” ဒီဒိုင်လူကြီး နဲ့ ထပ်မကြုံရဖို့ မျှော်လင့်ပါတယ်” နယ်သာလန် အပေါ် ဒိုင်လူကြီး မျက်နှာသာပေးခဲ့တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ မာတီနက်ဇ်

အာဂျင်တီးနား အသင်း ရဲ့ ဂိုးသမား မာတီနက်ဇ် က ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ နယ်သာလန် အသင်း နဲ့ ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက်တွေဟာ အတော်လေး ဆိုးရွားခဲ့တယ်လို့ ဆိုလိုက်ပြီး အသုံးမကျတဲ့ ဒိုင်လူကြီး လို့ သုံးနှုန်း ဝေဖန် ပြစ်တင် သွားခဲ့ပါတယ် ။

ရင်ခုန် စရာ စိတ်လှုပ်ရှား စရာ အပြည့်နဲ့ ပြီးဆုံး သွားခဲ့တဲ့ အာဂျင်တီးနား နှင့် နယ်သာလန် ပွဲမှာ ကွင်းလယ် ဒိုင်လူကြီး Lahoz ဟာ အဝါကဒ် စုစုပေါင်း ၁၄ ကဒ် အထိ ပြသ ခဲ့ပြီး နယ်သာလန် အသင်းကို အဝါကဒ် ၆ ကဒ် ၊ အာဂျင်တီးနား အသင်းကို အဝါကဒ် ၈ ကဒ် အထိ ပြသ ခဲ့ပါတယ် ။ ဒါ့အပြင် အာဂျင်တီးနား လက်ထောက် နည်းပြ ဝေါလ်တာ ဆမ်မြူရယ် အဝါကဒ် ထိခဲ့ပြီး နယ်သာလန် နောက်ခံလူ ဒမ်ဖရိုင်းစ် လည်း နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ် ။

ပင်နယ်တီ အဆုံးအဖြတ်တွင် နယ်သာလန် အသင်း ရဲ့ ပင်နယ်တီ ကန်သွင်းချ​က် နှစ်ကြိမ်ကို လက်စွမ်းပြ ကာကွယ် ခဲ့ဖူးတဲ့ မာတီနက်ဇ် က ပွဲအပြီးမှာ ဒိုင်လူကြီး ရဲ့ ဆုံးဖြတ်ချက်တွေကို ​ခုလို ဝေဖန် သွားခဲ့ပါတယ် ။ ” တကယ့်ကို သတိထား ကစားခဲ့ရတဲ့ ပွဲပါပဲ ။ ကျနော်တို့ ပွဲကို ကောင်းကောင်း ထိန်းချုပ် ကစား နိုင်ခဲ့ပါတယ် ။ နှစ်ဂိုးပြတ် နဲ့လည်း ဦးဆောင် နိုင်ခဲ့ပါတယ် ။ ”

” အခြေခံ အားဖြင့် ကျနော်တို့ ပွဲကို ထိန်းချုပ် နိုင်ခဲ့ပါတယ် ။ ဒိုင်လူကြီး က သူတို့(နယ်သာလန်) အတွက် အရာအားလုံးလုပ်ပေးနေတာပါ ၊ ရုတ်တရက် သူတို့ဘက် ကောင်းမွန်တဲ့ခေါင်းတိုက်ချက် ကန်သွင်းချက်တွေနဲ့ ချေပဂိုး ပြန်ရသွားခဲ့တာကြောင့် ပွဲအခြေအနေက ရုတ်ချည်း ပြောင်းလဲ သွားခဲ့ပါတယ် ။ ”

” ဒိုင်လူကြီး က နယ်သာလန် ကိုချည်း တောက်လျှောက် ကန်ခွင့် ပေးနေတာပါ ၊ အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲနဲ့လည်း နာကျင် အချိန်ပို ၁၀ မိနစ် ပေးလိုက်ပါတယ် ၊ ကျနော်တို့ရဲ့ ဂိုးဧရိယာ အပြင်ဘက်မှာလည်း ဖရီးကစ်တွေ ပေးခဲ့ပါတယ် ၊ နှစ်ကြိမ် သုံးကြိမ်လောက်ကို ရှိခဲ့ပါတယ် ။ ဒိုင်လူကြီး က နယ်သာလန် ဘက်ကို ဂိုးရစေချင်ပုံပါပဲ ၊ ဒါကြောင့် ဒီဒိုင်လူကြီး နဲ့ ထပ်မကြုံရဖို့ မျှော်လင့်ပါတယ် ၊ တကယ့်ကို အသုံးမကျတဲ့သူပါဗျာ ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

အာဂျင်တီးနား အသင်း နည်းပြ စကာလိုနီ ကတော့ ပွဲအပြီးမှာ စပိန် ကွင်းလယ် ဒိုင်လူကြီး Lahoz ရဲ့ စွမ်းဆောင်ရည်အပေါ် မှတ်ချက် ပေးခဲ့ခြင်း မရှိပါဘူး ။ နယ်သာလန် နည်းပြ ဗန်ဟားလ် ကတော့ ” ကစားသမားတွေကြားမှာ အပြန်အလှန် ပြောခဲ့ကြတဲ့ စကားတွေ ရှိပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေလည်း အတော် များခဲ့ကြပါတယ် ၊ ဒါပေမယ့် ကျနော် ကိုယ်တိုင် ကွင်းထဲမှာ ရှိမနေတော့ ဘာတွေ ဖြစ်ကြမှန်း အတိအကျ မသိပါဘူး ။ ”

” ကျနော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ကတည်းက ပင်နယ်တီ လေ့ကျင့်မှုတွေ လုပ်ခဲ့ ကြပါတယ် ။ ကျနော်တို့ အနိုင်ရမယ်လို့ တွေးထား ခဲ့တာပါ ၊ ဒါပေမယ့် အနိုင် ရလဒ် အစား ၂၀၁၄ တုန်းက ပင်နယ်တီ နဲ့ ရှုံးနိမ့် ခဲ့ရသလိုမျိုးပဲကျနော်တို့ ထပ်ရှုံးသွားခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM