ဘရာဇီးသားတွေကို လေးစားသမှု မရှိသူလို့ ပြောဆို ဝေဖန််လိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း တစ်ဦး ဖြစ်သူ ရွိုင်ကိန်း ကတော့ ဒီနေ့ နံနက် တောင် ကိုးရီးယား အသင်းဖက်ကို ဂိုးသွင်းယူပြီးနောက် က,ခုန် အောင်ပွဲခံနေခဲ့တဲ့ ဘရာဇီးသားတွေကို လေးစားသမှု မရှိသူလို့ ဝေဖန်သွားခဲ့လိုက်ပါတယ် ။

ဘရာဇီး တို့ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့်မှာ တောင် ကိုးရီးယား အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး ပထမပိုင်းမှာတင် ဗီနီးရှပ် ဂျူနီယာ ၊ နေမာ ၊ ရီချာလီဆင် ၊ လူးကပ်စ် ပါကွီတာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲစဥ်ကို ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ ဗီနီရှပ် ဂျူနီယာ ဖက်မှ အဖွင့်ဂိုး သွင််းယူလိုက်စဥ် ကတည်းက ဘရာဇီးသားတွေဟာ ကြိုတင်် ညှိနှိုင်းထားကြသလိုမျိုး က,ခုန် အောင်ပွဲခံခဲ့ကြပြီး ဒါဟာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်း အတွက် ဝေဖန်ချင်စရာ ဖြစ်ခဲ့ရပါတယ် ။

” ဗီနီရှပ် ရဲ့ အကောင်းဆုံး အဆုံးသတ် စွမ်းရည် ပါပဲ ။ သူတို့တွေဟာ ပွဲစဥ်ကို အခမ်းနားဆုံး စတင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီလောက်အထိ ကခုန် အောင်ပွဲခံတာမျိုး အရင်က လုံးဝ မမြင်တွေ့ခဲ့ဖူးသေးပါဘူး ”

 

” ကျွန်တော် မြင်တွေ့နေခဲ့ရတာကို မယုံကြည်နိုင်အောင်တောင် ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော် တကယ်ကို မယုံကြည််နိုင် ဖြစ်ခဲ့ရပါတယ် ။ အခုဟာ လာ, က,ကြမယ် ဆိုပြီး ကြိုတင် ညှိနှိုင်းထားသလိုကြီး ဖြစ်နေခဲ့ရပါတယ် ” လို့ ရွိုင်ကိန်း က ပြောလိုက်ပြီး ဒီလို အောင်ပွဲခံမှုထဲ နည်းပြ တီတေးပါ ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့…

” ကျွန်တော် ဒါကို မနှစ်သက်မိပါဘူး ။ လူတွေက ဒါဟာ သူတို့ရဲ့ ယဥ်ကျေးမှုလို့ ပြောကောင်း ပြောကြပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့တာက ပြိုင်ဖက် အသင်းကို မလေးမစားလုပ်ခြင်းပဲလို့ ကျွန်တော် တွေးတောနေခဲ့မိပါတယ် ။ သူတို့ 4 ဂိုးတောင် သွင်းပြီးပါပြီ ။ ဒါတောင် ကခုန်နေတုန်းလေ ”

” သူတို့ဟာ ဂိုး တစ်ကြိမ် သွင်းပြီးတိုင်း ဒါကို လုပ်ဆောင််နေခဲ့ကြတာပါ ။ ပထမဆုံး ဂိုးအပြီး အောင်ပွဲခံတာမျိုးကို ကျွန်တော် သိပ်ပြီး ဘဝင်မကျ မဖြစ်ခဲ့ရပါဘူး ။ ဒါပေမဲဲ့ အဲ့ဒီနောက် လုပ်ခဲ့တာတွေကိုတော့ သဘောမကျခဲ့ရပါဘူး ။ မန်နေဂျာပါ ပါဝင်နေခဲ့တယ်လေ ”

” ကျွန်တော် ဒါနဲ့ ပတ်သက်လို့ မပျော်ရွှင်မိပါဘူး ။ ဒါက ဘယ်နည်းနဲ့မှ ကောင်းတယ်လို့ ကျွန်တော် မထင်ဘူးလေ ” လို့ ရွိုင် ကိန်း က ပြောဆိုခဲ့တာကို အနားမှာ ရှိနေခဲ့တဲ့ ဂရေမီ ဆောင်းနက်စ် ကပါ ထောက်ခံ သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar