” သူအဆင်သင့် မဖြစ်သေးဘူး ” ဆန်ချိုရဲ့ ပြသနာတွေကို ထုတ်ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကတော့ လက်ရှိအချိန်် မန်ချက်စတာမှာ ရှိမနေပဲ နည်းပြ တန်ဟတ် အားထားရတဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဟော်လန်မှာ လေ့ကျင့်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိလိုက်ရပါတယ် ။

ဆန်ချိုဟာ အောက်တိုဘာ 22 ရက်နေ့ ကတည်းက နေမကောင်း ဖြစ်ခဲ့တာကြောင့် အသင်းအတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့ရပါဘူး ။ အဲ့ဒီနောက် ကမ္ဘာ့ဖလား ပြိုင််ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အရွေးမခံခဲ့ရတဲ့ ကစားသမားဟာ ခြေစမ်းပွဲတွေမှာလည်း မပါဝင်ခဲ့ပြန်ပါဘူး ။

ဂျေဒန် ဆန်ချို ဆိုတာ ပြီးခဲ့တဲ့ 18 လတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပေါင် 73 သန်းနဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး အကောင်းဆုံး ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အခုလည်း သူဟာ ကြံ့ခိုင်မှု မကောင်းခြင်း ၊ ပုံစံကောင်း မပြနိုင်ခြင်းတွေကြောင့် ပွဲထွက်ခွင့်တွေ ဆုံးရှုံံးနေခဲ့ရတာပဲ ဖြစ်ပါတယ် ။

သူနဲ့ ပတ်သက်လို့ Update သတင်းတွေ အမေးခံရတဲ့ အခါတွေမှာလည်း နည်းပြ တန်ဟတ် ဖက်က တိကျတဲ့ အဖြေ တစ်ခုကို ထုတ်ပေးနိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ် ။ အခုလည်း သူ ဘယ်တော့ ပြန်လာနိုင်မလဲဆိုတာ မသိသေးကြောင်း တန်ဟတ် က ထပ်ပြောခဲ့လိုက်ပါတယ် ။

” သူ ဒီတစ်ပါတ် ပြန်လာလိမ့်မယ်လို့ ကျွန်တော်တော့ မထင်မိပါဘူး ။ ကျွန်တော်တို့ သူ့ကိုတက်နိုင်သလောက်အမြန််ဆုံး ခေါ်နိုင်ဖို့ အလိုရှိနေကြပါတယ် ။ ဒါပေမဲ့ ဘယ်နေ့ ပြန်လာမလဲဆိုတာကိုတော့ ကျွန်တော့်ဖက်ကလည်း အတိအကျ မပြောနိုင်သေးပါဘူး ”

” တခါတလေကျတော့ ကြံ့ခိုင်မှု ပြည့်ဝဖို့ ၊ mood ပြန်ရဖို့ အချိန်ပေးရတယ်လေ ။ တခါတလေကျတော့ အသင်းမှာ အရည်အသွေးကောင်းတဲ့သူတွေကို ဆုံးရှုံးရလေ့ ရှိတတ််ပါတယ် ။ ဒါပေမဲ့ ဘာလို့ အဲ့ဒီလို ဖြစ်တာလဲဆိုတာကို သေသေချာချာ မသိရပါဘူး ”

” အခု သူ့ကို အကောင်းဆုံး အနေအထား ပိုင်ဆိုင်စေဖို့ ကျွန်တော်တို့ မျှော်လင့်နေကြပါတယ် ။ သူ့အနေနဲ့ စိတ်ပိုင််းနဲ့ ရုပ်ပိုင်ဆိုင်ရာ ကြံ့ခိုင်မှုတွေမှာ အဆင်သင့် ရှိနေဖို့ လိုအပ််နေတယ်လေ ” လို့ တန်ဟတ် က ပြောကြား သွားခဲ့လိုက််တာပဲ ဖြစ််ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်တို့ နောက်ဆုံး ကစားခဲ့ကြတဲ့ ပွဲစဥ်တွေမှာတော့ တိုက်စစ်ပိုင်းမှာ ရပ်ရှ်ဖို့ ၊ အန်တိုနီ နဲ့ ဂါနာချို တို့သာ ဦးစားပေး အဖြစ် ပါဝင်ခွင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီမှာတော့ ဂါနာချို က ပုံစံကောင်းတွေ ပြသရင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar