မက်ဆီကို ခြိမ်းခြောက်ခဲ့တဲ့ မက္ကဆီကို ဖိုက်တာကို တုန့်ပြန် ဖြေရှင်းလိုက်တဲ့ မက္ကဆီကို အသင်း ခေါင်းဆောင်

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စု ပွဲစဥ် 2 အဖြစ် ကာတာမြေမှာ အာဂျင်တီးနား နဲ့ မက္ကဆီကို လက်ရွေးစင် အသင်းတို့ ယှဥ်ပြိုင် ကစားခဲ့ရပြီ အာဂျင်တိုင်းသားတို့ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အဖိုးတန် နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ အာဂျင်တီးနား အသင်း အတွက် အဖွင့်ဂိုးကို ပွဲချိန် 64 မိနစ်မှာ မက်ဆီက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲချိန် 87 မိနစ်မှ အန်ဇို ဖာနန်ဒက်စ် ရဲ့ ဂိုးကိုလည်း မက်ဆီကပဲ ဖန်တီးပေးသွားခဲ့ပါတယ် ။ ဒါ့ကြောင့် အာဂျင်တီးနားတို့ နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက် ရှင်သန်လာခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ အာဂျင်တီးနားအသင်းသားတွေဟာ အဝတ်လဲခန်းထဲ မက်ဆီကို သီချင်းဆို ဂုဏ်ပြုရင်း အောင်ပွဲခံခဲ့ကြပါတယ် ။ အဲ့ဒီမှာပဲ မက်ဆီဟာ မက္ကဆီကို ဂျာစီကို ကန်မလို ဖြစ်မိတဲ့ ဗွီဒီယိုဖိုင် တစ်ခုဟာ သတင််းကြီးသွားခဲ့ရပါတယ် ။

အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မက္ကဆီကို လက်ဝှေ့ ချန်ပီယံ တစ်ဦး ဖြစ်တဲ့ ကာနီလို အဲလ်ဗာရက်ဇ် က မက်ဆီဟာ သူတို့ရဲ့ ဂျာစီ ၊ အလံနဲ့ ကြမ်းတိုက်နေခဲ့တာ ဖြစ်ကြောင်း ၊ သူ့ကို အပြင်မှာ မတွေ့ဖို့ ဆုတောင်းလိုက်တော့ စသဖြင့် ခြိမ်းခြောက်ခဲ့ပါသေးတယ် ။

အခုတော့ မက္ကဆီကို အသင်း ခေါင်းဆောင် ဖြစ်သူ အန်ဒရိစ် ဂွာဒါဒို က ဒါဟာ သူ့ရဲ့ ဂျာစီ ဖြစ်ကြောင်း ၊ အဝတ်လဲဲခန်းထဲမှာ ချွေးစိုနေတဲ့ ဂျာစီတွေကို ဒီလိုပဲ ကြမ်းပြင်ပေါ် ပစ်ထားတတ်တာ သူတို့ရဲ့ စည်းကမ်းချက် တစ်ခုဖြစ််ကြောင်း ၊ ကာနီလိုဟာ ဒါတွေကို မသိပဲ ပြောဆိုနေတာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့လိုက်ပါတယ် ။

” ကျွန်တော် ဒီလူသား၊ မက်ဆီဟာ ဘယ်လိုလူလဲဆိုတာ သိပါတယ် ။ အကယ်လို့ အဝတ်တွေဟာ စိုစွတ်နေမယ်ဆိုရင် ကြမ်းပြင်အပေါ် ပစ်ချထားဖို့ ကျွန်တော်တို့နဲ့ ဝန်ထမ်းတွေအကြား deal လုပ်ပြီးသား ကိစ္စ တစ်ခုပါ ။ အဲ့တာဂျာစီိက ကျွန်တော်တို့ဟာဖြစ်ဖြစ် ၊ ပြိုင်ဖက်ဟာဖြစ်ဖြစ်ပေါ့ ”

” အဝတ်လဲခန်းဆိုတာက ဘာလဲနေရာမျိုးလဲဆိုတာကို ကာနီလို မသိပါဘူး ။ ကျွန်တော့်အတွက်တော့ ဒါဟာ မိုက််မဲမှု တစ်ခုလိုပါပဲ ။ အဲ့ဒီ ဂျာစီက ကျွန်တော့်ဟာပါပဲ ။ ကျွန်တော် လီယို နဲ့ ဂျာစီချင်း လဲလှယ်ခဲ့တာပါ ” လို့ ဂွာဒါဒို က တုန့်ပြန် ရှင်းပြခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

မက္ကဆီကို အသင်းခေါင်းဆောင် ဖြစ်တဲ့ အန်ဒရိစ် ဂွာဒါဒို ဆိုတာ မက်ဆီ ရဲ့ ပရိသတ် တစ်ဦး ဖြစ်ပြီး 2018 ကတည််းက ဒါကို ထုတ်ပြောခဲ့ဖူးတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီတုန်းက ရီးယဲ ဘတ်တစ် နဲ့ ဘာစီလိုနာ ပွဲစဥ် အပြီးမှာ သူ့သားကိုတောင် မက်ဆီနဲ့ တွေ့ဆုံစေခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ဂွာဒါဒို ဟာ အထင်လွဲခံနေခဲ့ရတဲ့ Idol ဖြစ်သူ ဖက်မှ ကာကွယ် စကား ဆိုခွင့် ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ ထို့အတူ ပရိသတ်တွေလည်း ကစားသမားတွေ အဝတ်လဲဲခန်းထဲမှာ ဘယ်လို နေကြသလဲဆိုတာ သိခွင့် ရရှိခဲ့ကြပါပြီ ။

#Sports_Myanmar