ကိုဒီ ဂတ်ပို ကို လိုချင်နေသူတွေအား ကြိုတင် သတိပေးမှု ပြုလုပ်လိုက်တဲ့ မာဆယ် ဘရန်းစ်

ကိုဒီ ဂတ်ပို ဆိုတာ ပြီးခဲ့တဲ့ နွေကတည်းက ပရိီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ််ကစားသမား ဖြစ်ခဲ့သူ တစ်ဦးပါပဲ ။ ဒါပေမဲ့ အန်တိုနီ ကို ရရှိခဲ့တဲ့ အတွက် ယူနိုက်တက်တို့ဟာ သူ့ကို မေ့ထားခဲ့လိုက်ရပါတယ် ။

အဲ့ဒီနောက် သူဟာ PSV အသင်းအတွက် ပြိုင်ပွဲစုံ 13 ဂိုး သွင်းယူ ၊ 17 ဂိုး အထိ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန် လက််ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခွင့်တွေ ရရှိခဲ့ပြီး အုပ်စု သုံးပွဲလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် ရော်နယ်ဒိုကို လက်လွှတ်ခဲ့လိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ယူဖို့ တဖန်ပြန််လည် စိတ်ဝင်စားလာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အခုတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ် အသင်းတွေ ပိုပြီး များပြားလာခဲ့ကြပါပြီ ။

ဒါ့ကြောင့် သူ့ကိုခေါ်ယူဖို့ လွယ်ကူမှာ မဟုတ်တော့ပါဘူး ။ ဒီလို အနေအထားမှာ PSV အသင်းရဲ့ အားကစားဒါရိုက််တာ ဖြစ်သူ မာဆယ် ဘရန်းစ် က ကစားသမားကို ရောင််းချဖို့ ရှိနေသော်ငြား စျေးကတော့ မြင့်တက်သွားဖို့သာ ရှိကြောင်း သတိပေး သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အမှန်တရားကို လက်ခံဖို့ လိုအပ်ပါတယ် ။ ကိုဒီ ဂတ်ပို နဲ့ သူ့ရဲ့ စျေးနှုန်း အကြောင်း ပြောလိုက်ရင် အသင်း ဘယ်လောက်က သူ့ကို ခေါ်ယူဖို့ တက်နိုင်မလဲ ? ဥရောပမှာ 10-12 သင်း ရှိတယ် ဆိုတာလောက်ပဲ ခင််ဗျားတို့ ပြောနိုင်မှာပါ ”

” ခင်ဗျားတို့ ဒီလို နေရာမှာ ကစားတဲ့ ကစားသမားမျိုးကို လိုချင်နေမှာ ဖြစ်ပြီး ငွေကြေးလည်း တက်နိုင်လောက်မှာပါ ။ ဒါပေမဲ့ နွေမှာ ဝယ်ရတာထက် ဇန်နဝါရီမှာ ဝယ်တာကို သိပ်ပြီး စိတ်ထဲ တထိတ်ထိတ် ဖြစ်မှာ မဟုတ်ပါဘူး ။ အပြောင်းအရွှေ့ ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ကြတာပေါ့ ”

” သူ့မှာ စာချုပ် ဖျက်သိမ်းကြေး ဘာညာ ရှိမနေပါဘူး ။ သူနဲ့ ပတ်သက်လို့ သဘောတူထားတဲ့ စျေးပမာဏမျိုးပါ ရှိမနေသေးပါဘူး ။ သူနဲ့ ပတ်သက်လို့ သဘောတူညီမှု အချိို့ လုပ်ခဲ့တာက ကျွန်တော် မရောက်သေးခင်တုန်းကပါ ။ သူ့ရဲ့ စျေးနှုန်း အကြောင်း သတ်မှတ်ချက် မရှိသေးပါဘူး ”

” အကယ်လို့ ကိုဒီ သွားချင်တဲ့ အသင်းမျိုးက ကမ်းလှမ်းလာခဲ့ရင် အရင်က သတ်မှတ်ထားခဲ့တာတွေ အသက်ဝင်လာမှာပါ ။ ဒါက PSV အတွက် သေချာပေါက် စံချိန်တင် ပြောင်းရွှေ့မှု ဖြစ်သွားမှာပါ။ အဲ့တာပြီးရင် ဘယ်လိုလမ််းကြောင်းမျိုး ရွေးရမလဲဆိုတာ ခင်ဗျားတို့ မြင်လာမှာပါ ”

” ကိုဒီ အကြောင်းက တိတ်ဆိတ်နေဆဲပါ ။ သူက အားလပ််ရက် 10 ရက် ရထားတယ်လေ ။ အကယ်လို တစ်စုံတစ််ခု ထူးတာရှိရင် ကိုဒီ နဲ့ သူ့ရဲ့ လူတွေ သိကြမှာပါပဲ ။ ကျွန်တော်တို့ကတော့ အခုထိ ဘာမှ မသိရသေးပါဘူး ” လို့ ဘရန်းစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar