အသင်းသားတွေကို သတိပေးလိုက်ပြီး ပင်နယ်တီ အဆုံးအဖြတ််ခံယူရပါက ဘယ်သူတွေ ကန်ခွင့်ရမလဲဆိုတာပါ ပြောပြလိုက်တဲ့ ဂါးရတ် ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်သူ ဂါးရတ် ဆောက်ဂိတ် နဲ့ အသင်း ခေါင်းဆောင် ဟယ်ရီ ကိန်း တို့က ဒီတစ်ပါတ် ပြုလုပ်ခဲ့ကြတဲ့ team meeting မှာ လက်ရှိအဆင့်ထိ တက်ရောက်နိုင်တာကို ကျေနပ်ရောင့်ရဲမနေဖို့ အသင််းသားတွေကို သတိပေးသွားခဲ့ကြပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ အီရန်လက်ရွေးစင် အသင်းကို 6 – 2 နဲ့ အနိုင် ၊ USA အသင်းကို 0 – 0 ၊ ဝေးလ် အသင်းကို 0 – 3 ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရခဲ့တဲ့နောက် ရှုံးထွက် အဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့ တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

16 သင်း အဆင့် ရှုံးထွက် ပွဲစဥ်မှာတော့ အင်္ဂလန် တို့ဟာ ဆီနီဂေါ အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ် ။ ဒီအဆင့်မှာတော့ မိနစ် 90 အတွင်း အခြေအနေ မလှပဲ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါက အင်္ဂလန် တို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူသွားရမှာပဲ ဖြစ်ပါတယ် ။

အင်္ဂလန် တို့ဟာ 2020 ယူရို ဖိုင်နယ်ပွဲ တုန်းက အီတလီ လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင်ခဲ့ရသေးပြီး သာမန် ပွဲစဥ် ကစားချိန် အတွင်း သရေ ရလဒ်သာ ထွက်ပေါ်ခဲ့တဲ့ အတွက်် ပင်နယ်တီ အဆုံးအဖြတ် ခံခဲ့ရပါသေးတယ် ။ အဲ့ဒီမှာတော့ ရပ်ရှ်ဖို့ နဲ့ ဆာကာ တို့ ပင်နယ်တီ လွဲခဲ့ကြပါတယ် ။

ဒီအတွက် သူတို့ဟာ အသားအရောင် ခွဲခြားမှုတောင်ခံခဲ့ရပါသေးတယ် ။ အခုတော့ ဂါးရတ် ဆောက်ဂိတ် က ရှုံးထွက် အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ပါက သူ့ရဲ့ တိုက်စစ် ကစားသမား နှစ်ဦးဟာ ပင်နယ်တီ ကန်ခွင့်ရလိမ့်မယ်လို့ ပြောခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ် ။

လက်ရှိ အချိန်အထိတော့ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှ အိမ်ရှင် ကာတာအပါအဝင် နာမည်ကြီး အသင်းတွေ ဖြစ်ကြတဲ့ ဂျာမဏီ ၊ ဘယ်လ်ဂျီယံ နဲ့ ဥရုဂွေး တို့ဟာ အုပ်စု အဆင့်မှ အိမ်ပြန် ခဲ့ရပြီပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဂါးရတ် ဆောက်ဂိတ် ကတော့ အသင်းသားတွေကို မပေါ့ဆဖို့ သတိပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် မိမိတို့ရဲ့ အရည်အသွေးအပေါ် ယုံကြည်မှုထားကြဖို့ပြောရင်း ပြိုင်ဖက် ဆီနီဂေါ အသင်းရဲ့ တိုးအားရုန်းအားတွေကို သတိထားဖို့ ၊ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ကြောင်း အသင််းသားတွေကို သတိပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ဗဟို ခံစစ်မှူး ဖြစ်သူ ဂျွန်စတုန်း ကတော့ နည်းပြ ဖြစ်သူဟာ သူတို အားလုံးကို အသေးစိတ်ကအစ ဂရုတစိုက် လုပ်ဆောင်ဖို့ မှာကြားနေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ ဝတ်ထားတဲ့ ဂျာစီတွေကို kitmen အဆင််ပြေအောင် ဘယ်မှာထားမလဲဆိုတာက စတင်လို့ အသေးစိတ််ကအစ ဂရုတစိုက် လုပ်ဆောင်ကြဖို့ ကျွန်တော်တို့က standard တစ်ခု သတ်မှတ်ထားခဲ့ကြပါတယ် ။ ပြီးတော့ meeting တွေလဲ နောက်မကျရဖို့ဆိုတာရောပေါ့ ”

” ကျွန်တော်တို့ အသေးအမွှားလေးတွေက စတင်ပြီး လွဲနေရင် ကြီးကြီးမားမား ကိစ္စတွေမှာလည်း လွဲချော်မှုတွေ စတင် ကြုံတွေ့လာကြမှာပါပဲ ။ အဲ့တာတွေက အရေးကြီးလို့ ကျွန်တော်တို့ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်နေခဲ့ကြတာပါ ” လို့ စတုန်းက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar