အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားရှုံးနိမ့်မှုအတွက် အဓိကတာဝန်ရှိသူကို ဖာဒီနန် သုံးသပ်ပြောဆို

ပြင်သစ် အသင်းကို ၂-၁ နဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ကနေ နှုတ်ဆက် ထွက်ခွာ ခဲ့ရတဲ့ ပွဲမှာ အင်္ဂလန် ကစားသမားတွေ နဲ့ အစီအစဉ် တင်ဆက် သုံးသပ်သူတွေ ဟာ ကွင်းလယ်ဒိုင် နဲ့ VAR ဆုံးဖြတ်မှုတွေ ကို အသားပေး ပြောဆို ဝေဖန် ခဲ့ကြပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန် ကတော့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက် အမှားတချို့ ဟာ ပြင်သစ် ကို အရေးနိမ့် စေခဲ့တယ်လို့ ထည့်သွင်း ဖြည့်စွက် သွားခဲ့ ပါတယ် ။

ပြင်သစ် ဟာ ချူအာမာနီ ၊ ဂျီရူး တို့ရဲ့ ဂိုးတွေနဲ့ အင်္ဂလန် ကို အနိုင်ရခဲ့ တာဖြစ်ပြီး အင်္ဂလန် ဘက်က ပင်နယ်တီ ၂ ကြိမ် ရရှိခဲ့ ပေမယ့် တိုက်စစ်မှူး ဟယ်ရီကိန်း က တလုံးသာ ဝင်အောင် ကန်သွင်း နိုင်ခဲ့ ပါတယ် ။

ဒါဟာ အင်္ဂလန် အသင်းကို ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့် ကနေ ၇ ကြိမ်မြောက် အိမ်ပြန် စေခဲ့ရမှု ဖြစ်သွား စေခဲ့ရ ပါတယ် ။

သူ့ရဲ့ Five YouTube Channel ကနေ တင်ဆက်မှုမှာတော့ ဖာဒီနန် က မားကပ် ရက်ဖိုဒ့် နဲ့ ဂျက် ဂရီလစ်ရှ် တို့လို ကစားသမားတွေကို စောစော စီးစီး လူစားလဲ မထည့်ခဲ့တဲ့ ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက် ကို မေးခွန်း ထုတ်သွားခဲ့ပြီး နည်းပြ ရဲ့ လုပ်ရပ်တွေဟာ Three Lions တွေကို ကျရှုံး စေခဲ့တယ်လို့ ပြောဆို ဝေဖန်သွားခဲ့ ပါတယ် ။

“ဆောက်ဂိတ် က နည်းပြကောင်း တယောက်ပါ ။ ဒါပေမယ့် ပြင်သစ် နဲ့ ပွဲမှာတော့ သူ့ ဆုံးဖြတ်ချက် တချို့ကို ကျွန်တော် မေးခွန်း ထုတ်ချင် ပါတယ် ။ လူစားလဲ တာတွေ ၊ အရန်တွေကို စီမံတာတွေ ၊ ပွဲချိန် အတွင်း ပြင်ဆင်တာတွေ မှာ ကျွန်တော်တို့ ကို ကျရှုံး စေတဲ့ အရာတွေ ရှိခဲ့ ပါတယ်”

“တဂိုးစီ ဖြစ်နေတဲ့ အနေအထားမှာ ကျွန်တော်တို့ က ခံစစ်ပြင်ထားပြီး ပြင်သစ် တိုက်သမျှ ကို ကြံ့ကြံ့ခံ နေရပါတယ် ။ ဒီလို အချိန်မှာ ရက်ဖိုဒ့် တို့ ဂရီလစ်ရှ် တို့လို တန်ပြန် ကောင်းတဲ့ ကစားသမားတွေ ကို ရှေ့မှာ ထည့်ပြီး တုန့်ပြန် မယ်ဆိုရင် ပွဲက ပြောင်းလဲ သွားမှာပါ ။ ဒါပေမယ့် သူ ( ဆောက်ဂိတ် ) လုပ်တာ နောက်ကျလွန်းပါတယ်”

“အင်္ဂလန် ရဲ့ အခုမျိုးဆက် က တကယ် ကောင်းတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာပါ ။ အသက်အရွယ်ပိုင်း အရရော အတွေ့အကြုံပိုင်းအရရော ခြေစွမ်းပိုင်းအရပါ စိတ်ကျေနပ် စရာတွေချည်း ပါပဲ ။ ဒီအုပ်စု နဲ့ တခုခုကို ရယူ နိုင်ခဲ့သင့် ပါတယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်တို့ ထပ်ပြီး ကျရှုံး ခဲ့ရပြန်တာ ပါပဲ” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂလန် အသင်းနဲ့ ကစားသမားတွေ ဟာ မနေ့က ကာတာ နိုင်ငံ ကနေ ထွက်ခွာပြီး အင်္ဂလန် ကို ပြန်လာခဲ့ ကြပြီ ဖြစ်ပါတယ် ။

အင်္ဂလန် ဟာ ဆောက်ဂိတ် လက်ထက်မှာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တကြိမ် ၊ ကွာတားဖိုင်နယ် ၁ ကြိမ် တက်ရောက် နိုင်ခဲ့ပြီး ယူရို ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်း ထားနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR