” ဒီဂျာစီဝတ်ဆင်လိုက်တာနဲ့ ခြားနားတဲ့ကစားသမား ဖြစ်သွားတော့တာပါပဲ ” ယူနိုက်တက် ကြယ်ပွင့်ကို ချီးကျူးရင်း ရုန်းကန်နေရတဲ့ လီဗာပူးစတားအပေါ် မှတ်ချက်ပေးလိိုက်တဲ့ ဂျို ကိုးလ်

ချဲလ်ဆီး နဲ့ လီဗာပူး အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း တစ်ဦး ဖြစ်တဲ့ ဂျို ကိုးလ် ကတော့ ဘရာဇီး လက်ရွေးစင် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ်ကို ဒီဂျာစီ ဝတ်ဆင််လိုက်တာနဲ့ ခြားနားတဲ့ ကစားသမားဖြစ်သွားတယ်လို့ ချီးကျူးသွားခဲ့လိုက်ပါတယ် ။

ဘရာဇီးတို့ ကမ္ဘာ့ ဖလား အုပ်စု အဆင့်ကို ကျော်ဖြတ်ဖို့ သေချာသွားတဲ့နောက် နည်းပြ တီတေးဟာ အုပ်စု နောက်ဆုံံး ပွဲစဥ် ဖြစ်တဲ့ ကင်းမရွန်းနဲ့ ပွဲမှာ ပွဲထွက် ကစားသမား အပြောင်းအလဲ 9 ဦး အထိ လုပ်ဆောင်ခဲ့ပြီး ကွင်းလယ်မှာ ဖရက်ဒ် နဲ့ ဖာဘင်ဟို တို့ကို ကစားစေခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ဘရာဇီး တို့ဟာ အဘူဘာကာ ရဲ့ နောက်ကျ မိနစ် သွင်းဂိုး ၊ 1 – 0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ကြပါတယ် ။ ဒါပေမဲ့ အရင်နှစ်ပွဲမှာ အနိုင်ရလဒ် ရှာဖွေနိုင်ခဲ့တာကြောင့် ဘရာဇီး တို့ဟာ အုပ်စုဗိုလ် အဖြစ်နဲ့ နောက််တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ် ။

သာမန်အားဖြင့်ဆိုရင်တော့ ဘရာဇီး လက်ရွေးစင် အသင််းရဲ့ ကွင်းလယ်မှာ ကလပ်ရော နိုင်ငံ့ အသင်း အတွက်ပါ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ကာစီမီရို ဟာ ဖရက်ဒ် ၊ ဖာဘင်ဟို တို့ကို ကျော်ဖြတ်ပြီး line up ရခဲ့တာချည်းပါပဲ ။ ဒါပေမဲဲ့ အုပ်စုဗိုလ် နေရာ သေချာခဲ့တဲ့ အတွက် သူတို့ ပါဝင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဖရက်ဒ် ဆိုတာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 7 ကြိမ်သာ ပွဲထွက်ခွင့် ရနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ 12 လ အတွင်းမှာတော့ ဘရာဇီး အတွက် ခြေစွမ်းပြထားနိုင်ခဲ့တဲ့ အတွက် အခုလို အရွေးခံခဲ့ရတာ ဖြစ်ပြီး ပုံစံကောင်း ပြနိုင်ခဲ့တဲ့ အတွက် ဂျိုကိုးလ် က ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

” ဒီပြိုင်ပွဲမှာ ဖရက်ဒ် ပွဲထွက်ခွင့် မိနစ်တွေ ရခဲ့တာနဲ့ ပတ်သက််လို့ ကျွန်တော် အံ့သြခဲ့ရပါတယ် ။ ဖာဘင်ဟိုဟာ လီိဗာပူးမှာ မျက်လှည့်ဆန်တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ရပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ရာသီတွေတုန်းက တကယ့်ကို ကောင်းပြနိုင်ခဲ့သေးတယ်လေ ”

” သူ့ရဲ့ ဘောလုံး ထိန်းသိမ်းပုံက တကယ့်ကို ကောင်းမွန်ခဲ့ရပါတယ် ။ သူ့ရဲ့ တိုက်စစ်ပိုင်း ဘောလုံး ဖြန့်ဝေပေးပို့မှုတွေလည်း ကောင်းမွန်ခဲ့ရပါသေးတယ် ။ ဒါပေမဲ့ အခု သူ့ရဲ့ form အနည်းငယ် ကျဆင်းနေခဲ့ရပါတယ် ။ ဒါပေမဲ့ ဖရက်ဒ် ကတော့ ကျွန်တော့် အတွက် တကယ့် surprise ပါပဲ ”

” သူဟာ ဘရာဇီး လက်ရွေးစင် ဂျာစီကို ဝတ်ဆင်လိုက်တဲ့အခါတိုင်း ခြားနားတဲ့ ကစားသမား တစ်ဦး ဖြစ်သွားခဲ့ပုံပါပဲ ။ သူဟာ လွတ်လပ်မှု အပြည့်နဲ့ ကစားပြနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းကိုလည်း မကြာခန တက်ရောက်ပြီး နေရာယူ လှုပ်ရှားပုံတွေ ကောင်းမွန်နေခဲ့ရပါတယ် ” လို့ ဂျို ကိုးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar