မာရှယ် အပါအဝင် ယူနိုက်တက် တိုက်စစ် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအနေအထားအပေါ် မှတ်ချက်ပေးလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည်် စတင်ချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်း ကစားသမားတွေ ပွဲကစားချိန် မိနစ် ပိုမို ရရှိစေနိုင်ဖို့ မျှော်လင့်နေမိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

အသက် 27 နှစ် ရှိနေပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ် ဟာ လက််ရှိ ဘောလုံး ရာသီမှာ အသင်းအတွက် 7 ကြိမ်သာ ပွဲထွက် ကစားပေးခွင့် ရရှိထားခဲ့ပါသေးတယ် ။ ဒါပေမဲ့ အဆိုပါ ပွဲစဥ် 7 ပွဲမှာ သူဟာ 4 ဂိုးသွင်း ၊ 2 ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ် ။

ဒီလို ဖြစ်ခဲ့ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့ ကြံ့ခိုင်မှုအနေအထား မကောင်းလို့ပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ ကြံ့ခိုင်မှု ပြည့်ဝနေပြီး အသင်းနဲ့ ပုံမှန် ဆိုသလို လေ့ကျင့်ရေးတွေလည်း လုပ်ဆောင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

အခုလည်း သူဟာ နိုင်ငံတကာ ပွဲစဥ်တွေ ကစားနေရစဥ်မှာ အသင်းရဲ့ ကြားပွဲ နှစ်ပွဲဖြစ်တဲ့ ကာဒစ်ဇ် ၊ ရီးယဲ ဘက်တစ် အသင်းတွေနဲ့ ကစားဖို့ အဆင်သင့် ရှိနေပြီး လက်ရှိိ အချိန်မှာ လေ့ကျင့်ရေးတွေ လုပ်ဆောင်ဖို့ အသင်းနဲ့အတူ စပိန်မြေကို လိုက်ပါနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

အဆိုပါ ကစားသမား စာရင်းထဲမှာတော့ ယူနိုက်တက် စီနီယာ ကစားသမားတွေဖြစ်ကြတဲ့ မာရှယ် ၊ ဒီဂီယာ ၊ လင်ဒီလော့ဖ် စကော့ မက် တော်မီနေး တို့ ပါဝင် နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ရီးယဲ ဘတ်တစ် နဲ့ ကစားရမယ့် ပွဲစဥ်မတိုင်မီမှာ တန်ဟတ် က တိုက်စစ် ကစားသမားတွေ အပေါ် မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ အခု ဒီကို ရောက်နေကြတာ ကြံ့ခိုင်ဖို့ပဲ မဟုတ််ပါဘူး ။ ပိုပြီး ကြံ့ခိုင်ဖို့ ၊ ကြံ့ခိုင်မှု level ဆက်လက် မြှင့်တင်နိုင်ဖို့ပဲ ဖြစ်ပါတယ် ။ ဒီရာသီ အတွင်း ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းကို ကြည့်လိုက်ရင် ကစားသမားတွေ အမြဲလို အသင့်ရှိ မနေခဲ့ကြဘူးဆိုတာကို မြင်တွေ့ခဲ့ရပါတယ် ”

” ကစားပေးနိုင်တဲ့ အချိန်မျိုးတွေမှာလည်း သူတို့တွေက ယှဥ်ပြိုင် ကစားမှုတွေကို လုပ်ဆောင်နိုင်ဖို့ အကောင်းဆုံး ကြံ့ခိုင်မှုကို မပိုင်ဆိုင်ခဲ့ပြန်ကြပါဘူး။ ဒါက အရေးကြီးတဲ့ အချက် တစ်ခုပါ ။ ပွဲစဥ်တွေ ပြန်လည် စတင်တဲ့ အခါမှာကျွန်တော်တို့ ဒီနေရာ အကောင်းဆုံး ဖြစ်နေဖို့ လိုအပ်လှပါတယ် ”

” ကျွန်တော်တို့ ပိုကောင်းချင်ကြပါတယ် ။ ပွဲစဥ်ကစားဖို့ ကြံ့ခိုင်မှုတွေလည်း ဒီထက်ပိုပြီး ကောင်းချင်ကြပါတယ် ။ ယှဥ်ပြိုင်မှုတွေ လုပ်ဆောင်ရင်း ထိပ်သီး လေးသင်း စာရင််းထဲကို ပြန်လည် ဝင်ရောက်လိုကြပါတယ် ” လို့ တန်ဟတ်် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar