(ပြင်သစ် vs မော်ရိုကို?) အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဘယ်အသင်းတွေ့ဆုံသွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ခရစ်ဆက်တန်

အာဂျင်တီးနား အသင်းဟာ ယနေ့မနက် အစောပိုင်းက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှား ကို ၃-၀ နဲ့ အနိုင်ယူကာ ဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ နောက်ထပ် ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ပြင်သစ်နဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး အာဂျင်တီးနားနဲ့ ဖိုင်နယ်မှာ ဘယ်အသင်း တွေ့ဆုံသွားမလဲဆိုတာကို ခရစ်ဆက်တန်က ယခုလို ခန့်မှန်းလိုက်ပါတယ်။

ပြင်သစ် vs မော်ရိုကို
မော်ရိုကိုရဲ့ ပွဲအစီအစဉ်ကတော့ ခံစစ်ကို အထိုင်ချကာ အခွင့်အရေး ရတာနဲ့ တန်ပြန်တိုက်စစ်ဆင် ကစားသွားဖို့ပါ။ ရိုးရှင်းလှပေမယ့် နာမည်ကြီး အသင်းတွေကို သူတို့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံကို လိုက်လုပ်နိုင်ဖို့ ဆိုတာ လွယ်ကူလှတာတော့ မဟုတ်ပါဘူး။ ဒီကမ္ဘာ့ဖလားမှာ သူတို့ ပေးခဲ့ရတဲ့ တစ်လုံးတည်းသော ဂိုးက ကနေဒါနဲ့ အုပ်စုပွဲစဉ်မှာ အဂွီရက်ရဲ့ own goal ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဆီမီးဖိုင်နယ်ကို တက်လာခဲ့တဲ့ လမ်းကြောင်းမှာ ခရိုအေးရှား ဘယ်ဂျီယံ စပိန် ပေါ်တူဂီ စတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပြီး ဘယ်အသင်းမှာ သူတို့ကို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

မော်ရိုကိုနဲ့ ပက်သက်ပြီး စိတ်ပူမိတာကတော့ ပွဲပမ်းမှုနဲ့ ဒဏ်ရာပြသနာတွေ ဖြစ်ကာ ဒါတွေဟာ သူတို့ကို ဒီပွဲမှာ ဒုက္ခပေးနိုင်ပါတယ်။ ရိုမန်ဆိုက်ဟာ ပေါ်တူဂီနဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့သလို နောက်ခံလူ အဂွီရက် မာဇူရာဝီ နဲ့ အဓိက ကွင်းလယ်လူ အမ်မရာဘတ် တို့ရဲ့ ကြံ့ခိုင်မှုတွေကလည်း သံသယ ဖြစ်စရာ အနေအထားမှာ ရှိနေပါတယ်။ မော်ရိုကိုဟာ တန်ပြန်တိုက်စစ်ဆင်တဲ့ နေရာမှာ လျှင်မြန်မှုနဲ့ အချိတ်အဆက်မိလှတဲ့ တွဲလုံးတွေနဲ့ ပြိုင်ဘက်ခံစစ်ကို ဖြိုခွဲတာ ဖြစ်ပြီး သူတို့ဟာ ဒီပွဲစဉ်မှာလည်း အခွင့်အရေးတစ်ချို့ ရယူနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒဏ်ရာ ပြသနာတွေ ကြံ့ခိုင်မှု အခြေအနေတွေကြောင့် full effect ကို မြင်တွေ့ရနိုင်ဖို့ မသေချာပါဘူး။

ပြင်သစ်နဲ့ပက်သက်ပြီး ဖော်ပြနိုင်တဲ့ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ဟာ နိုင်ပွဲကို ပုံစံမျိုးစံနဲ့ ရှာဖွေနိုင်စွမ်း ရှိတာ ဖြစ်ပြီး ဒီပွဲမှာလည်း ကျနော် ဒါကို မျှော်လင့်ထားပါတယ်။ အိုလီဗာဂျီရူးဟာ ပြင်သစ် အတွက် နောက်ထပ် အဆုံးအဖြတ် လုပ်ပေးနိုင်အုံးမှာပါ။ ပြင်သစ်ရဲ့ ကစားဟန်ဟာ တအားကို ဆွဲဆောင်မှု မရှိပေမယ့် ကြည့်လို့တော့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ မျက်စိကျစရာ ကစားသမားတွေ ရှိနေလို့ပါ။

သူတို့ဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်မှာ အခွင့်အရေးတွေ ရလာတဲ့အခါမှာ အင်္ဂလန်ထက် ပိုပြီး ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တိုက်စစ်ပိုင်းဟာ ဒီပွဲစဉ်မှာလည်း အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြင်သစ်တို့ ဦးဆောင်ဂိုး သွင်းယူကာ နောက်တဆင့်ကို တက်သွားနိုင်မယ်လို့ ကျွန်တော် ထောက်ခံပါတယ်။ မော်ရိုကို ကလည်း ပြင်သစ်ဘက်ကို ဂိုးပြန်သွင်းနိုင်မှာပါ။ သူတို့ဟာ အရည်အသွေးထက်စာရင် စိတ်ဓာတ်ပြင်းထန်မှုကို အားကိုးသွားရနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့အတွက် တအားကို မြင့်လွန်းမယ့်ပွဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။

ကျွန်တော်ရဲ့ ခန့်မှန်းမှု မှားချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ပုံပြင်ကို ဖန်တီးပြနိုင်ခဲ့တဲ့ အသင်း ဖြစ်နေလို့ပါ။ ဒါပေမယ့် ဒါဟာ သူတို့ လက်ပြနှုတ်ဆက်ရမယ့် အဆင့် ဖြစ်ဖို့ များနေပါတယ်။

ခန့်မှန်းချက် – ပြင်သစ် ၂-၁ မော်ရိုကို

SM