2022 ကမ္ဘာ့ ဖလား ပြိုင်ပွဲမှ အဲရစ် တန်ဟတ် သိလိုက်ရတဲ့ အမှန်တရား 5 ခု

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ််လာခဲ့တဲ့ အဲရစ် တန်ဟတ် အတွက်တော့ ပရီးမီးယားလိဂ် ဘောလုံး ရာသီရဲ့ ပွဲစဥ် သုံးပုံ တစ်ပုံ ကုန်ဆုံးသွားချိန်မှာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ကြားဝင်လာတာက အကျိုးထူး ​ဖြစ်စေခဲ့တယ်လို့ ဆိုရပါ့မယ် ။

တန်ဟတ်ဟာ ပြသနာတွေ များလှတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်နေခဲ့ရပြီး အသင်းရဲ့ အကြောင််းနဲ့ ကစားသမားတွေရဲ့ အကြောင်းကို ကောင်းမွန်စွာ သိရှိဖို့ လိုအပ်နေချိန်မှာ ဒီပြိုင်ပွဲ ရောက်လာတာကြောင့် ဒီကနေတဆင့် ကစားသမားတွေကို အကဲခတ်ခွင့် ၊ အစီိအစဥ် အသစ် ရေးဆွဲခွင့်ရမှာ သေချာလှပါတယ် ။

ဒါ့အပြင် ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ဘယ် ကစားသမားကို အသင်းဆီ ခေါ်ယူသင့်သလဲဆိုတာကိုပါ စီမံကိန်း ဆွဲဖို့ လုံလောက်တဲ့ အချိန် တစ်ခု ရရှိစေခဲ့မှာပါပဲ ။ အခုတော့ ဒီပြိုင်ပွဲမှ အဲရစ် တန်ဟတ် သိရှိခွင့် ရခဲ့တဲ့ အမှန်တရား 5 ခု အကြောင်းကို MEN က အခုလိုပဲ ဖော်ပြသွားခဲ့လိုက်ပါတယ် ။

(1) ဂတ်ပိုသည် အထောင်တိုက်စစ်မှူး မဟုတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ PSV အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ကော်ဒီ ဂတ်ပိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေကတည်းက စိတ်ဝင်စားခဲ့ပါတယ် ။ ဒါပေမဲ့ အန်တိုနီ ရောက်လာခြင်းကြောင့် လက်လျှော့ခဲ့ရတာ အားလုံး အသိိပဲ ဖြစ်ပါတယ် ။

အခု မန်ချက်စတာ ယူနိုက်တက် အသင်းမှ ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာချိန် ယူနိုက်တက်တို့ဟာ တိုက်စစ်ပိုင််း နေရာစုံ ကစားနိုင်တယ်လို့ သတင်းထွက်နေခဲ့တဲ့ ဂတ်ပို ကို အစားထိုး ခေါ်ယူဖို့ ကြံရွယ်နေခဲ့တာလည်း အားလုံး အသိပါပဲ ။

ဒါပေမဲ့ နယ်သာလန် အတွက် ဂတ်ပို 4 ပွဲအထိ ကစားပြီးချိန်မှာ သူဟာ ယူနိုက်တက်မှာ လိုအပ်နေခဲ့တဲ့ အထောင် တိုက််စစ်မှူးမျိုး မဟုတ်ဘူးဆိုတာ သိခဲ့ရပါတယ် ။ သူ့ရဲ့ သွင်းဂိုး 3 ဂိုးလုံးဟာ တောင်ပံ တစ်လျှောက် ကစားရင်း ၊ အသင်းနဲ့ ချိတ်ဆက်ရင်း ရရှိခဲ့တာမို့ သူဟာ ဒီနေရာမှာပဲ ပိုကောင်းနိုင်မယ်ဆိုတာ ထင်ရှားခဲ့ရပါတယ် ။

ယူနိုက်တက် တိုက်စစ် ကစားသမားဟောင်း မန်ဖစ် ဒီပေး ကိုယ်တိုင်ကလည်း ဂတ်ပိုဟာ တိုက်စစ်မှာ သူအနား အငြိမ်နေပြီး ကစားပေးနိုင်မှာ မဟုတ်ကြောင်း ပြောထားသေးတာကြောင့် ယူနိုက်တက်တို့ သူ့အတွက် သုံးရမယ့် ငွေကို ဘယ်မှာ သုံးသင့်လဲဆိုတာ စဥ်းစားရပါတော့မယ် ။

(2) ရပ်ရှ်ဖို့ ပြန်လာပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပုံစံကောင်းတွေ ပြန်လည် ပြသနိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ အရွေ့ခံခဲ့ရပြီး ပုံစံကောင်း ဆက်လက် ပြသနိုင်ခဲ့ကာ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား တစ်ဦး ဖြစ်ပြနိုင်ခဲ့ပါတယ် ။ ဒါတောင် သူဟာ တစ်ပွဲသာ ပွဲထွက် ကစားခွင့် ရခဲ့တာပါ ။

သူဟာ ရှေ့ဆက် ပွဲထွက်ခွင့် ရနိုင်ခြေ များနေခဲ့ပြီပဲ ဖြစ်ပါတယ် ။ အဲရစ် တန်ဟတ် လက်အောက်မှာ သူ့ရဲ့ ကစားပုံ နဲ့ အင်္ဂလန် အသင်းမှာ သူ့ရဲ့ ကစားပုံ ပြောင်းလဲလာမှုတွေကို ကြည့်လိုက်ရင် ရပ်ရှ်ဖို့ ပြန်လာပြီလို့ ပြောတာ မှားမယ် မထင်မိပါဘူး ။

(3) ပယ်လီစထရီ ရဲ့ အနာဂတ် ယူနိုက်တက်မှာ မရှိ

ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား အများစု ခြေစွမ်းပြ ကစားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲ့ဒီထဲ ပယ်လီစထရီ မပါဝင်ခဲ့ရပါဘူး ။ သူဟာ ပီနာရိုးလ် အသင်းမှ ပြောင်းလာကတည်းက မန်ချက်စတာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်တွေ မရခဲ့ပါဘူး ။

သူ့ရဲ့ ရက်စွဲတွေဟာ အငှား ကစားရင်းနဲ့သာ ကုန်ဆုံးခဲ့ရပါတယ် ။ ဒါ့ကြောင့် သူ့ရဲ့အေးဂျင့် ဖြစ်သူက လေသံတွေ မျိုးစုံ ပစ်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီအတိုင်းသာဆိုရင် သူ့ရဲ့ အနာဂတ်ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ရှိတော့မှာ မဟုတ်တာ သေချာနေခဲ့ရပါပြီ ။

(4) ကာစီမီရို ကို ရလိုက်တာက ကံကောင်းခြင်းပဲ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အသက် 30 အရွယ်် ကစားသမား တစ်ဦး ခြေစွမ်းပြနိုင်မလားဆိုတာကို မသိနိုင်ခင်ကတည်းက ဒီကစားသမားအတွက် ပေါင် 60 သန်း ပေးခဲ့တာပါ ။ ဒီအတွက် ဝေဖန်မှုတွေ အမျိုးစုံ ကြုံခဲ့ရတာပါသေးတယ် ။

ဒါပေမဲ့ အခုတော့ သူ့ကို ဒီစျေးနဲ့ ရနိုင်ခဲ့တာက ကံကောင််းလွန်းတယ်လို့ ပြောရမလိုတောင် ဖြစ်နေခဲ့ရပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ နှစ်များစွာ ရှိနေခဲ့တဲ့ ကွင်းလယ် ခံစစ် ပြသနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ခဲ့လို့ပါပဲ ။

သူဟာ ယူနိုက်တက် တိုက်စစ် ကစားသမားတွေကို လွတ််လပ်စွာ ကစားခွင့် ပေးဆောင်နိုင်ခဲ့သလို ဘရာဇီး အသင််းမှာလည်း နောက်တစ်ဆင့် တက်နိုင်ရေး အတွက် အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ် ။ ကံကောင်းခြင်းတွေ ယူဆောင််လာသူ တစ်ဦးပါပဲ ။

(5) ရော်နယ်ဒို နဲ့ လမ်းခွဲတာ မှန်တယ်

ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူးခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲခဲ့တဲ့နောက် ရော်နယ်ဒို ဖန်တွေက ပေါ်တူဂီသားဟာ ဒီပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာ ထင်သလို ဖြစ်မလာခဲ့ပါဘူး ။

ရော်နယ်ဒို ဟာ ပေါ်တူဂီ မှာ အခွင့်အရေး များစွာ ရရှိခဲ့သလို လွဲချော်မှုတွေလည်း များပြားခဲ့ပါတယ် ။ သူဟာ အခုထိ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သေးပြီး ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကပဲ အဓိက ကစားသမား ဖြစ်နေခဲ့ရတာကို အားလုံး မြင်တွေ့ခဲ့ရပါတယ် ။

အခုတော့ ရော်နယ်ဒို ဟာ ပွဲကစားခွင့်တောင် နည်းပါးခဲ့ပါပြီ ။ ရှေ့ဆက် ပွဲထွက်ကစားခွင့်တွေ ရနိုင်မလားဆိုတာလည်း မသေချာတော့ပါဘူး ။ ယူနိုက်တက် အတွက်တော့ သူနဲ့ လမ်းခွဲခဲ့ရတာ မှန်ကန်တယ်လို့ ပြောလို့ရနေပါပြီ ။

#Sports_Myanmar