” ကျွန်တော်တို့ အိပ်ပျော်နေခဲ့ကြတယ် ” ကာဒစ်ဇ် နဲ့ ရှုံးပွဲ အပေါ် ပေါက်ကွဲလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ စပိန် ကလပ် ကာဒစ်ဇ် အသင်းနဲ့ ကစားခဲ့ရတဲ့ ခြေစမ်းပွဲမှာ ရှုံးနိမ့်ခဲ့တဲ့နောက် အသင်းရဲ့ ခံစစ်ပိုင်း ကစားပုံ အချို့ဟာ လက်သင့်ခံချင်စရာ မရှိခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်ပိုင်း စပိန်မြေမှာ ကာဒစ်ဇ် အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး လူငယ်် အများစု အသုံးပြုခဲ့ရတဲ့ ဒီပွဲမှာ ယူနိုက်တက်တို့ 4 – 2 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အရေးနိမ့်သွားခဲ့ကြရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်အသင်းရဲ့ စီနီယာကစားသမားတွေအနက် ဒီရာသီ ပွဲထွက် ကစားခွင့် နည်းပါးခဲ့သူတွေပဲ ပါဝင်ခဲ့ကြပြီး ပွဲစစချင်း 15 မိနစ် အတွင်း ဂိုးသမား ဒူဗရက်ကာ ၊ ဝမ် ဘစ်ဆာကာ ၊ လင်ဒီလော့ဖ် နဲ့ ဘရန်ဒန် ဝီလီယံ တို့ နှေးကွေးနေခဲ့တဲ့အတွက် 2 ဂိုး ပေးခဲ့ရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 21 မိနစ်မှာ မာရှယ်က ပင်နယ်တီမှတဆင့် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် 48 မိနစ်မှာ ကွင်းလယ်လူငယ််လေး မိုင်နူး က တစ်ဂိုး သွင်းယူခဲ့တဲ့ အတွက် 2-2 ဖြစ််သွားခဲ့ရပါတယ် ။ ဒါပေမဲ့ နောက်ပိုင်း 57′ နဲ့ 77′ မှာ ယူနိုက်တက်တို့ ဂိုးပြန်ပေးခဲ့ရပြီး 4 – 2 နဲ့ ရှုံးနိမ့်ခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ရဲ့ ကစားသမားတွေဟာ ပွဲစတင်ပြီး 15 မိနစ် အတွင်းမှာ နိုးနိုးကြားကြား မရှိခဲ့ကြကြောင်း ၊ အိပ်ပျော်နေခဲ့ကြကြောင်း ပေါက်ကွဲ သွားခဲ့လိုက်ပါတယ် ။

” ဒါက အတော့်ကို ရှင်းလင်းလှပါတယ် ၊ ကျွန်တော်တို့ နိုးနိိုးကြားကြား မရှိခဲ့ကြပါဘူး ၊ ပွဲစတင်ပြီး 15 မိနစ် အတွင််းမှာ ကျွန်တော်တို့ အိပ်ပျော်နေခဲ့ကြပါတယ် ။ သူတို့ကတော့ အကူးအပြောင်းလုပ်ပြီး ကစားရာမှာ မြန်ဆန် သွက်လက်ခဲ့ကြတယ်လေ ”

” ဒုတိယမြောက် ပေးဂိုးမှာဆိုရင် ကျွန်တော်တို့တွေဟာ နိုးနိုးကြားကြား မရှိခဲ့ကြပါဘူး ။ ခံစစ်ပိုင်းက အနားယူနေခဲ့ပုံ ပေါက်နေခဲ့ပါတယ် ။ အထူးသဖြင့် ကွင်းလယ် ခံံစစ်ပိုင်းပေါ့ဗျာ ။ ကျွန်တော်တို့ မပြေးလွှားနိုင်ခဲ့ကြပါဘူး ။ ဒီလို ကစားပုံက တကယ့်ကို လက်သင့်မခံချင်စရာပါပဲ ”

” ပထမဂိုးရောပါ့ ၊ အလွတ် တည်ကန်ခဲ့ကြတာလေ ။ ဒါလည်း ဆိုးရွားတဲ့ စုဖွဲ့ ကစားမှု ၊ စည်းကမ်းပိုင်း မသေဝပ်မှုကြောင့် ဖြစ်ခဲ့ရတာပါ ။ အဲ့အတွက် တစ်ဂိုး ပေးခဲ့လိုက်ရတယ်လေ ။ အဲ့ဒီနောက် ကျွန်တော်တို့ ပွဲစဥ်ထဲ ပြန်လည် သက်ဝင်လှုပ်ရှားလာနိုင်ခဲ့ကြပါတယ် ”

” ဒါပေမဲ့ ပထမပိုင်းမှာတင် သရေ ရလဒ် ထွက်ပေါ်လာအောင် ပုံမဖော်နိုင်ခဲ့ကြပါဘူး ။ ပထမဆုံး 15 မိနစ်တွင်း ကစားပုံကတော့ ဖြစ်လာစရာ အကြောင်းကို မရှိဘူး ၊ မဖြစ်သင့်ပါဘူး ။ ဒါက ကျွန်တော်တို့ရဲ့ standard မဟုတ်ဘူးလေ ” လို့ တန်ဟတ် က ပြောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar