” မိသားစုနဲ့ ပရိသတ်တွေ ဂုဏ်ယူချင်အောင် လုပ်ပြမယ် ” ဖိုင်နယ် ကစားရမယ့် အပေါ် ခံစားချက်တွေ ထုတ်ပြောလာတဲ့ မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ် ဟာ ကွာတား ဖိုင်နယ် အဆင့်မှာ နယ်သာလန် လက်ရွေးစင် အသင်းကို အနိုင်ရရှိသွားခဲ့တဲ့နောက် ဘိုးဘွားတွေကို ဂုဏ်ပြုရင်း မျက်ရည်လည်ခဲ့တယ််လို့ သိခဲ့လိုက်ရပါတယ် ။

ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာက အချိန် ရက်သတ္တပါတ် တစ်ခုကြာခဲ့ပြီ ဖြစ်ပေမဲ့ အာဂျင်တီးနားတို့ ကမ္ဘာ့ ဖလား ဖိုင်နယ် အဆင့် တက်ရောက်သွားမှသာ အဆိုပါ ဗွီဒီယိုဖိုင််ဟာ ဆိုရှယ် မီဒီယာတွေ အထက်မှာ ပျံ့နှံ့သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။

လီဆန်ဒရို မာတီနက်ဇ် ဟာ အာဂျင်တီးနားတို့ ခရိုအေးရှား လက်ရွေးစင် အသင်းကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ နာရီဝက်မျှ လူစားဝင် ကစားခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ သူဟာ အသင်းအတွက် ပါဝင်ခွင့် ရရှိခဲ့တဲ့ အချိန်တိုင်းမှာ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ် ။

အခုတော့ အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ ဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး ဒီအဆင့်မှာတော့ လက်ရှိ ကမ္ဘာ့ ချန်ပီယံ ဖြစ်တဲ့ ပြင်သစ်် လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ နယ်သာလန် လက်ရွေးစင် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင် ရရှိခဲ့တဲ့နောက် မီဒီယာတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ ငိုကြွေးခဲ့ကြောင်း ၊ ဒီနိုင်ပွဲက အောင်ပွဲခံမှုတွေဟာ သူ့ရဲ့ ဘိုးဘွားတွေ အတွက် ဖြစ်ကြောင်း ၊ သူတို့တွေ ဂုဏ်ယူအောင် ကြိုးစားသွားဖို့ ရှိကြောင်း ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

” ဒီအောင်ပွဲက ဒီမှာ မရှိကြတော့တဲ့ ကျွန်တော့် ဘိုးဘွားတွေ အတွက်ပါပဲ ” လို့ မာတီနက်ဇ် က ငိုကြွေးပြီးနောက် အားတင်းကာ ဒီစကားကို ပြောကြားခဲ့တာပဲ ဖြစ်ပြီး အဲ့ဒီနောက််မှာတော့ ဒီလို အခိုက်အတန့်မျိုး ပိုင်ဆိုင်ဖို့ ဆိုတာက သူ့ရဲ့ အိပ်မက် ဖြစ်ခဲ့ကြောင်း ဆက်ပြောခဲ့ပါတယ် ။

” ကစားသမားတိုင်းက ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ကစားရဖို့ ဆိုတာ သူတို့ရဲ့ အိပ်မက်ပဲလို့ ပြောကြမှာ ကျွန်တော်သိနေခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ဒီပြိုင်ပွဲဲမှာ ကစားရဖို့ဆိုတာက ငယ်စဥ် ကတည်းက အိပ်မက် တစ်ခု ဖြစ်ခဲ့ရတာပါ ”

” ကျွန်တော့် လက်ထဲ အာဂျင်တီးနား ဂျာစီကို ထည့်ပေးလိုက််တဲ့ ပထမဆုံး အချိန်မှာပဲ ပထမဆုံး အဖြစ် လမ်းမထက်မှာ ကစားခဲ့ရတဲ့ ကျွန်တော့်ရဲ့ ပုံရိပ်တွေနဲ့ အခု ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ကစားနေရတဲ့ အ​နေအထားတွေကို ဒွန််တွဲ မြင်ခဲ့မိပါတယ် ”

” အခုတော့ အဲ့တာတွေဟာ ဖြစ်ပွားလာခဲ့ရပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ ကျွန်တော်ဟာ မိသားစုဝင်တွေ နဲ့ ပရိသတ်တွေ ဂုဏ်ယူအောင် လုပ်ပြချင်နေမိပါတယ် ” လို့ မာတီနက်ဇ် က ပြောခဲ့တာ ဖြစ်ကြောင်း သတင်းထောက်် ဒီယေဂို ကိုရိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar