အဲရစ် တန်ဟတ် နေရာပေးသင့်တဲ့ ယူနိုက်တက် ကစား သမား တစ်ဦး အမည်ကို ထုတ်ပြောလိုက်တဲ့ ဝက်စ် ဘရောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူးဟောင်း တစ်ဦး ဖြစ်သူ ဝက်စ် ဘရောင်း ကတော့ ဒီယိုဂို ဒါးလော့ ဒဏ်ရာရသွားရင် ဒီရာသီ အသင်းမှာ ပါဝင်ပတ်သက်ခွင့် မရသလောက် ဖြစ်နေခဲ့ရတဲ့ ဝမ် ဘစ်ဆာကာ ကို နေရာပေးသင့်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဝမ် ဘစ်ဆာကာ ဟာ ဒီရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 4 မိနစ်သာ ကစားခွင့် ရရှိထားခဲဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ပွဲကစားချိန် မိနစ် ပိုင််ဆိုင်နိုင်ဖို့ ရုန်းကန်နေခဲ့ရပါတယ် ။ အခုချိန်မှာတော့ ဘစ်ဆာကာဟာ နောက်ကျောဒဏ်ရာမှ သက်သာလာခဲ့ပါပြီ ။

ဒါ့ကြောင့် ကမ္ဘာ့ ဖလား ကစားနေခဲ့ရတဲ့ ရက်စွဲ အတွင်း ကာဒစ်ဇ်နဲ့ ခြေစမ်းခဲ့တဲ့ ပွဲစဥ်မှာ ဘစ်ဆာကာဟာ ပွဲထွက် ကစားခွင့် ရနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ အဲရစ် တန်ဟတ် ကလည်း ဒီရက်ပိုင်း ကစားသမားတွေကို ကြံ့ခိုင်မှု အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့ မှာကြားခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ ပြီးခဲ့တဲ့ ရာသီကတည်းက နည်းပြ ရန်းဂနစ် လက်အောက်မှာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဒီယိုဂို ဒါးလော့ဟာ ဒီရာသီမှာလည်း နည်ပြသစ် အဲရစ် တန်ဟတ် နှစ်သက်တဲ့ ကစားသမား ဖြစ်နေခဲ့တဲ့အတွက်် ဘစ်ဆာကာဟာ ပွဲကစားခွင့် ဆုံးရှုံးခဲ့ရပါတယ် ။

ဒါ့အပြင် တန်ဟတ် က ဒါးလော့ ကို အနားပေးတဲ့ ပွဲမျိုးမှာလည်း တိုင်ရယ် မာလာစီယာ ကို ညာခံစစ် နေရာဖက်မှာ ထားပြီး ကစားစေခဲ့တဲ့ အတွက် ဘစ်ဆာကာ အသင်းမှ ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်လောင်ခဲ့ရပါသေးတယ် ။

အခုတော့ ယူနိုက်တက် နောက်ခံလူဟောင်း ဖြစ်တဲ့ ဝက်စ် ဘရောင်း က အင်္ဂလန်သား အနေနဲ့ လက်မလျှော့လိုက်သင့်ကြောင်း ၊ ဒါးလော့သာ ဒဏ်ရာ ရရှိသွားခဲ့မယ်ဆိုရင် တန်ဟတ် အနေနဲ့ သူ့ကို နေရာပေး ကစားစေသင့်ကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ဒါဟာ ဝမ် ဘစ်ဆာကာ အတွက် ခက်ခဲတဲ့ ရာသီ တစ်ခုပဲ ဖြစ်နေခဲ့မှာပါ ။ စိတ်ပိုင်းဆိုင်ရာအရတော့ သူ ok ပါစေလို့ ကျွန်တော် မျှော်လင့်နေခဲ့ရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကျွန်တော်တို့ အသင်းမှာ လိုအပ်နေသေးဆဲ ကစားသမား တစ်ဦး ဖြစ်နေသေးလို့ပါပဲ ”

” ဒီရာသီ ပုံစံကောင်း ပြသနိုင်ခဲ့ပြီး ပေါ်တူဂီမှာပါ အရွေးခံခဲ့ရတဲ့ ဒါးလော့သာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ညာခံစစ်် နေရာအတွက် သူဟာ အရွေးခံရသူ ဖြစ်သင့်ပါတယ် ။ သူဟာ လိုအပ်နေသေးဆဲ ကစားသမား တစ်ဦးပဲလေ ။ သူရခဲ့တဲ့ ဒဏ်ရာက သူ့ကို ဒုက္ခပေးခဲ့ပါတယ် ”

” သူဟာ မန်နေဂျာရဲ့ အာရုံစိုက်မှုကို ရရှိပြီး ဘာတွေလုပ်ပြနိုင်သလဲဆိုတာကို ပြနိုင်ပါစေလို့ မျှော်လင့်နေပါတယ် ။ ဒီရာသီ သူ မကစားခဲ့ရတဲ့အတွက် မကျေမနပ် ဖြစ်နေခဲ့မှာ အသေအချာပါပဲ ။ ဒီအတွက် သူ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ကြိုးစားမယ်လို့ ကျွန်တော် ယုံပါတယ် ” လို့ အီဗရာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar