အာဂျင်တီးနား နဲ့ ပြင်သစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘယ်အသင်းကို ချန်ပီယံဖြစ်စေချင်သလဲ ဆိုတာ ပြောကြားလိုက်တဲ့ မော်ရိုကို နည်းပြ ရယ်ဂရာဂီ

ဒီနှစ် ကမ္ဘာ့ဖလား မှာ ပရိသတ်တွေ အားလုံး ကို အံ့အားသင့်အောင် လုပ်ပြ ထားနိုင်တဲ့ Gaint Killer မော်ရိုကို အသင်းဟာ ဒီနေ့ မနက်မှာ လက်ရှိ ကမ္ဘာ့ ချန်ပီယံ ပြင်သစ် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ပီး ဆီမီးဖိုင်နယ် အဆင့် နဲ့ပဲ ကျေနပ် လိုက်ရပါတယ် ။

ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရောက် ပထမဆုံး အာဖရိက အသင်း အဖြစ် စံချိန်သစ် စိုက်ထူ နိုင်ခဲ့တဲ့ မော်ရိုကို အသင်းဟာ ပြင်သစ် အသင်းကို စောစောစီးစီး ဂိုးပေးလိုက်ရပေမယ့် အကောင်းဆုံး အံ့တု ရင်ဆိုင် ကစားကာ ချေပဂိုး ရဖို့ နီးစပ်တဲ့ အနေအထားတွေ ဖန်တီး နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဂိုးကံခေနေတာက တစ်ကြောင်း ၊ ပြင်သစ် ဂိုးသမား နဲ့ နောက်တန်း ကစားသမားတွေ တည်ငြိမ်စွာ ကာကွယ်နိုင်ခဲ့တာက တစ်ကြောင်းကြောင့် ချေပဂိုး နဲ့ ဝေးခဲ့ရပြီး ပြင်သစ် ဘက်က မူအာနီ က နောက်ထပ် သွင်းဂိုး တစ်ဂိုး ထပ်သွင်းလိုက်တာကြောင့် မော်ရိုကို တို့ ၂ ဂိုးပြတ် အရေးနိမ့် သွားခဲ့ရပါတယ် ။

ပွဲအပြီးမှာတော့ မော်ရိုကို နည်းပြ ရယ်ဂရာဂီ က သူ့အသင်းအတွက် အများကြီး ဂုဏ်ယူ ဝမ်းသာမိကြောင်း ပြောကြား လိုက်ပြီး ဗိုလ်လုပွဲ မှာ ဘယ် အသင်းကို အားပေးသွားမလဲ ဆိုတာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

” ကျနော်တို့ အစွမ်းကုန် အမြင့်မားဆုံး စွမ်းဆောင်ရည် နဲ့ ပေးဆပ် ကစား ခဲ့ပါတယ် ၊ ဒါက ဘောလုံးမှာ အရေးအကြီးဆုံး အရာပါပဲ ။ မော်ရိုကို အသင်းက ဘောလုံးမှာ ခေတဲ့ အသင်း မဟုတ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ပြသ နိုင်ခဲ့ပါတယ် ၊ ကျနော်တို့ အသင်းအပေါ် အားပေးမှုကလည်း တကယ့်ကို ကြီးကျယ် ခမ်းနား ခဲ့ပါတယ် ။ ”

” ကျနော်တို့ အသင်းမှာ ဒဏ်ရာ ပြဿနာတွေ ရှိခဲ့ပါတယ် ၊ သွေးပူ လေ့ကျင့်ခန်းလုပ်ရင်း Aguerd ကို ဆုံးရှုံး ခဲ့ရပါတယ် ၊ Saiss နဲ့ Mazraoui တို့ရောပါပဲ ။ ဒါပေမယ့် ကျနော်တို့ ဆင်ခြေတွေ မပေးချင်ပါဘူး ၊ အမှားအယွင်း သေးသေးလေးတွေကြောင့် ရှုံးပွဲ တွေ့သွား ခဲ့ရတာပါ ၊ ကျနော်တို့ ပွဲအတွင်း ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး ။ ”

” ပထမပိုင်း အတွင်း ဖြုန်းတီး လေလွင့်မှုတွေလည်း များခဲ့ပါတယ် ၊ ဒုတိယဂိုးက ကျနော်တို့ အသင်းကို အဆုံးသတ် သွားစေခဲ့ပါတယ် ၊ ဒါပေမယ့် ဒီနေ့ ရှုံးပွဲက ကျနော်တို့ ဒီပြိုင်ပွဲမှာ လုပ်ပြခဲ့တဲ့ အရာတွေကို ပျောက်ကွယ် သွားစေမှာ မဟုတ်ပါဘူး ၊ ကျနော်တို့ အသင်းမှာ ကြံ့ခိုင်မှု ၆၀% ၇၀% ပဲ ရှိတဲ့ ကစားသမားတွေ အများကြီးပါ ။ ”

” ကျွန်တော့် ကစားသမားတွေ အစွမ်းကုန် ပေးဆပ် ကစားခဲ့ပါတယ် ၊ သူတို့ တက်နိုင်သလောက် ကိုယ့် အသင်း အမြင့် ရောက်အောင် ပေးဆပ် ကစားခဲ့ကြပါတယ် ၊အခုချိန်မှာတော့ ကျနော်တို့ ပြင်သစ် အသင်း ကို အားပေး သွားပါမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM