ဒီရာသီအတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ဂန္တဝင်် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ပေါလ် စခိုးလ် က တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တစ်နှစ်တာ အကောင်းဆုံးကစားသမားပဲလို့ ချီးမွမ်းသွားခဲ့လိုက်ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ခွဲစိတ််ကုသမှု ခံယူခဲ့တဲ့နောက် ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး 5 ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲဲ့ ဒီရာသီမှာတော့ သူဟာ အသင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နေခဲ့ပြီး 8 ဂိုးအထိ သွင်းယူခဲ့ကာ ပုံစံကောင်း ပြန်လည် ပြသထားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်လည်း ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ နှစ်ပွဲ လူစားဝင် ကစားပြီး တစ်ဂိုးသွင်း ၊ တစ်ပွဲ ပွဲထွက်ခွင့် ရရှိခဲ့ပြီး 2 ဂိုး သွင်းကာ စုစုပေါင်း 3 ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား တစ်ဦး ဖြစ်နေနိုင်ခဲ့ပါပြီ ။ အခုတော့ စခိုးလ် က သူဟာ ဒီရာသီ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားပဲလို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်ကတော့ မားကပ်စ် ရပ်ရှ်ဖို့ ကိုပဲ ရွေးချယ်ပါ့မယ် ။ သူဟာ သူ့ကိုယ်သူ ပြန်လည် ပြောင်းလဲသွားနိုင်ခဲ့တယ်လို့ ထင်မိပါတယ် ။ သူဟာ တကယ့်ကို ခက်ခဲလှတဲ့ 18 လတာ အချိန်ကို ပိုင်ဆိုင်ခဲ့ရတယ်လေ ။ ဒါပေမဲ့ အခု ရာသီမှာတော့ သူဟာ ကြောက်စရာကောင်းနေပြီလို့ ကျွန််တော် ထင်မိပါတယ် ”

” အဲ့တာကို အင်္ဂလန် အသင်းမှာလည်း ပွဲကစားခွင့်တွေ ရရှိတိုင်း ဆက်လက် သယ်ဆောင််သွားနိုင်ပါစေလို့ မျှော်လင့်မိပါတယ် ။ အဲ့ဒီနောက် ကလပ်ဆီကို အကောင်းဆုံး ပြန်လာပြီး ကောင်းမွန်တဲ့ ဘောလုံးရာသီ ဆက်လက် ပိုင်ဆိုင််နိုင်ပါစေလို့ မျှော်လင့်မိပါတယ် ” လို့ စခိုးလ်က ပြောလိုက်ပြီး ဒေးဗစ် မေ ကတော့ ကစားသမားသစ် 4 ဦး နဲ့ ပတ်သက်လို့…

” တန်ဟတ် ခေါ်ယူခဲ့တဲ့ ကစားသမား လေးယောက် (အဲရစ်ဆင် ၊ အန်တိုနီ ၊ မာတီနက်ဇ် ၊ ကာစီမီရို) တို့ဟာ တကယ့်ကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းနိုင်ခဲ့ကြပါတယ် ” လို့ ပြောလိုက်တဲ့ အခါမှာတော့ ပေါလ် စခိုးလ် က တစ်ဦးပဲ ရွေးပေးပါလို့ ပြောလိုက်ချိန်မှာ ဒေးဗစ် မေ က မာတီနက်ဇ် ကို ရွေးချယ် သွားခဲ့လိုက်ပါတယ် ။

အဆိုပါ ကစားသမား လေးဦးလုံးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့နောက် အထူး ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ကြပြီး လက်ရွေးစင် အသင်းမှာလည်း ပါဝင်ခွင့်ရရှိထားခဲ့ကြပါတယ်။ အဲ့ဒီထဲမှာတော့ ကာစီမီရို က ဆွစ်ဇာလန် နဲ့ ပွဲမှာ တစ်ဂိုးသွင်းယူပြီး ဘရာဇီး တို့ကို နောက်တစ်ဆင့် တက်ရောက်စေနိုင်ခဲ့ပါတယ် ။

အန်တိုနီ ကတော့ ဘရာဇီး အတွက် လူစားဝင် ကစားခွင့် 2 ကြိမ်သာ ရရှိထားခဲ့ပြီး မာတီနက်ဇ် ကတော့ ဆော်ဒီနဲ့ ပွဲမှာ လူစားဝင် ကစားခွင့် ရရှိခဲ့သလို မက္ကဆီကို အသင်းကို 2 – 0 နဲ့ နိုင်ခဲ့တဲ့ ပွဲစဥ်မှာ ပွဲထွက် ကစားခွင့် ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ အာဂျင်တိုင်းသားတို့လည်း နောက်တစ်ဆင့် တက်နိုင်ခဲ့ပါပြီ ။

အဲရစ်ဆင်ရဲ့ ဒိန်းမတ် လက်ရွေးစင် အသင်းကတော့ တူနီးရှားကိုသာ သရေ ကစားနိုင်ခဲ့ပြီး ပြင်သစ် နဲ့ သြစတြေးလျ တို့ကို ရှုံးနိမ့်ခဲ့တဲ့နောက် ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှပဲ လက်ပြ နှုတ်ဆက်ခဲ့လိုက်ရပြီပဲ ဖြစ်ပါတယ် ။

#Sports_Myanmar