ကြေးတံ ဆိပ် နဲ့ ခရိုအေးရှား ၊ ပြင်သစ်အတွက် သတင်းဆိုးတို့နဲ့ . . . နံနက်ခင်းအားကစားသတင်းများ

ယမန်နေ့ ညတုန်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား တတိယ နေရာလု ပွဲမှာတော့ ခရိုအေးရှား အသင်းက မော်ရိုကို အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြီး ကြေးတံဆိပ်ဆုကို ရရှိ သိမ်းပိုက် သွားခဲ့ ပါတယ် ။

ကမ္ဘာ့ဖလားတလျောက် သွင်းဂိုးပေးဂိုး နည်းခဲ့ကြတဲ့ ဒီ ၂ သင်းဟာ ပွဲအစ ၁၀ မိနစ် အတွင်းမှာပဲ တဘက် တဂိုးစီ သွင်းကာ ပွဲကို မြိုင်ဆိုင် စေခဲ့ ပါတယ် ။ ခရိုအေးရှား ရဲ့ အနိုင်ဂိုး ကတော့ အခု ကမ္ဘာ့ဖလား ရဲ့ အလှဆုံး သွင်းဂိုး အဖြစ် ရေပန်းစား သွားခဲ့ ပါတယ် ။

ခရိုအေးရှား အသင်းခေါင်းဆောင် လူကာမိုဒရစ် က သူဟာ လက်ရွေးစင် ကနေ နားဖို့ စိတ်ကူး မရှိ သေးဘဲ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေနဲ့ UEFA Nations League ကို ဆက်လက် ပါဝင် သွားဦးမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ခရိုအေးရှား ဟာ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် ကို တက်ရောက် ထားပြီး ဆုဖလား နဲ့ ၂ ပွဲ အကွာကို ရောက်ရှိ နေပြီ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ရစ်ချလီဆင် ဟာ ခရိုအေးရှား နဲ့ ကစား ခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ် မှာ ဒဏ်ရာ ရရှိခဲ့ပြီး ၆ ပတ် နီးပါး အနားယူ ရနိုင်တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

နယူးကာဆယ် ရဲ့ အင်္ဂလန် လက်ရွေးစင် ၂ ယောက် ဖြစ်တဲ့ ထရစ်ပီယာ နဲ့ နစ်ပုပ် တို့ကတော့ ကလပ် အသင်းရဲ့ ဘောက်ဆင်ဒေး ပွဲစဉ်တွေ ကို ပါဝင် ကစားပေးဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယွန် အတွက် ပြန်လည် ကြိုးစားဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ဂါရတ်ဆောက်ဂိတ် ဟာ အင်္ဂလန် အသင်း နည်းပြ အဖြစ် ဆက်လက် လုပ်ကိုင် သွားဖို့ ဆုံးဖြတ်လိုက်ပြီလို့ နီးစပ်ရာ အသိုင်းအဝိုင်းက သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် နဲ့ သတင်း မီဒီယာ တွေကလည်း ဆောက်ဂိတ် ကို ဆက်လက် ထောက်ခံ ခဲ့ကြတယ်လို့ ကြားသိရ ပါတယ် ။

ပြင်သစ် ခံစစ်မှူး ဗာရန်း ဟာ အဖျားဝေဒနာ က နေ သက်သာလာခဲ့ ပေမယ့် မနေ့က အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ မမြင်တွေ့ ခဲ့ရတာကြောင့် ဒီည ကစားမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အတွက် မသေချာတဲ့ အနေအထား ရှိလာခဲ့ ပါတယ် ။

ဒီ ကမ္ဘာ့ဖလားမှာ ၄ ဂိုးထိ သွင်းထားတဲ့ တိုက်စစ်မှူး ဂျီရူး လည်း မနေ့က လေ့ကျင့်ခန်း မဆင်း နိုင်ခဲ့ဘဲ အပ်ပါမီကာနို ( ခံစစ်မှူး ) နဲ့ မားကပ်စ် သူရမ် ( တိုက်စစ်မှူး ) တို့ဟာ ဗာရန်း နဲ့ ဂျီရူး တို့ အစား ပါဝင် လေ့ကျင့် သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

မန်စီးတီး ဟာ မနေ့ ညက ဂီရိုနာ အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး အာလင်း ဟာလန်း နဲ့ ကယ်ဗင် ဒီဘရိုင်းနား တို့က ၁ ဂိုးစီ သွင်းပေးကာ ၂-၀ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ် ခရစ္စတယ်ပဲလေ့စ် ဟာ အမေရိကန် လက်ရွေးစင် ဟာဂျီရိုက် ကို ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး ၊ နယူးကာဆယ် တို့ဟာ အေစီမီလန် နောက်ခံလူ ပီယာ ကူလူလူ ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စား နေကြပြီး စပါး ဟာ အသင်းရဲ့ နောက်ခံလူ တန်ဂန်ဂါ ကို အပြောင်းအရွှေ့ အစိတ်အပိုင်း အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

ပြင်သစ် ဂန္ထဝင် ကစားသမားကြီး ဇီဒန်း ဟာ ဒီနေ့ည ကစားမယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

ပြင်သစ် နည်းပြ ဒက်ချမ့်စ် နဲ တိုက်စစ်မှူး ဘန်ဇီးမား တို့ အကြားမှာ အဆင်မပြေမှု အချို့ ရှိနေပုံ ရပြီး ဒက်ချမ့်စ် က ဘန်ဇီးမား ကို ပြန်ခေါ်မလား ဆိုတဲ့ မေးခွန်းကို ရှောင်လွှဲခဲ့သလို ဘန်ဇီးမား ကလည်း ပြန်လာဖို့ စိတ်မဝင်စားကြောင်း ဆိုရှယ်မီဒီယာထက် မှာ ရေးသားခဲ့ ပါတယ် ။

ဒါ့အပြင် ဇီဒန်း က ကမ္ဘာ့ဖလားဖိုင်နယ် ကို မပါဝင် မဆင်နွှဲကြောင်း သိရအပြီးမှာ ဘန်ဇီးမား ဟာ ဆိုရှယ်မီဒီယာ ထက်မှာ သူနဲ့ ဇီဒန်း တို့ရဲ့ ပုံကို တင်ခဲ့တယ်လို့ သိရပါတယ် ။

ဗင်းဆင့် ကွန်ပနီ ကိုင်တွယ် နေတဲ့ ဘန်လေ အသင်းဟာ ချန်ပီယံရှစ် မှာ ပုံစံကောင်းတွေပြ ၊ အမှတ်ပေး ဇယားကို ဦးဆောင်နေပါတယ် ။ မနေ့ က ကစားခဲ့တဲ့ ပွဲမှာ မစ်ဒယ်ဘရော့ ကို ၃-၁ နဲ့ အနိုင် ကစားခဲ့ပြီး အဆင့် ၁ နေရာကနေ ၆ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် ကို တန်းပြန်တက် လာဖို့ ခရီးဆက်နေတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR