ကမ္ဘာ့ဖလားဆီပြန်လာဖို့မသေချာတဲ့ ဘန်ဇီးမား ၊ ဆောက်ဂိတ်ရဲ့ အနာဂါတ် ၊ ထပ်ဖျားပြန်တဲ့ ပြင်သစ်အသင်းသားတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ပြင်သစ် တိုက်စစ်မှူးကြီး ဘန်ဇီးမားဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားဖို့ ၂ ရက် အလိုအထိ ရီးရဲမက်ဒရစ် အသင်းမှာသာ ဆက်လက် လေ့ကျင့် နေခဲ့ ပါတယ် ။ ဘန်ဇီးမား ဟာ သားဖြစ်သူ နဲ့ အားကစားခန်းမ အတွင်း လေ့ကျင့်နေပုံကို ဆိုရှယ်မီဒီယာပေါ် တင်ခဲ့သလို “I don’t care” ဆိုတဲ့ ပိုစ့် တခုကိုလည်း တင်ခဲ့ သေးတာကြောင့် ကမ္ဘာ့ဖလားဆီ ပြန်လာဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သုံးသပ် လာခဲ့ကြပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ရီးရဲ အသင်း လေ့ကျင့်ရေးကွင်းမှာ ၂ ရက် လေ့ကျင့် အပြီးမှာတော့ ဒူဘိုင်း ကို ဆက်လက် ထွက်ခွာ သွားပြီလို့ သိရပါတယ် ။

ချဲလ်ဆီး အသင်းဟာ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အသင်းနဲ့ ပါဝင် ကစားနေတဲ့ နောက်ခံ အစွန်လူ နာဟူး မိုလီနာ ကို စောင့်ကြည့် နေပြီး အင်တာ နောက်ခံလူ ဒမ်ဖရိုင်းစ် နဲ့ အတူ ခေါ်ယူ နိုင်ဖို့ စိတ်ကူးနေတယ် လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ လာမယ့် ဇန်နဝါရီမှာ ကိုဒီဂတ်ပို ကို စတင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင် နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် နည်းပြ ဆောက်ဂိတ် ကို ၂၀၂၄ ယူရို ပြိုင်ပွဲ အထိ ဆက်လက် တာဝန်ပေးသွားဖို့ စဉ်းစား နေပြီလို့ ကြားသိရပါတယ် ။

ဘာစီလိုနာ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဆာဂျီယို ဘက်စကွက် ကတော့ စပိန် လက်ရွေးစင် အသင်းကနေ အနားယူပြီ ဖြစ်ကြောင်း မနေ့က ထုတ်ပြန် ကြေညာသွားခဲ့ ပါတယ် ။

ဘက်စကွက် ဟာ စပိန် အသင်းနဲ့ ယူရို ချန်ပီယံ ၂ ကြိမ် နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ကာ ပွဲပေါင်း ၁၄၀ ကျော် ကစားပေးခဲ့သူ ဖြစ်ပါတယ် ။

အက်စတွန် ဗီလာ နည်းပြ အူနိုင်း အမ်မရီ ဟာ ကမ္ဘာ့ဖလား အပြီး ပြန်လည် စတင်မယ့် ဘောက်ဆင်ဒေး ပွဲစဉ်မှာ အဓိက ဂိုးသမား အီမီလီယာနို မာတီနက် ကို ပါဝင်စေလိုတာကြောင့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားမယ့် ဂိုးသမား ရဲ့ အခြေအနေ ( ခွင့်ရက်ပေးမှု ) ကို အသင်း တာဝန်ရှိသူတွေနဲ့ တိုင်ပင် ဆွေးနွေး နေတယ်လို့ ကြားသိ၇ ပါတယ် ။

နယူးကာဆယ် ကတော့ နာပိုလီ မှာ အခုရာသီ ခြေစွမ်းပြ နေပြီး ကာဗရာဒိုနာ လို့ နာမည်ပြောင်ပေးခံ ထားရတဲ့ ခါဗာရက်စ် ခီလီယာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဝုဗ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် က အရောင်းစာရင်း တင်ထားတဲ့ ညာနောက်ခံလူ အာရွန် ဝမ် ဘစ်ဆာကာ ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့လည်း သိရပါတယ် ။

ဂျိုဆေး မော်ရင်ညို ဟာ ပေါ်တူဂီ လက်ရွေးစင် နည်းပြ ရာထူးကို စိတ်ဝင်စား ပေမယ့် လက်ရှိ ကိုင်တွယ် နေတဲ့ ရိုးမား အသင်းကနေ ထွက်ခွာဖို့ အထိတော့ မရည်ရွယ် ထားဘူးလို့ ကြားသိရ ပါတယ် ။

ဖာနန်ဒို ဆန်းတိုစ့် ထွက်ခွာသွား အပြီး လစ်လပ် နေတဲ့ ပေါ်တူဂီ လက်ရွေးစင် နည်းပြ နေရာကို မော်ရင်ဟို ၊ ပေါ်လို ဖွန်ဆီကာ တို့ အပြိုင် ရေပန်းစား နေတယ်လို့ သိရပါတယ် ။

အဲဗာတန် တိုက်စစ်မှူးကြီး ဆော်လမွန် ရွန်ဒွန် ဟာ မာဆေးဆိုက် ကလပ် အသင်းနဲ့ ၂ ဦး သဘောတူ စာချုပ် ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရမယ့် ပြင်သစ် လက်ရွေးစင် အသင်းမှာ ဖျားနာသူတွေ ပိုများလာတယ်လို့ သိရပါတယ် ။ ပြင်သစ် ဟာ ကာတာ ကမ္ဘာ့ဖလား ကွင်းတွေ ထဲက လေအေးပေးစက်တွေ ကို ဒီဖျားနာမှုတွေ အတွက် အပြစ်တင်ခဲ့တယ်လို့ သိရပါတယ် ။

လက်ရှိမှာ ကိုနာတေး ၊ ဗာရန်း ၊ ကိုးမန်း တို့ဟာ ဖျားနာ နေကြတာကြောင့် လေ့ကျင့်မှု မပြုလုပ် နိုင်ခဲ့ကြဘူးလို့ သိရပါတယ် ။

မော်ရိုကို အသင်းဟာ ပြင်သစ် နဲ့ ပွဲကို ကိုင်တွယ် ခဲ့တဲ့ ဒိုင်လူကြီး ဆီဇာ ရာမိုစ့် နဲ့ ပတ်သက်ပြီး ဖီဖာ ထံ တရားဝင် ကန့်ကွက်စာ ရေးသား တင်သွင်း ခဲ့တယ်လို့ သိရှိရ ပါတယ် ။

ဖီဖာ က ၂၀၂၅ မှာ စတင် ကျင်းပမယ့် ၂၀၂၅ ခုနှစ် ကလပ်ကမ္ဘာ့ဖလား အစီအစဉ် ထွက်ပေါ်လာ အပြီးမှာ ကလပ် အသင်းတွေ ဘက်က ဝေဖန် ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ကြားသိရ ပါတယ် ။

PSG တိုက်စစ်မှူး အမ်ဘာပေ ရဲ့ ညီငယ် ဖြစ်တဲ့ အီသန် အမ်ဘာပေ ( ၁၅ နှစ် ) ဟာ သောကြာနေ့ က ကစားခဲ့တဲ့ ပဲရစ် FC အသင်းနဲ့ ခြေစမ်းပွဲမှာ PSG စီနီယာ အသင်းကြီးအတွက် ပထမဆုံး ပါဝင် ကစားခွင့် ရရှိခဲ့တယ်လို့ သိရပါတယ် ။

အီတလီ စီးရီးအေ မှာ ကျဉ်လည်ခဲ့တဲ့ အင်တာမီလန် ၊ လာဇီယို ကစားသမားဟောင်း ၊ နည်းပြဟောင်း မီဟိုင်းလိုဗစ်ချ် ဟာ ကင်ဆာကို နှစ်ရှည် တိုက်ပွဲဝင် အပြီးမှာတော့ အသက် ၅၃ နှစ် မှာ ကွယ်လွန် သွားခဲ့ပြီလို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR