မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းထွက်နေခဲ့တဲ့ ဂျုဒ် ဘယ်လင်ဂမ် ရဲ့ အနာဂတ် အပေါ် မှတ်ချက်ပေးလိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ပတ်ထရစ် အီဗရာ က ဒေါ့မွန် ကြယ််ပွင့်လေး ဂျုဒ် ဘယ်လင်ဂမ်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

အသက် 19 နှစ်သာ ရှိနေသေးတဲ့ ဒေါ့မွန်ကြယ်ပွင့်လေးဟာ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာတော့ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပွဲစဥ် 4ပွဲလုံး ပွဲထွက်ကစားခွင့် ရရှိထားခဲ့ပြီး ပုံစံကောင်းတွေ ပွဲစဥ်တိုင်း ပြသထားနိုင််ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် သူဟာ ဒီပြိုင်ပွဲမှာ တစ်ဂိုးသွင်းယူ ၊ တစ်ဂိုးဖန််တီး ထားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ သူဟာ မကြာခင်မှာ ဂျာမန် အခြေစိုက် ဒေါ့မွန် အသင်းမှ ထွက်ခွာသွားလိမ့်မယ်လို့ သတင်းကြီးနေခဲ့ပြီပဲ ဖြစ်ပါတယ် ။ သူ့ကို ခေါ်ယူဖို့ အင်္ဂလိပ် ကလပ်တွေ ရေပန်းစားနေကြပါတယ် ။

အဲ့ဒီထဲမှာတော့ မန်စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး နဲ့ ရီးယဲ မက်ဒရစ် အသင်းတို့ ပါဝင်နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ပတ်ထရစ် အီဗရာ က ဘယ်လင်ဂမ် ကို အင်္ဂလန် တို့ရဲ့ အဓိက ကစားသမားလို့ သမုတ််လိုက်ပြီး ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော့် အတွက်တော့ ဘယ်လင်ဂမ် ဟာ အင်္ဂလန် တို့ ပိုင်ဆိုင်ထားခဲ့တဲ့ ကွင်းလယ်ကစားသမားတွေအနက် အ​ကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ တွေးမိပါတယ် ။ ကလပ်် အဆင့်မှာတော့ သူတို့ကို ပေါလ် စခိုးလ် ၊ လမ်းပတ် ၊ ဂျရတ် တို့နဲ့ နှိုင်းယှဥ်ပြီး မပြောရဲသေးပါဘူး ”

” အဲ့ဒီ ကစားသမားတွေရဲ့ ခြေစွမ်းတွေက နှစ်ရှည်ကြီး တည်ငြိမ်လွန်းနေခဲ့တယ်လေ ။ ကျွန်တော်ကတော့ သူ့ကို ဒီလို အဆင့်အတန်းမျိုးနဲ့ 10 နှစ်လောက် ကစားနိုင်စေဖို့ မျှော်လင့်နေပါတယ် ။ အဲ့ကျမှ ဘယ်သူက ပိုကောင်းလဲ ဆိုတာကို ကျွန်တော်တို့ နှိုင်းယှဥ်လို့ရမှာပါ ”

” အခုတော့ နိုင်ငံ့ အသင်းမှာ သူဟာ ဘယ်လောက်အထိ ယုံကြည်ချက် မြင့်မားနေသလဲဆိုတာကို ကျွန်တော်တို့ မြင််တွေ့နေခဲ့ရပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်တွေ တကယ့်ကို မယုံကြည်နိုင်ဖွယ်ပါပဲ ။ သူ ကစားတားကို ကြည့်ရှုရတာ ပျော်ဖို့ကောင်းလှပါတယ် ”

” သူ ဒီလို လုပ်ပြလို့ ကျွန်တော်တော့ မအဲ့သြမိပါဘူး ။ သူဟာ စောင့်ကြည့်ရမယ့် ကစားသမားပဲလို့ ကျွန်တော့် သူငယ်ချင်းတွေကိုတောင် ပြောဖူးသေးတယ်လေ ။ သူဟာ အရမ်းကို ရင့်ကျက်နေပုံပါပဲ ။ သူဟာ အမြင်ရှိတဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်ပြီး အဓိက ကစားသမားလည်း ဖြစ်နေခဲ့ရပါတယ် ”

” ဘယ်လင်ဂမ် မရှိပဲ အင်္ဂလန်တို့ လုပ်ဆောင်ချက် ဒီလိုကြီး ကောင်းခဲ့မှာ မဟုတ်ပါဘူး ။ ဂရစ်ဇ်မန်း မပါလည်း ပြင်သစ်တို့ စွမ်းဆောင်ရည် ပြနိုင်ဦးမှာပါ ။ ဒါပေမဲ့ သူမရှိရင် ပွဲစဥ်ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေပါလိမ့်မယ် ” လို့ အီဗရာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar