နံနက်ခင်းအားကစားသတင်းများ ( ကမ္ဘာ့ဖလား နဲ့ ကလပ်အသင်း နောက်ဆုံးရအကြောင်းအရာများ )

ကမ္ဘာ့ဖလားမှာ ခရိုအေးရှား နဲ့ ခြေစွမ်းတွေ ပြသနေတဲ့ လိုက်ပ်ဇစ် ခံစစ်မှူး ဂျီဗာဒေါ ကို စိတ်ဝင်စားတဲ့ ဥရောပ ထိပ်သီး ကလပ်တွေ ပိုမို များပြား လာခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ချဲလ်ဆီး ရဲ့ ပစ်မှတ် ဖြစ်ခဲ့သူ ဂျီဗာဒေါ ကို မန်ချက်စတာ ၂ သင်း အပြင် ရီးရဲမက်ဒရစ် တို့ကလည်း အပြိုင် ချဉ်းကပ် သွားဖို့ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။ ဂျီဗာဒေါ ရဲ့ ဈေးကွက် တန်ကြေးဟာ ယူရို သန်း ၉၀ အထိ ရှိနေပြီး ကမ္ဘာ့ဖလား က ပုံစံကောင်း ပြမှုတွေကြောင့် သန်း ၁၀၀ အထိ ရောက်ရှိ သွားနိုင်တယ်လို့ သုံးသပ် ထားကြပါတယ် ။

ချဲလ်ဆီး ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ကွန်ကူ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ပြီးပေမယ့် တိုက်စစ်ကို ထပ်မံ အားဖြည့်ဖို့ စိတ်ကူး ရှိနေပြီး အေစီမီလန် တိုက်စစ်မှူး ရာဖေး လီယို ဆက်လက် ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း အိုဇေးလ် ဟာ ကမ္ဘာ့ဖလား ကနေ အိမ်ပြန် လာခဲ့ရတဲ့ အင်္ဂလန် က အာဆင်နယ် တောင်ပံ ကစားသမားလေး ဘူကာယို ဆာကာ အတွက် ဂုဏ်ယူကြောင်း နဲ့ အနာဂါတ်တွေ အများကြီး ရှိသေးကြောင်း အားပေးစာ ရေးသား ခဲ့ပါတယ် ။

အာဂျင်တီးနား နဲ့ ကမ္ဘာ့ဖလားမှာ ပါဝင် ကစားနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ မက် အလစ်စတာ ကို အက်သလက်တီကို မက်ဒရစ် ၊ အင်တာမီလန် နဲ့ ယူဗင်တပ် အသင်းတွေက စောင့်ကြည့် စိတ်ဝင်စား လာကြတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ ဘက်စကွက် ဟာ ကမ္ဘာ့ဖလား ကနေ အိမ်ပြန် ခဲ့ရ အပြီးမှာ စပိန် လက်ရွေးစင် အသင်း ကနေ အနားယူဖို့ စိတ်ကူးနေပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်ဟတ် က သူတို့ဟာ ရာသီ အကုန်မှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးမယ့် ကစားသမားတွေ အတွက် စဉ်းစား စီစဉ်နေပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လုခ်ရှော ၊ ဒဟဲယား ၊ ဖရက်ဒ် ၊ ရက်ဖိုဒ့် ၊ ဒါးလော့ ၊ ဂါနာချို တို့ အပါအဝင် ယူနိုက်တက် ကစားသမား ၁၀ ယောက် ဟာ ၂၀၂၃ ဇွန်လ မှာ စာချုပ်ပြည့်ကြ တော့မှာပဲ ဖြစ်ပါတယ် ။

ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ကို တပတ် လုပ်ခ ပေါင် ၈ သိန်းကျော် နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို အပါအဝင် ကစားသမား ၁၀ ယောက်ဟာ ကမ္ဘာ့ဖလား ကနေ ထွက်ခွာ ခဲ့ရတဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ လစ္စဘွန်း ကို မပြန်လာခဲ့ဘဲ ကိုယ်စီ ထွက်ခွာ ခဲ့ကြတယ်လို့ သိရပါတယ် ။

ရိုနယ်ဒို ကတော့ အင်စတာဂရမ် ပေါ်ကနေ ကမ္ဘာ့ဖလားနှုတ်ဆက်စာကို ရေးသား ခဲ့ပြီး အသင်းသစ် ရှာဖွေမှု မပြုလုပ်သေးဘဲ နေဖို့ ရှိနိုင်တယ်လို့ သုံးသပ် ထားကြပါတယ် ။

ရိုးမား ခံစစ်မှူး စမောလင်း ကို အင်တာမီလန် နဲ့ ယူဗင်တပ် အသင်းတို့က စိတ်ဝင်စားနေတယ် လို့လည်း ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ကတော့ အင်တာမီလန် ရဲ့ နယ်သာလန် ခံစစ်မှူး စတီဖန် ဒီဗာ့ဂျ် ကို အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရှိရ ပါတယ် ။

အင်္ဂလန် အသင်းကနေ စောစော ခွဲခွာပြီး အိမ်ပြန် လာခဲ့တဲ့ ဘန်ဝှိုက် ဟာ အာဆင်နယ် အသင်း နဲ့ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီလို့ သိရပါတယ် ။

ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ ကမ္ဘာ့ဖလား ဝင် ကစားထားတဲ့ ဘောလုံးသမား အားလုံးကို ဒီဇင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး အသင်းထံ ပြန်လည် သတင်းပို့ဖို့ အချိန် သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။

ဒဏ်ရာ ရရှိနေတဲ့ လီဗာပူး ရဲ့ ဘရာဇီး ကွင်းလယ်လူ အာသာမယ်လို ဟာလည်း သတ်မှတ် ထားတဲ့ ရက်ထက် စောပြီး ပြန်လည် လေ့ကျင့်မှု ပြုလုပ် နိုင်ဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR