” ဘယ်သူမှ သိမှာ မဟုတ်ဘူး ” မန်ချက်စတာ ယူနိုက်တက် မှ ရော်နယ်ဒို ထွက်သွားတဲ့ အပေါ် ထင်မြင်ချက်တွေ ပေးလိုက်တဲ့ ဇလာတန်

အေစီ မီလန် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ ဇလာတန် အီဗရာဟီမိုဗစ် က မန်ချက်စတာ ယူနိုက်တက် အသင်းမှ ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာသွားခဲ့ရတဲ့ နောက်ကွယ်က ပုံပြင်ကို ပရိသတ်တွေ သိနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြော သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက ပီယာစ် မော်ဂန်နဲ့ အကြမ်းစား အင်တာဗျူး လုပ်ဆောင််ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အဆင်မပြေနိုင်တော့မှုတွေကြောင့် နှစ်ဦး နှစ်ဖက် သဘောတူညီိ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ရော်နယ်ဒို ဟာ အသင်းမှ ထွက်ခွာချင်တဲ့ အကြောင်းမျိုးကို သူ့ရဲ့ ရှေ့မှောက် ဘယ်တုန်းကမှ ထုတ်ပြောခဲ့တာမျိုး မရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ် ။

အခုဆိုရင် ဒီအကြောင်းကို အဲရစ် တန်ဟတ်ရော ခရစ္စတီယာနို ရော်နယ်ဒို ပါ လူသိရှင်ကြား ပြောခဲ့ကြပြီးပြီပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဇလာလန် အီဗရာဟီမိုဗစ် ကတော့ နောက်ကွယ်က ပုံပြင်တွေကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူးလို့ ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” သူ (ရော်နယ်ဒို) အသင်းမှ ထွက်ခွာသွားခဲ့ပါပြီ ။ ဒါမျိုး ဖြစ်ပျက်သွားပြီးချိန်မှာ ကျွန်တော်တို့ဟာ အမှန်တရာကို လုံးဝ သိနိုင်မှာ မဟုတ်ဘူးလို့ပဲ ကျွန်တော် ပြောချင်မိပါတယ် ။ သူတို့ကတော့ public အကြားမှာ သူတို့တွေ ပြောချင်တာ အကုန်ပြောသွားကြမှာပါပဲ ”

” ရော်နယ်ဒို က သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက် ပြောဆိုသင့်တာတွေကို ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီနောက် နည်းပြ ဖြစ်သူကလည်း သူ့ကိုယ်သူ ပြန်လည် ကာကွယ်ဖို့ အတွက်် ပြောဆိုသင့်တာတွေကို ပြန်လည် ပြောဆိုသွားခဲ့လိုက််တာပဲ ဖြစ်ပါတယ် ”

” အဲ့ဒီနောက် အသင်းဖက်ကလည်း ပြောစရာရှိတာ ပြောလိုက်တာပါပဲ ။ ကျွန်တော်နဲ့တော့ ဘယ်တူလိမ့်မလဲဗျာ ၊ ကျွန်တော်သာဆိုရင် ဒါတွေ ဘယ်လို ဖြစ်ပျက်သွားခဲ့တာလဲ ဆိုတာကို ထုတ်ပြောလိုက်မှာပါ ။ ဒါပေမဲ့ ကျွန်တော်တို့က ခြားနားကြတယ်လေ ”

” လူတိုင်းက ကိုယ့်ပုံရိပ်နဲ့ ပတ်သက်လို့ သတိထားကြပါတယ် ။ ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ ပုံရိပ်က စိတ်ထဲ ရှိသလို နေထိုင်ပြောဆိုတာပါပဲ ။ ဒါပေမဲ့ ပုံပြင် အမှန်ကိုတော့ ကျွန်တော်တို့ သိနိုင်မှာ မဟုတ်ဘူး သူငယ်ချင်းရေ ” လို့ ဇလာတန် က ထုတ်ပြောလိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar