အကြောင်းအရင်း နှစ်ခုကြောင့် ဒါနီလို ကို ခေါ်ယူဖို့ စိတ်မဝင်စားတော့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ပါမီးရက်စ် အသင်း ရဲ့ ကွင်းလယ်လူ ဒါနီလို အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ကွင်းလယ်လူ လိုအပ် နေချိန်မှာ ဘရာဇီး ကွင်းလယ်လူ ဒါနီလို ကို ချဉ်းကပ် ခဲ့ဖူးပြီး နှစ်ကြိမ် တိုင်တိုင် ကမ်းလှမ်း ခဲ့ပေမယ့် ပါမီးရက်စ် ဘက်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ် ။

ပါမီးရက်စ် က ဒါနီလို ကို မရချိန်မှာ အာဆင်နယ် အသင်းဟာ အက်စတန်ဗီလာ အသင်းရဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝဇ် ကို ခေါ်ဖို့ ကြိုးပမ်း ခဲ့သေးပြီး ကစားသမား နဲ့ သဘောတူညီမှု ရပေမယ့် ဗီလာ ဘက်က ရောင်းချဖို့ အတိအလင်း ငြင်းဆန် ခဲ့ပါတယ် ။

ဒီရာသီ မှာ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ သောမက်စ် ပါတေး နှင့် ဂရန်းနစ် ရှာကာ တို့ ခြေစွမ်းပြ ကစားနေကြပေမယ့် ပရိသတ်တွေကတော့ နောက်ထပ် ကွင်းလယ်လူ တစ်ဦး ခေါ်ယူ စေချင်နေကြပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ပစ်မှတ်ဟောင်း ဒါနီလို ကိုတော့ ခေါ်ယူဖို့ ဆန္ဒ မရှိတော့ဘူးလို့ ဘရာဇီး အခြေစိုက် သတင်းဌာန တွေက ရေးသား ဖော်ပြ လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ အကြောင်းအရင်း နှစ်ခုကြောင့် ဒါနီလို ကို ခေါ်ယူဖို့ စိတ်မဝင်စားတော့တာ ဖြစ်တယ်လို့ သိရပါတယ် ။

ပထမ အကြောင်းအရင်းကတော့ ဒါနီလို ရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ အာဆင်နယ် အသင်း ခေါ်ယူဖို့ စိတ်ဝင်စားတုန်းကလောက် မကောင်းတော့တာကြောင့် ဖြစ်ပါတယ် ။ အပြောင်းအရွှေ့ သတင်းတွေဟာ ဒါနီလို ရဲ့ form အပေါ် ရိုက်ခတ်မှု ရှိ​ပြီး ခြေစွမ်းပိုင်း ကျဆင်းနေတာ ဖြစ်တယ်လို့လည်း သိရပါတယ် ။

ဒုတိယ အကြောင်းအရင်းကတော့ အာဆင်နယ် အသင်းဟာ လာမယ့် ဇန်နဝါရီ မှာ ကွင်းလယ် ကစားသမားထက် ဂျေးဇု နေရာ အစားဝင်နိုင်မယ့် တိုက်စစ် ကစားသမား တစ်ဦး ကို ​ခေါ်ယူနိုင်ရေး ဦးစားပေး လုပ်ဆောင်မှာကြောင့် ဖြစ်ပါတယ် ။

ဂျေးဇု ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အမြင့်ပျံသန်းနေမှုမှာ အဓိက ကျတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းရဲ့ တိုက်စစ် ကို အကောင်းဆုံး ဦးဆောင်ထားနိုင်သူ ဖြစ်ပါတယ် ။ ဂျေးဇု ဒဏ်ရာ ရသွားခဲ့တာကြောင့် အာဆင်နယ် အသင်းမှာ တိုက်စစ်မှူး အဖြစ် အရန် တိုက်စစ်မှူး အန်ကီတီးယား တစ်ဦးသာ ရှိပါတော့တယ် ။ ဒါကြောင့် အာဆင်နယ် အသင်းဟာ တိုက်စစ် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ လုပ်ဆောင်နေပီး မူဒရစ်ဒ် ၊ ဖီးလစ် ၊ ဗလာဟိုဗစ် တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။

SM