ချဲလ်ဆီး ကစားသမား ၂ ဦး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်း ပြောကြားလိုက်တဲ့ ပီတစ်

ဂန်းနား ဂန္တဝင် ကစားသမားကြီး ပီတစ် က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ကျရင် ချဲလ်ဆီး အသင်း က ကစားသမား နှစ်ဦး ကို ခေါ်ယူ သင့်တယ်လို့ အာဆင်နယ် အသင်းထံ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

ပီတစ် ဟာ ချဲလ်ဆီး နဲ့ အာဆင်နယ် အသင်း နှစ်သင်း စလုံးမှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ် ။ ပီတစ် က ချဲလ်ဆီး အသင်း ရဲ့ ကစားသမား နှစ်ဦး ဟာ အာဆင်နယ် အသင်း နဲ့ လုံးဝ ကိုက်ညီ အဆင်ပြေမယ့်သူတွေ ဖြစ်တာကြောင့် ဇန်နဝါရီ မှာ ခေါ်ယူ အားဖြည့် သင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။

ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် ရပ်နားထားရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး အာဆင်နယ် အသင်းက ဝက်စ်ဟမ်း ၊ ချဲလ်ဆီး အသင်း က ဘုန်းမောက် အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

မီခေးလ် အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်​ပေး ဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ၅ မှတ် ဖြတ်ထား နိုင်ပါတယ် ။ ပရိသတ် အများစုကတော့ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ရှိအောင် လာမယ့် ဇန်နဝါရီ မှာ ကစားသမားသစ် ခေါ်ယူမှုတွေ ပြုလုပ် စေချင်နေကြပါတယ် ။

ဂန်းနားဟောင်း ပီတစ် ကလည်း OddsBetting မှာ ” ကျနော် ကတော့ အန်ဂိုလို ကန်တေ ကို အာဆင်နယ် အသင်းဆီ ရောက်စေချင်ပါတယ် ။ ကန်တေ ကလည်း လန်ဒန်မှာ ဆက်နေချင်တယ်လို့ ကျနော် ကတော့ မြင်ပါတယ် ၊ ဒါကြောင့် အာဆင်နယ် အသင်း အနေနဲ့ အခွင့်အရေးကောင်းကို အမိအရ ဆုပ်ကိုင် သင့်ပါတယ် ။ ”

” ဇန်နဝါရီမှာ ဘာစီလိုနာ ကလည်း သူ့ကို ခေါ်ချင်နေမယ်လို့ ကျနော် ကတော့ မြင်ပါတယ် ။ ဒါပေမယ့် ကန်တေ က အာဆင်နယ် နဲ့ အံဝင်မယ့် ကစားသမား တစ်ဦးပါ ၊ အာဆင်နယ် အသင်းမှာ winnning mentality ရှိတဲ့ ကစားသမားမျိုး လိုအပ်ပါတယ် ။ ချဲလ်ဆီး အသင်းက သူ့ကို စာချုပ်သစ် မချုပ်တဲ့ အပေါ် အံ့ဩသင့်မိပါတယ် ၊ ဒါပေမယ့် ကျနော်တို့ မသိတဲ့ အရာတွေ သူတို့ သိထားတာကြောင့် ဖြစ်နိုင်ပါတယ် ၊ ကြံ့ခိုင်မှူ ပြဿနာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ”

” ကန်တေ ကို ရလိုက်တဲ့ အသင်းကတော့ ကံကောင်းမှာပါ ၊ သူက ကိုယ့်ကိုယ်ကို နှိမ့်ချ ဆက်ဆံ တက်ပြီး ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမား တစ်ဦးပါ ၊ အဝတ်လဲခန်း အတွင်းမှာ သူ့လို ခေါင်းဆောင်မျိုး ရှိနေဖို့ လိုအပ်ပါတယ် ။ ” ဆက်လက်ပြီး ပီတစ် က ” ကမ္ဘာ့ဖလားမှာ ပူလီဆစ် က လက်စားချေလိုစိတ် နဲ့ ကစားသွားခဲ့တာကို ခင်ဗျားတို့လည်း မြင်ကြမှာပါ ။ ”

” သူ USA အတွက် ကစားသွားတာ သိပ်ကောင်းပါတယ် ၊ နောက်ထပ် အသင်း တစ်သင်းမှာ ပုံမှန် ပွဲထွက် ကစားဖို့ လုံးဝ ထိုက်တန်သူပါ ။ သူက အာဆင်နယ် အသင်းမှာ လုံးဝ လိုအပ်နေတဲ့ ကစားသမားမျိုးပါ ၊ ဂျေးဇု မကစားနိုင်ချိန်မှာ သူ က ကောင်းမွန်တဲ့ option တစ်ခု ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SM