ဂျေးဇု နေရာ အစားထိုးဖို့ အာဆင်နယ် အသင်း ခေါ်ယူ သင့်တဲ့ တိုက်စစ်မှူး နာမည် ပြောကြားလိုက်တဲ့ ရေးပါလာ

ဂန်းနား ဂန္တဝင် ကစားသမားကြီး ရေးပါလာ က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဂျေးဇု နေရာ အစားထိုးဖို့ အာဆင်နယ် အသင်း အနေနဲ့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူ သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ​ပေးသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ဟာ ကင်မရွန်း အသင်း နဲ့ ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ဘရာဇီး လက်ရွေးစင်အသင်း အတွက် ကစားပေးရင်း ဒူးဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ် ။

အသက် ၂၅ နှစ် အရွယ် ဂျေးဇု ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ရဲ့ ဒူးဒဏ်ရာ ကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ၁၀ ပတ် ကနေ ၁၂ ပတ် အထိ အနားယူရမှာပါ ။ ဂျေးဇု မကစား နိုင်ချိန်မှာ အာဆင်နယ် အသင်း ရဲ့ တိုက်စစ်ကို အန်ကီတီးယား ကပဲ ဦးဆောင်သွားဖို့ ရှိနေပါတယ် ။

အာဆင်နယ် အသင်း ကစားသမားဟောင်း ရေးပါလာ ကတော့ ဂျေးဇု နေရာကို ဘရန့်ဖိုဒ့် တိုက်စစ်မှူး အိုင်ဗန် တိုနေး နဲ့ အစားထိုးသင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။ ” ပြဿနာက လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူး ခေါ်ချင်တယ် ဆိုရင်တောင် ဘယ်သူ့ကို ခေါ်လို့ ရနိုင်မလဲ ဆိုတာပါပဲ ။ ”

” ကျနော့်စိတ်ကြိုက် ကတော့ အိုင်ဗန်တိုနေး ပါပဲ ၊ သူ့ကို ခေါ်ဖို့ ကျနော် တောက်လျှောက် တိုက်တွန်း ခဲ့ပါတယ် ၊ ကျနော်သာ အာဆင်နယ် အသင်းရဲ့တာဝန်ရှိသူဆို သူ့ကို ခေါ်ဖို့ ကြိုးစားမှာပါ ။ ဒီဇန်နဝါရီမှာ သူ့ကို ခေါ်နိုင်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး ။ ”

” ဒါပေမယ့် အာဆင်နယ် အသင်း ခေါ်သင့်တဲ့ ကစားသမားထဲမှာ သူပါပါတယ် ၊ သူက အီရန်ရိုက် နဲ့ ဆင်တူတဲ့ ကစားသမားလို့ မြင်မိပါတယ် ။ သူ့ရဲ့ ကစားပုံ နဲ့ သွင်းဂိုး ရယူပုံတွေကပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၆ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန်တိုနေး ဟာ ဒီရာသီမှာ ဘရန့်ဖိုဒ့် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၄ ပွဲ ကစားပြီး ၁၀ ဂိုးသွင်း ၂ ဂိုး ဖန်တီး ပေးထားပါတယ် ။

SM