဆီဟာ အမ်ဘက်ပေလိုပဲ ဒီပြိုင်ပွဲမှာ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် ခြေစွမ်းပြနေပါတယ်။ ပထမပွဲမှာ ဆော်ဒီကို ရှုံးခဲ့ပေမယ့် အဲဒီနောက်ပိုင်း အာဂျင်တီးနားဟာ ဖိအားတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါတယ်။ သူတို့ဟာ ဘောလုံးကိုင်ကစားပုံကောင်းပြီး ပရိတ်သတ်တွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်က ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီပြိုင်ပွဲမှာ အာဂျင်တီးနားကို အကောင်းဆုံး အားပေးလာခဲ့တဲ့သူတွေ ဖြစ်ပြီး ပြင်သစ်နဲ့ ဖိုင်နယ်မှာလည်း အာဂျင်တီးနား ပရိတ်သတ်ရဲ့ လာရောက်အားပေးမှုက ပိုများမှာပါ။

ဒီပွဲမှာ အာဂျင်တီးနားဟာ အစောပိုင်း ပွဲကို ထိန်းကစားကာ မက်ဆီအတွက် နေရာလွတ်တွေ ဖွင့်ပေးဖို့ ကြိုးစားသွားမှာပါ။ အယ်ဗာရက်စ် ကလည်း စူပါခြေစွမ်းကို ပြသနေပြီး ပြိုင်ဘက်ခံစစ်ကို ကျော်ပြေးကာ ခြိမ်းခြောက်မှုတွေ ပေးနေပါတယ်။ ဒါပေမယ့် ခြုံပြီးပြောရမယ်ဆိုရင် ပြင်သစ်က လက်နက်အင်အား ပိုပြည့်စုံပါတယ်။ မက်ဆီကြောင့် ကျွန်တော် အာဂျင်တီးနားကို အားပေးနေမိမှာပါ။ ဒါပေမယ့် ပြင်သစ်တို့ အနိုင်ရမယ်လို့ပဲ ကျွန်တော် ခန့်မှန်းမှာပါ။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲမစတင်ကတည်းက ကျွန်တော် သူတို့ကို ချန်ပီယံ ဖြစ်မယ်လို့ ထောက်ခံထားခဲ့လို့ပါ။

ဒီပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ လှပတဲ့ ကစားဟန်ကို မြင်ရဖို့ မရှိပါဘူး။ stop-start game ဖြစ်လာဖို့ များပြီး တစ်ဦးချင်း စွမ်းဆောင်ရည်တွေနဲ့ အဆုံးအဖြတ် ပေးသွားမယ့်ပုံပါပဲ။ အာဂျင်တီးနား ကစားသမားတွေဟာ emotion ပြင်းထန်တာကြောင့် ဒီပွဲစဉ်မှာ အဝါကတ်တွေ အနီကတ်တွေ မြင်ရမယ်ဆိုရင်လည်း အံ့သြစရာတော့ မရှိပါဘူး။ အထူးသဖြင့် အာဂျင်တီးနားတို့ ဂိုးပေးလိုက်ရချိန်မှာပါ။ ဒါပေမယ့် အာဂျင်တီးနားရဲ့ တိုက်ပွဲ၀င်စိတ်ဓာတ်ကိုတော့ ကျွန်တော် နှစ်သက်ပါတယ်။

အာဂျင်တီးနားဟာ သူတို့ရဲ့ ဂျာစီအတွက် ပရိတ်သတ်တွေအတွက် မက်ဆီ အတွက် ချန်ပီယံ ဖြစ်ဖို့ တိုက်ပွဲ၀င်သွားမှာပါ။ ဒီလိုနေရာမှာ သူတို့ဟာ စိတ်ခံစားချက်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့ ဒီလို လုပ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ နှစ်သင်းစလုံးရဲ့ ခပ်ကြမ်းကြမ်း ကစားမှုတွေကို ကျွန်တော်တို့ မြင်ရမှာပါ။ ဘာလို့လဲဆိုတော့ ပြင်သစ်ဟာ physical battle ကိုလည်း ကြောက်တဲ့အသင်း မဟုတ်လို့ပါ။ အကယ်လို့များ အာဂျင်တီးနားတို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် သူတို့ဟာ တိတ်ဆိတ်စွာနဲ့ အရှုံးပေးသွားမှာတော့ မဟုတ်ပါဘူး။ ပြင်သစ်တို့ ၃-၁ နဲ့ အနိုင်ရသွားမှာပါ။

SM