ယူနိုက်တက်ဆီ ပြောင်းမလားဆိုတဲ့ မေးခွန်းကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းအောင် ဖြေကြားလိုက်တဲ့ ဂတ်ပို

PSV နဲ့ နယ်သာလန် လက်ရွေးစင် အသင်းတို့ရဲ့ တောင်ပံံ တိုက်စစ် ကစားသမား ဖြစ်သူ ကိုဒီ ဂတ်ပို က မန်ချက်စတာ ယူနိုက်တက် အသင်းဆီက ကမ်းလှမ်းမယ်ဆိုတဲ့ အသံမျိုး မကြားမိသေးကြောင်း ၊ တကယ် ရောက်လာရင်တော့ တွေးတောသွားဖို့ ရှိကြောင်း ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။

ကိုဒီ ဂတ်ပို ဟာ ပြီးခဲ့တဲ့ နွေကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်ပြီး နည်းပြ အဲရစ် တန်ဟတ် နဲ့လည်း စကားပြော ဖြစ်ခဲ့သေးကြောင်း ဝန်ခံ ဖွင့်ဟထားခဲ့သူ တစ်ဦးပဲ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ PSV အသင်းဖက်က အခွင့်အရေး ပိတ်ပင်ခဲ့ပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းက တန်ဟတ်် ရဲ့ တပည့်ဟောင်း ဖြစ်သူ အန်တိုနီ ကို ပေါင် 85 သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူခဲ့တဲ့နောက်မှာတော့ ဂတ်ပို ရဲ့ သတင်းတွေဟာ ငြိမ်သက် သွားခဲ့ရပါတယ် ။ ဒါပေမဲဲ့ အဆိုပါ သတင်းဟာ အခုတော့ အလှည့်အပြောင်း ဖြစ်သွားခဲ့ရပါပြီ ။

ဒီလို ဖြစ်စေခဲ့သူကတော့ ပီယာ့စ် မော်ဂန် နဲ့ အကြမ်းစား အင်တာဗျူး လုပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင််း နဲ့ လမ်းခွဲခဲ့လိုက်တဲ့ ရော်နယ်ဒို ပဲ ဖြစ်ပါတယ် ။ ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့လိုက်တဲ့ နောက်မှာတော့ ယူနိုက်တက် တို့ဟာ ဒီနေရာကို အင်အား ဖြည့်တင်းဖို့ လူလိုနေခဲ့ပါပြီ ။

အခြားတဖက်မှာတော့ တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားပေးနိုင်တယ်လို့ သတင်းကြီးနေခဲ့တဲ့ ကိုဒီ ဂတ်ပို ဟာလည််း PSV အတွက် 13 ဂိုး သွင်းယူ ၊ 17 ဂိုး အထိ ဖန်တီးပေးထားနိုင်ခဲ့သလို နယ်သာလန် လက်ရွေးစင် အသင်းမှာလည်း ခြေစွမ်းကောင်း ပြသပြီး ကမ္ဘာ့ ဖလား သွင်းဂိုး 3 ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါပြီ ။

ဒါ့ကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို တဖန် ပြန်လည် စိတ်ဝင်စားလာခဲ့တာ ဖြစ်ပြီး အခုတော့ ကစားသမား ကိုယ်တိုင်က ဘယ်လို ကမ်းလှမ်းမှုမှ မရရှိသေးကြောင်း ၊ ရောက်လာရင်တော့ လက်ခံ စဥ်းစားသွားဖို့ ရှိနေကြောင်း အပေါင်း လက္ခဏာဆောင်တဲ့ အဖြေ တစ်ခု ပေးခဲ့လိုက်ပါတယ် ။

” ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အကြောင်းကို တွေးတောခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့တာကြီး လက်တွေ့ မဖြစ််လာနိုင်ခဲ့တဲ့နောက် ကျွန်တော် ဘာမှ မသိတော့ဘူး ဖြစ်သွားခဲ့ရပါတယ် ။ ဒါ့အပြင် သံသယစိတ်တွေလည်း စတင်် ဖြစ်ပေါ်လာခဲ့ရပါတယ် ။ လိဒ် ယူနိုက်တက် ကမ်းလှမ်းခဲ့ပါတယ် ။ ငါ သွားသင့်လားဆိုတဲ့ အတွေးမျိုး ဖြစ်လာခဲ့ရပါတယ် ”

” အခုတော့ ကျွန်တော်ဟာ အရာရာတိုင်းကို စောင့်ဆိုင်းနေပါပြီ ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကတော့ အခုထိ ဘာအသံမှ မကြားခဲ့ရသေးပါဘူး ။ သူတို့ ရောက်လာရင်တော့ ကျွန်တော် ဒီအကြောင်းကို ထည့်သွင်း စဥ်းစားသွားမှာပါ ။ ဒီကိစ္စရပ်မှာ နတ်ဘုရားတွေရဲ့ အကူအညီ ရရှိဖို့ မျှော်လင့်နေပါတယ် ” လို့ ဂတ်ပို က ပြန်လည်် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar