ဘရာဇီးရဲ့ အမှားကို ပြောလိုက်တဲ့ တီတေး ၊ သူသာ ဘရာဇီး နည်းပြဆို ဘာလုပ်ဖြစ်မလဲဆိုတာ ပြောပြလိုက်တဲ့ ခရိုအေးရှား နည်းပြ ဒါလစ်

မနေ့ညကတော့ ဘရာဇီး လက်ရွေးစင် အသင်း နဲ့ ခရိုအေးရှား လက်ရွေးစင် အသင်းတို့ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့် ပွဲစဥ် ကစားခဲ့ရပြီး ခရိုအေးရှား တို့ဟာ နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ ဘရာဇီး တို့ဟာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အများကြီး လုပ်နိုင်ခဲ့ပြီး ကြီးမားတဲ့ အခွင့်အရေးတွေကိုလည်း 4 ကြိမ် အထိ ဖန်တီးနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ခရိုအေးရှား ဂိုးသမား လီဗာကိုဗစ် ရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးကံခေခဲ့ရပါတယ် ။

အဲ့တာကြောင့် အချိန်ပို မိနစ် 30 ဆက်လက် ကစားခဲ့ရပြီး ပွဲချိန် 105 မိနစ်မှာ ပါကွီတာ ရဲ့ ဖန်တီးမှုမှတဆင့် ဘရာဇီး စူပါ စတား နေမာ က ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ 117 မိနစ်မှာတော့ ခရိုအေးရှား အတွက် ပတ်ကိုဗစ် က ခြေပဂိုး သွင်းယူခဲ့ပါတယ် ။

ဒါ့ကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး 4 ဂိုးလုံး ဂိုးရအောင် ကန်သွင်းနိုင်ခဲ့တဲ့ ခရိုအေးရှားတို့ ဆီမီး ဖိုင်နယ််အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပါတယ် ။ ဒီနေရာမှာ ရိုဒရီဂို ၊ မာကွင်ဟို့စ် တို့ ပင်နယ်တီ လွဲချော်ခဲ့တာက ဆမ်ဘာ တေးသွားသံ ဆိတ်ငြိမ်စေခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ဘရာဇီး နည်းပြ တီတေးက တစ်ဂိုးထက် ပိုပြီး မသွင်းယူနိုင်ခဲ့တာက သူ့တို့ကို ရှုံးနိမ့်စေခဲ့တာ ဖြစ်ကြောင်း ၊ နေမာ ကို ဖိအားများလွန်းတဲ့ နောက််ဆုံး ပင်နယ်တီ ကန်သွင်းစေလိုခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” 5 လုံးမြောက် ပင်နယ်တီ က အဆုံးအဖြတ် ဖြစ်စေတဲ့ ပင်နယ်တီလေ ။ ကျွန်တော်တို့ ဖိအားတွေ ပိုပြီး များပြားသွားခဲ့ရပါတယ် ။ ပြီးတော့ အကောင်းဆုံး ကြိုတင် ပြင််ဆင်ထားခဲ့တဲ့ ကစားသမားတွေကို ပင်နယ်တီ ကန်သွင်းဖို့ ညွှန်ကြားခဲ့ရပါတယ် ”

” ကျွန်တော်တို့ မညီညွတ်ခဲ့တဲ့ တစ်ခုတည်းသော အရာက တစ်ဂိုးထက်ပိုပြီး မသွင်းယူပြနိုင်ခဲ့ခြင်းပါပဲ ” လို့ တီတေး က ပြောလိုက်တာ ဖြစ်ပြီး ခရိုအေးရှား နည်းပြ က သူသာ ဘရာဇီး နည်းပြ ဖြစ်ခဲ့ရင် နေမာကို အရင်ဆုံး ပင်နယ်တီ ကန်သွင်းစေခဲ့မှာ ဖြစ်ကြောင်း ပြောပြခဲ့လိုက်ပါတယ် ။

” ကျွန်တော်သာဆိုရင် သူ့ (နေမာ) ကိုပဲ သေချာပေါက် ပထမဆုံး ကန်သွင်းသူအဖြစ် အသုံးပြုခဲ့မှာပါ ။ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ အချိန် ကျရောက်လာတဲ့ အခါမှာပဲ ဘရာဇီး ကတော့ ရှုံးပြီလို့ ကျွန်တော် ကြိုတင် သိခဲ့လိုက်တယ်လေ ”

” ကျွန်တော်တို့ နောက်တစ်ဆင့် တက်ဖို့ ရေပန်းစားခဲ့ပြီ ဆိုတာကို ကြိုသိလိုက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရတိုင်း ကျွန်တော်တို့တွေ နိုင်ခဲ့တာချည်းမို့လို့ပါပဲ ။ ဒါဟာ ကျွန်တော်တို့ အတွက် သမိုင်းတစ်လျှောက် ခမ်းနားလွန်းတဲ့ နိုင်ပွဲ တစ်ပွဲပါပဲ ”

” ဒီလို တိုက်ပွဲဝင်နိုင်တာလည်း ခရိုအေးရှား တစ်သင်းပဲ ရှိတယ်လေ ။ ကျွန်တော်တို့ ဘယ်လို come back ခဲ့ကြလဲ ဆိုတာပဲ ကြည့်လိုက်ပါ ။ ခရိုအေးရှား တိုက်ပွဲဝင်နေပြီ ၊ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတာကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပြန်ပါတယ် ” လို့ ဒါလစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar