ဒီရာသီ အဲရစ် တန်ဟတ်ရဲ့ ပစ်မှတ် ဘာဖြစ်သင့်သလဲဆိုတာ ပြောပြလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ ပေါလ် စခိုးလ် ကတော့ လက်ရှိ နည်းပြ အဲရစ် တန်ဟတ် အနေနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဦိးစားပေး ကြိုးစားသင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်းကို ဟိုဆေး မော်ရင်ဟို ကိုင်တွယ်ခဲ့စဥ် 2017 ခုနှစ် တုန်းက ယူနိုက်တက် တို့ နောက်ဆုံး အကြိမ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် အိုလီ ဂန်နာ ဆိုးလ်ရှား ဟာ နီးစပ်မှု ပိုင်ဆိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ အဆိုပါ ယူရို ပါလိဂ် ဖိုင်နယ်ပွဲ မှာတော့ ယူနိုက်တက် တို့ဟာ ဗီလာ ရီးယဲ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်် နဲ့ ရှုံးနိမ့်သွားခဲ့ကြပါတယ် ။ အခုတော့ ယူနိုက်တက် တို့ ဖလား လက်မဲ့ ဖြစ်ခဲ့ကြတာ 5 ရာသီတောင် ကျော်လွန််လာခဲ့ပါပြီ ။

ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာတော့ ယူနိုက်တက် အတွက်် အကြီးမားဆုံး ဖလား မိုးခေါင်မှု ဖြစ်သွားခဲ့ရပါပြီ ။ ဒါပေမဲ့ လက်ရှိအသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟတ် အနေနဲ့ အဆိုပါ ဖလား လက်မဲ့ ဖြစ်နေမှုကို ရပ်တန့်နိုင်ခွင့် ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စမတ် မတိုင််မီ လိဂ် ဖလား ပြိုင်ပွဲမှာ fourth round အဖြစ် ဘန်လေ အသင်းနဲ့ ကစားရမှာ ဖြစ်သလို နှစ်သစ်မှာတော့ အဲဗာတန်် အသင်းရဲ့ FA ဖလား third round ပွဲစဥ် ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ပေါလ် စခိုးလ် က ဆုဖလားတွေဆိုတာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို ပြောပြလိုက်ပြီး သရဲနီတို့ အနေနဲ့ ဝင်ဘာလေကွင်းထဲကို ရောက်သင့်ပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ဆုဖလားတွေဆိုတာ အရေးကြီးနေမှာပါ ။ ဒါတွေဟာ ပရိသတ်တွေ အတွက်လည်း အရေးကြီးလွန်းလှပါတယ် ။ ဝင်ဘလေ ကွင်းထဲ တစ်ရက်လောက် သွားရတာမျိုးဆိုပါတော့ ။ ဒီရာသီ အမှတ်ပေးဖလားကို လက်လှမ်းမမီနိုင်တော့ဘူးဆိုတာ ပရိသတ်တွေလည်း သိကြမယ်လို့ ထင်မိပါတယ် ”

” ချန်ပီယံလိဂ်.. ဒါကိုတော့ ကျွန်တော်တို့ သေချာပေါက် ဝင်ခွင့် ရရှိလိုကြပါတယ် ။ ကျွန်တော်တို့ဆိုတာက ရာသီကုန််သွားချိန် တစ်ရက်လောက် Day Out ထွက်ပြီး ဒီလိုပွဲတွေ ကြည့်ချင်ကြတာလေ ။ အဲ့လို ရက်စွဲမျိုး ရောက်လာနိုင်ဖို့ မျှော်လင့်နေပါတယ် ”

” ကျွန်တော်တို့ ဆုဖလား မဆွတ်ခူးနိုင်ခဲ့တာ 5 နှစ်ကျော်လောက် ရှိနေခဲ့ပြီလေ ။ ဒါ့ကြောင့် အဲရစ် တန်ဟတ် အနေနဲ့ ဒီရာသီ လိဂ်ဖလား ဒါမှမဟုတ် FA ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက််ခြင်းပဲလို့ ကျွန်တော်တို့ ထင်မိမှာပါ ”

” အဲဗာတန် နဲ့ ကစားဖို့ မဲခွဲရလဒ် ထွက်ပေါ်လာခဲ့တာက ခက်ခဲလှပါတယ် ။ ဒါပေမဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဥ်မျိုးမှာ ကျွန်တော်တို့ ပြိုင်ဖက်ကို အနိုင်ယူပြနိုင်တယ်လို့ မျှော်လင့်လို့ ရနိုင်တယ်လေ ။ ဒီလို ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ပြိုင်ဖက်နဲ့ ရင်ဆိုင်တာက ခက်ခဲစေမလား ? ”

” ကျွန်တော်တို့ ဒီရာသီ သူတို့နဲ့ ဆုံခဲ့ပြီးပါပြီ ။ တွေ့ပြီးပြီမလား ? ကျွန်တော်တို့ ဒီရာသီ အဝေးကွင််း ကစားပြီး သူတို့ကို အနိုင်ယူ နိုင်ခဲ့ကြတယ်လေ ။ အဲဗာတန် က အရင်လို မခမ်းနားတော့ဘူးလို့ ထင်နေမိပါတယ် ။ ဒီရာသီမှာ သူတို့တွေ ရုန်းကန်ခဲ့ကြရတယ်လေ ”

” FA ဖလား ပွဲစဥ်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးနဲ့ ခြားနားလွန်းလှပါတယ် ။ ဒီလို ပွဲတွေမှာ ပရီးမီးယားလိဂ် ကလပ်တွေဟာ ပိုပြီး အာရုံစိုက်ကစားတတ်ကြတယ်လေ ။ အဲ့တာကြောင့် ဒီလို ပွဲစဥ်တွေကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုပြီး ကျွန်တော်တို့ သီးခြားအကြံထုတ်ရပါတယ် ” လို့ ပေါလ် စခိုးလ် က ​တန်ဟတ် အနေနဲ့ ဒီပြိုင်ပွဲတွေမှာ အာရုံံစိုက် ကြိုးစားသင့်ကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar