ပီလီ ရေးတဲ့စာ ၊ ကွာတားရောက်အသင်းများ ၊ မှတ်တမ်းသစ်နဲ့ မက်ဆီ ၊ အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းဆင့် ပွဲစဉ်တွေ မှာတော့ နယ်သာလန် နဲ့ အာဂျင်တီးနား တို့ဟာ ပြိုင်ဘက်တွေ ကို အသီးသီး အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ကြ ပါတယ် ။

ကွာတားဖိုင်နယ် မှာတော့ သူတို့ ၂ သင်း ရင်ဆိုင် ကစား ကြရတော့မှာပါ ။

နယ်သာလန် ဟာ အမေရိကန် အသင်းကို ၃ – ၁ ရလဒ် နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပြီး ဒီပိုင်း ၊ ဘလင်း နဲ့ ဒမ်ဖရိုင်းစ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

အာဂျင်တီးနား ကလည်း သြစတြေးလျ အသင်းကို ၂-၁ နဲ့ အနိုင် ရခဲ့ပြီး မက်ဆီ ၊ အယ်လ်ဗာရက်ဇ် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြပါတယ် ။

အာဂျင်တီးနား အတွက် ဂိုးသွင်းခဲ့တဲ့ မက်ဆီ ကတော့ ကမ္ဘာ့ဖလားမှာ ၉ ဂိုးထိ သွင်းထား နိုင်ခဲ့ကာ ဒီယေဂို မာရာဒိုနာ ရဲ့ မှတ်တမ်း ကို ကျော်လွန် သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် မနေ့ညက ပွဲဟာ မက်ဆီ အတွက် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘ၀ ပွဲပေါင်း ၁၀၀၀ ပြည့်မြောက်တဲ့ ပွဲလည်း ဖြစ်လာစေခဲ့ ပါတယ် ။ ဒီပွဲ ၁၀၀၀ မှာ မက်ဆီ ဟာ ၇၈၈ ဂိုးသွင်းပြီး ၃၄၈ ဂိုး ဖန်တီးမှု ပြုလုပ် ပေးထားခဲ့ ပါတယ် ။

ပြင်သစ် တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ဟာ ဘာစီလိုနာ မှာ ကစားနေတဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ကို ပြီးခဲ့တဲ့ နွေရာသီ ( ဘိုင်ယန် ကနေ ဘာစီလိုနာ ထံမပြောင်းခင် ) တုန်းက PSG ကို ရောက်ရှိ လာဖို့ ဆန္ဒ ရှိခဲ့တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အမေရိကန် နဲ့ ပွဲမှာ အကောင်းဆုံး ကစားပြီး Man of the Match ရခဲ့တဲ့ ဒမ်ဖရိုင်းစ် က ပရီးမီးယားလိဂ် ဟာ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ နေရာတခု ဖြစ်ပေမယ့် လက်ရှိ ကစားနေတဲ့ အင်တာမီလန် မှာပဲ ပျော်ရွှင် နေပါတယ် လို့ ပရီးမီးယားလိဂ် နဲ ပတ်သက်တဲ့ မေးခွန်း ကို ဖြေကြား သွားခဲ့ပါတယ် ။

ရီးရဲ ဂန္ထဝင် နောက်ခံလူ မာဆယ်လို ရဲ့ သားဖြစ်တဲ့ အန်ဇီု အဲလ်ဗက်စ် ဟာ ရီးရဲ လူငယ် အသင်းနဲ့ စာချုပ် ချုပ်ဆို လိုက်တယ်လို့ သိရှိရ ပါတယ် ။

ဖီဖာ ဟာ သူတို့ ချမှတ်ထားတဲ့ သတင်းစာ ရှင်းလင်းပွဲ စည်းမျဉ်းတွေကို မလိုက်နာတဲ့ ဆီနီဂေါ အသင်းကို ဒဏ်ငွေ တပ်ရုံနဲ့ မကျေနပ် နိုင်သေးဘဲ နည်းပြ ဖြစ်သူ ဆီဆေး ကို ပါ ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

ဆီဆေး ဟာ အင်္ဂလန် နဲ့ ကစားမယ့် ၁၆ သင်းဆင့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို မတက်ရောက် ခဲ့ဘဲ လက်ထောက် နည်းပြ ဖြစ်သူ ကိုသာ စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ် ။

ရီယို ဖာဒီနန် ကတော့ သြစတြေးလျ ကစားသမား ဟယ်ရီ ဆောက်တာ ဟာ ပရီးမီးယားလိဂ် မှာ လာရောက် ကစားဖို့ ထိုက်တန်သူ တယောက်လို့ ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရီးရဲ ဆိုဆီဒက် ကစားသမား မာတင် ဇူဘီမန်ဒီ ကို ပေါင် သန်း ၅၀ တန် စာချုပ် ဖျက်သိမ်းကြေး ကို ပေးချေကာ ခေါ်ယူဖို့ အစီအစဉ် ရေးဆွဲ နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဗြိတိန် လက်ဝှေ့အကျော်အမော် တိုင်ဆန် ဖျူရီ ဟာ မနေ့ ညတုန်းက Chisora ကို ၁၀ ချီမြောက်မှာ အနိုင်ရ ထိုးသတ် ခဲ့ပါတယ် ။

အဲ့ဒိနောက် မှာတော့ ဖျူရီ က အိုလက်ဆန်းဒါး ယူဆက် ဟာ သူ့ရဲ့ နောက်ထပ် ပြိုင်ဘက် ဖြစ်လာမယ်လို့လည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒီ လက်ဝှေ့ပွဲကို အားပေး ခဲ့တဲ့ ဝိန်း ရွန်းနီ ကတော့ တိုင်ဆန် ဖျူရီ ဟာ သူရဲကောင်းဘွဲ့ ( Knighthood – ဆာဘွဲ့ ) ချီးမြှင့် ခံရသင့်သူ တယောက် ဖြစ်တယ်လို့ ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

ဆေးရုံထက်မှာ End-of-life ပြုစုမှု ( ညင်သာစွာ ဘဝကူးပြောင်းရန် ) ကို ခံယူနေပြီ ဖြစ်တဲ့ ဘောလုံးဂန္ထဝင်ကြီး ပီလီ က သူဟာ သန်မာ နေဆဲ ဖြစ်ပြီး မျှော်လင့်ချက်တွေလည်း ရှိနေပါသေးကြောင်း ၊ အားလုံးကို စိတ်အေးအေး ထားကြဖို့လည်း ရေးသား ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR