အာဂျင်တီးနား Vs ခရိုအေးရှား?? ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပထမနေ့ ပွဲစဉ်ကို ခန့်မှန်းသွားခဲ့တဲ့ ခရစ်ဆက်တန်

အာဂျင်တီးနား Vs ခရိုအေးရှား

“ကျွန်တော် ကတော့ လက်မြှောက် အရှုံးပေးလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ ဒီပြိုင်ပွဲ တစ်လျှောက်လုံး ကျွန်တော် ခရိုအေးရှားကို ဘက်ကန်ပြီး ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ ကျွန်တော် ဆိုးဆိုးရွားရွား မှားယွင်းခဲ့တယ်လို့ ၀န်ခံရတဲ့ အပေါ် ပြသနာ မရှိပါဘူး။ သူတို့ဟာ တအားကို စုစည်းမှု ကောင်းပြီး အသက် ၃၇ နှစ်အရွယ် လူကာမိုဒရစ်ဟာ တအားကို လွှမ်းမိုးမှု ရှိနေဆဲပါ။ သူတို့ဟာ ဘောလုံးကို ကိုင်ကာ ပွဲကို ထိန်းချုပ်ကစားပြီး တအားကို ဒူပေနာပေ ခံတဲ့ အသင်း ဖြစ်ပါတယ်။

သူတို့ရဲ့ တိုက်စစ်ပိုင်းက အားနည်းမှုတွေ ရှိနေခဲ့ပေမယ့် သူတို့ အရေးကြီးတဲ့ အချိန်မှာ ဂိုးရအောင် ရှာဖွေနိုင်တယ် ဆိုတာကို ဂျပန် ဘရာဇီး တို့နဲ့ ပွဲစဉ်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ အကယ်လို့များ ဒီပွဲစဉ်ဟာ ပင်နယ်တီ အဆုံးအဖြတ်ကို ရောက်သွားခဲ့မယ်ဆိုရင် ဘယ်သူမှ ပြီးခဲ့တဲ့ round နှစ်ခုမှာ ဟီးရိုးဖြစ်ခဲ့တဲ့ လီဗာကိုဗစ်နဲ့ ရင်ဆိုင်သွားချင်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ဒါဟာ အာဂျင်တီးနား အတွက် တအားကို ခက်ခဲမယ့် ပွဲစဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ခရိုအေးရှားကို အထင်သေးသွားမှာ မဟုတ်တဲ့ အချက်ကတော့ သူတို့ကို အကူအညီ ဖြစ်စေမှာပါ။ သူတို့ ဘာကို မျှော်လင့်ထားရမလဲ ဆိုတာ သိနေပါတယ်။ အာဂျင်တီးနားဟာ ဒီပွဲစဉ်မှာ နယ်သာလန်နဲ့ ရူးသွပ်စရာ ကွာတားဖိုင်နယ် ပွဲစဉ်မှာ အဝါကတ်တွေ ထိခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် နောက်တန်း အစွန်လူတွေ ဖြစ်ကြတဲ့ မွန်တီရယ် နဲ့ အကူညာ တို့ကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။

မက်ဆီက အာဂျင်တီးနားကို ၂-၀ နဲ့ ဦးဆောင်စေမယ့်ဂိုး သွင်းပေးလိုက်ချိန်မှာ အာဂျင်တီးနားတို့ နောက်တဆင့်ကို ချောချောမောမော တက်သွားမယ့် ပုံစံ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နယ်သာလန်ရဲ့ တိုက်ရိုက် တိုက်စစ်ဆင် ကစားဟန်နဲ့ တုန့်ပြန်ခဲ့မှုဟာ ပွဲကို သရေဖြစ်စေခဲ့ပြီး အချိန်ပိုမှာသာ နယ်သာလန်တို့ ဒီအတိုင်း ဆက်ကစားခဲ့မယ် ဆိုရင် ဒီပွဲကို အနိုင်ရနိုင်ပါတယ်။

ဒီပွဲစဉ်ကတော့ နောက်တဆင့်ကို တက်ရောက်ဖို့ အတွက် နှစ်သင်းစလုံးမှာ ၅၀-၅၀ အခွင့်အရေး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ မက်ဆီရဲ့ အာဂျင်တီးနားတို့ ဖိုင်နယ်ကို တက်ရောက်သွားလိမ့်မယ်လို့ ထင်မိပါတယ်။ ဒီယေဂိုမာရာဒိုနာဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ကျွန်တော် အမြဲ ပြောနေခဲ့တာပါ။ သူဟာ ၁၉၈၆ ခုနှစ်က အာဂျင်တီးနားကို ကမ္ဘာ့ဖလား ရယူပေးခဲ့သူပါ။

မက်ဆီရဲ့ ဆုဖလားတွေ ပြည့်နှက်နေတဲ့ ကစားသမားဘ၀ဟာ ကမ္ဘာ့ဖလားနဲ့မှ ပြည့်စုံသွားမှာ ဖြစ်ပြီး အခုဆိုရင် သူဟာ ဒီအောင်မြင်မှုကို ရယူရန် ၂ ပွဲ အနိုင်ယူဖို့သာ လိုအပ်ပါတော့တယ်။ ကျွန်တော်ကတော့ ဒီလိုမျိုး ဖြစ်လာတာကို တအား မြင်ချင်ပါတယ်။ နယ်သာလန်နဲ့ပွဲမှာ အာဂျင်တီးနားရဲ့ အဖွင့်ဂိုးအတွက် မက်ဆီရဲ့ pass ဟာ တကယ့်ကို ကောင်းလှပြီး သူဟာ တစ်ပွဲလုံး အကောင်းဆုံး မကစားနိုင်ဘူးဆိုရင်တောင် အခိုက်အတန့်လေးတွေမှာ အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိနေသေးတယ် ဆိုတာကို ပြသခဲ့ပါတယ်။

ဒီပွဲစဉ်မှာလည်း အာဂျင်တီးနားဟာ မက်ဆီရဲ့ magic ကို လိုအပ်မှာပါ။ အာဂျင်တီးနား အနေနဲ့ ခပ်ရဲရဲ ကစားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ များသောအားဖြင့် သတိကြီးကြီး ထိန်းကစားနေလို့ပါ။ ခပ်ရဲရဲသာ ကစားသွားမယ် ဆိုရင် သူတို့ ဒီအဆင့်ကို ကျော်နိုင်မှာပါ။ ဒါ့ကြောင့် ဒီတစ်ကြိမ်လည်း ကျွန်တော် ခရိုအေးရှားကို ဘက်ကန်လိုက်ပြန်ပါတယ်။”

ခန့်မှန်းချက် – အာဂျင်တီးနား ၁-၀ ခရိုအေးရှား

 

SM