ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး XI ယောက် အသင်းကို ရွေးချယ်ပေးလိုက်ကြတဲ့ မီကာ ရစ်ချက် ၊ အဲလက်စ် စကော့ နဲ့ ကလင်းစမန်း 

  ဒီည 9:30 အချိန်မှာတော့ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ် ဗိုလ်လုပွဲ ပွဲစဥ်ကို ကစားရပါတော့မယ် ။ ဒီပွဲမှာတော့ လက်ရှိ ကမ္ဘာ့ချန်ပီယံ ပြင်သစ် လက််ရွေးစင် အသင်းနဲ့ တောင်အမေရိက ထိပ်သီး အာဂျင်တီးနား တို့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။ 

ဒီပြိုင်ပွဲ တစ်လျှောက်မှာတော့ ကစားသမားကောင်းတွေ အများကြီး ထွက်ပေါ်လာခဲ့ကြတဲ့ အတွက် အကောင်းဆုံး အသင်းကို ရွေးချယ်ရာမှာ တစ်ဦးနဲ့ တစ်ဦး အမြင်မတူမှာ သေချာလှပါတယ်။ အားလုံးဟာ အသင်းကို ကိုယ့်အကြိုက်် ကစားသမားတွေနဲ့ ရွေးချယ်မှာပါပဲ ။

 

အခုလည်း ဘောလုံး လောကရဲ့ ဝါရင့် ပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ မီကာ ရစ်ချက် ၊ အဲလက်စ် စကော့ နဲ့ ယာဂင် ကလင််းစမန်း တို့ဟာလည်း သူတို့ စိတ်ကြိုက် အသင်းကို ရွေးချယ််ရာမှာ အများစု တူညီနေခဲ့ပေမဲ့ သဘောထား မတိုက််ဆိုင်မှုတွေ ရှိနေခဲ့ကြပါတယ် ။

 

မီကာ ရစ်ချက် ရွေးချယ်ပေးလိုက်တဲ့ XI ယောက် အသင််းကတော့…

 

ဂိုး – လီဗာကိုဗစ်

ညာခံစစ် – ဟာကီမီ

ဗဟို ကွင်းလယ် – ဗာရန်း

ဗဟို ကွင်းလယ် – ဂဗာဒီယိုးလ်

ဘယ်ခံစစ် – သီယို ဟာနန်ဒက်စ်

ကွင်းလယ် ခံစစ် – အမရာဘတ်

ကွင်းလယ် ခံစစ် – ဘယ်လင်ဂမ်

ကွင်းလယ် တိုက်စစ် – ဂရစ်ဇ်မန်း

ညာတောင်ပံ – မက်ဆီ

ဘယ်တောင်ပံ – အမ်ဘာပေ

တိုက်စစ်မှူး – အယ်လ်ဗာရက်ဇ် တို့ပဲ ဖြစ်ကြပါတယ် ။

အခုလို လူရွေးတာနဲ့ ပတ်သက်လို့…

 

” ဒါကို ကြည့်လိုက်ပါ ၊ တကယ့်ကို ထူးကဲလွန်းတဲ့ အသင််းပါပဲ ။ ဗာရန်း က ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ််ဘူးလို့တောင် သတင်းထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲဲ့ သူ့ရဲ့ စွမ်းဆောင်ရည်က ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်ခဲ့ပါတယ် ။ ခံစစ်ရဲ့ စစ်သည်တော်ပါပဲ ”

” အယ်လ်ဗာရက် ၊ ဒီအသင်းမှာ မန်စီးတီး ကစားသမား တစ်ယောက်ကို ထည့်ဖို့ လိုအပ်လာပါပြီ ။ သူ လေးဂိုးသွင််းယူခဲ့ပါတယ် ။ မက်ဆီက လိမ်ခေါက် ကျော်ဖြတ်မှုတွေ အများကြီး လုပ်ခဲ့ချိန်မှာ သူဟာ အဆုံးသတ် စွမ်းရည်ကို ပြသခဲ့ပါတယ် ။ ဒီအသင်းမှာ သူပါသင့်ပါတယ် ” လို့ ရစ်ချက် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

မီကာ ရစ်ချက် ရွေးချယ်ပေးခဲ့တဲ့ ကစားသမား XI ဦးထဲမှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ ကစားသမား 10 ဦး အထိ ပါဝင်နေခဲ့ကြပါတယ် ။ ဆီမီး ဖိုင်နယ် မတက်နိုင်ခဲ့တာဆိုလို့ ဂျုဒ် ဘယ်လင်ဂမ် တစ်ဦးထဲသာ ပါဝင်ခဲ့ပါတယ် ။

အဲ့ဒီနောက် အဲလက်စ် စကော့ နဲ့ ယာဂင် ကလင်းစမန်း တို့လည်း အကောင်းဆုံး အသင်းကို ရွေးချယ်ပေးဖို့ အမေးခံံလိုက်ရတဲ့ အခါမှာတော့ သူဟာ မီကာ ရစ်ချက် ရဲ့ အသင်းနဲ့ အတော်လေး တူညီတဲ့ အသင်းကို ရွေးချယ်ခဲ့လိုက်ပါတယ် ။

 

ဒါပေမဲ့ ခံစစ်မှာတော့ ရာဖေးလ် ဗာရန်း အစား ရေမွန် ဆိုက်စ် ကို ရွေးချယ်ခဲ့သလို ဂျူလီယံ အဲလ်ဗာရတ် ရဲ့ နေရာမှာ အိုလီဗီယား ဂီရော့ဒ် ကို ရွေးချယ်ခဲ့လိုက်ပါတယ် ။ ကျန်တာကတော့ မီကာ ရစ်ချက် နဲ့ တူညီခဲ့ရပါတယ် ။

ကလင်းစမန်း ကတော့ အနည်းငယ် ခြားနားတဲ့ ရွေးချယ််မှု လုပ်ဆောင်သွားခဲ့လိုက်ပါတယ် ။ သူ ရွေးချယ်တဲ့ အသင်းဟာ မီကာ ရစ်ချက်နဲ့ အလုံးစုံ တူညီခဲ့ပေမဲ့ တိုက််စစ်မှာတော့ နေမာ ပါဝင်လာခဲ့ပါတယ် ။ နေမာဟာ ပြိုင်ပွဲမှာ ဒဏ်ရာကြောင့် သုံးပွဲသာ ပါဝင်ခဲ့ပြီး သုံးပွဲလုံး ခြေစွမ််းပြနိုင်ခဲ့ပါတယ် ။

 

#Sports_Myanmar