ဆီနီဂေါ နောက်ခံလူ ကူလီဘာလီကို expose ဖြစ်သွားအောင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြလိုက်တဲ့ တိုနီအဒမ်

တိုနီအဒမ်က အင်္ဂလန် အသင်း အနေနဲ့ ကာလီဒူကူလီဘာလီရဲ့ အားနည်းချက်ကို ထိုးနှက်သွားဖို့ အတွက် ချဲလ်ဆီး နောက်ခံလူကို ခံစစ်မှာ isolate (သီးခြား) ဖြစ်အောင် လုပ်သွားရန် တိုက်တွန်းသွားခဲ့ပါတယ်။ ဂါရက်ဆောက်ဂ်ိတ်ရဲ့ အသင်းဟာ ကမ္ဘာ့ဖလားရဲ့ အုပ်စု အဆင့်မှာ ဝေးလ်နဲ့ အီရန် တို့ကို ဂိုးပြတ် အနိုင်ယူကာ ယူအက်စ်အေနဲ့ သရေကျခဲ့ပြီး သွင်းဂိုး ၉ ဂိုး ပေးဂိုး ၁ ဂိုး ၊ ရမှတ် ၇ မှတ် ရယူကာ အုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ လက်ရှိအချိန်ထိ ဂိုးပေါက် ရှာမတွေ့သေးပေမယ့်လည်း အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း အဒမ်က ဒါဟာ ပြသနာလို့ မမြင်မိဘဲ စပါး တိုက်စစ်မှုးဟာ လာမည့် တနင်္ဂနွေနေ့ ဆီနီဂေါနဲ့ ပွဲဟာ ပွဲကို သက်ရောက်မှု ပေးနိုင်လိမ့်မယ်လို့ ထောက်ခံသွားခဲ့ပါတယ်။ ကိန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကူလီဘာလီကို ဒုက္ခပေးထားခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့ သြဂုတ်လက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီး နဲ့ တော့တင်ဟမ် တို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ နောက်ကျခေါင်းတိုက်ဂိုးနဲ့ သရေတစ်မှတ် ရယူပေးခဲ့ပါတယ်။

အဒမ်က ကိန်း အနေနဲ့ ဒီလိုမျိုး ထပ်လုပ်ပြနိုင်တယ်လို့ ယုံကြည်နေပါတယ်။

အဒမ်က “ခံစစ်ကြောင်း အနေနဲ့ ခန့်မှန်းရ လွယ်ကူအောင် ကစားသွားဖို့ လိုပါတယ်။ ခံစစ်ကြောင်းကို solid ဖြစ်အောင် လုပ်ကာ အတူတကွ အလုပ်လုပ်သွားရမှာ ဖြစ်ပြီး ယိုပေါက်တွေ မရှိအောင် အသေအချာ ကစားရပါမယ်။ ကိုယ့်ရဲ့ ဂိုးသမား နောက်တန်း အစွန်လူတွေ ၊ ကိုယ့်ရဲ့ ကွင်းလယ်နဲ့ ချိတ်ဆက်မှု ရှိနေရပါမယ်။ ကူလီဘာလီ အနေနဲ့ သူ့ဘေးက လူတွေရဲ့ အကူအညီ မရဘူးဆိုရင် one v one မှာ expose ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မားကပ်ရပ်ဖို့ဒ်က သူ့ရဲ့ အားနည်းချက်ကို ထိုးနှက်နိုင်မှာပါ။

 

ကျွန်တော်တို့ရဲ့ အာဆင်နယ် မန်နေဂျာဟောင်း အာဆင်၀င်းဂါးဟာ တစ်ကွင်းလုံးကို အသုံးပြုကာ လေ့ကျင့်ရေး အစီအစဉ်မှာ ကစားသမားတွေကို one vs one နဲ့ ပက်သက်ပြီး လေ့ကျင့်စေခဲ့ပါတယ်။ အဲဒီအချိန်က အလင်းလို လျှင်မြန်တဲ့ သီယာရီအွန်နရီ နဲ့ ကျွန်တော် ရင်ဆိုင် ခဲ့ရတာပါ။ ကျွန်တော့်ရဲ့ ရှေ့မှာ နောက်တန်း အစွန်လူတွေ ဒါမှမဟုတ် ကွင်းလယ်လူတွေ လုံး၀ မရှိပါဘူး။ သီယာရီဟာ သူ့ရဲ့ လျှင်မြန်မှု skill တွေနဲ့ ကျွန်တော့်ကို ကျော်ဖြတ်သွားခဲ့ပါတယ်။ ကိုယ့်ဘေးက လုံလောက်တဲ့ အကူအညီ မရဘူးဆိုရင် ဘယ်သူမှ လွယ်ကူမှာ မဟုတ်ပါဘူး။

ကျွန်တော် အာဆင်၀င်းဂါး ဆီကို သွားပြီး ‘ကျွန်တော့်ကို ဒါမျိုး ထပ်မလုပ်ခိုင်းပါနဲ့။ ကျွန်တော့်ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ကျန်တဲ့ ခံစစ် ကစားသမားတွေနဲ့ အလုပ်မလုပ်ဘဲ ကစားရတဲ့ အခြေအနေမျိုး မရှိဖူးဘူး” လို့ ပြောခဲ့ပါတယ်။

ခံစစ်ကစားသမားတွေ ညီညွှတ်စွာ အတူတူ အလုပ်လုပ်ခဲ့တာကြောင့်လည်း ကျွန်တော်တို့ တအား အောင်မြင်ခဲ့တာပါ။ အဓိကက ခံစစ် unit တစ်ခုလုံးကို အမြဲတမ်း solid ဖြစ်နေအောင် လုပ်သွားရမှာ ဖြစ်ပြီး ဘယ်သူမှ isolate မဖြစ်ဖို့ အရေးကြီးလှပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM