ပွဲထွက်ခွင့်ရရချင်း ​အထူးခြေစွမ်းပြခဲ့တဲ့ ရပ်ရှ်ဖို့ကို ဘရာဇီး ကြယ်ပွင့်နဲ့ ခိုင်းနှိုင်း ချီးကျူးလိုက်တဲ့ လိုင်နီကာ

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ််သူ ဂယ်ရီ လိုင်နီကာကတော့ ကမ္ဘာ့ဖလား အုပ်စု နောက််ဆုံး ပွဲစဥ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းကြီး အတွက် ပွဲထွက်ခွင့် ရရှိပြီး ပုံစံကောင်း ပြသသွားနိုင်ခဲ့တဲ့ တိုက်စစ်် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ ကို ဘရာဇီး စတား တစ်ဦး နဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက်ပါတယ် ။

ရပ်ရှ်ဖို့ ဟာ 2022 ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲရဲ့ အုပ်စု အဖွင့် ပွဲစဥ် နှစ်ပွဲလုံးမှာ လူစားဝင် ကစားခွင့်ကိုသာ ရရှိခဲ့ပြီး အဖွင့်ပွဲမှာ အီရန် အသင်းဖက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူဟာ နောက်တစ်ပွဲလဲ လူစားဝင်ခွင့်သာ ရရှိခဲ့ပြီး ဒီပွဲဟာ 0 – 0 နဲ့ ပြီးဆုံးခဲ့ရပါတယ် ။

အဲ့ဒီနောက် ဝေးလ် လက်ရွေးစင် အသင်းနဲ့ ကစားရမယ့် ပွဲစဥ်မှာ သူဟာ စတာလင်း နေရာမှာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပွဲချိန် 50 နဲ့ 68 မိနစ် တွေမှာ အဖွင့်ဂိုး နဲ့ အနိုင် သေချာစေမယ့် ဂိုးတွေကို သွင်းယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ ပွဲစဥ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင််ခဲ့ပါတယ် ။

အင်္ဂလန် အတွက် နောက်ထပ် တစ်ဂိုးကိုတော့ ရပ်ရှ်ဖို့ နည်းတူ ဆာကာ ကစားတဲ့ ညာ တောင်ပံ တိုက်စစ် နေရာမှာ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ဖီးလ် ဖိုဒန် က ပွဲချိန် 51 မိနစ်မှာ သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ နိုင်ပွဲကြောင့် အဂ်လန် တို့ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့ကြပါပြီ ။

အခုတော့ ပွဲစဥ်အပြီးမှာ သတင်း သုံးသပ်သူ အဖြစ် လုပ််ဆောင်ခဲ့ရတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာ က ဆိုးရွားတဲ့ ရက်စွဲတွေကို ကျော်ဖြတ်ပြီး အကောင််းဆုံး ပုံစံတွေကို ပြန်လည် ပြသသွားနိုင်ခဲ့တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ရဲ့ စွမ်းဆောင်ရည်ကို ဘရာဇီး ကြယ်ပွင့် ဗီနီးရှပ် နဲ့ ခိုင်းနှိုင်း ချီးကျူး သွားခဲ့လိုက်ပါတယ် ။

” မားကပ်စ် ရပ်ရှ်ဖို့…. တကယ့် ပြိုင်ပွဲကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ် ။ သူဟာ အကောင်းဆုံး မကစားနိုင်ခဲ့ဘူး ၊ အာရုံတွေ ပျံ့လွင့်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေကို သူကိုယ်တိုင် ဖွင့်ပြောခဲ့ဖူးပါသေးတယ် ။ ကွင်းပြင်ပ က ကိစ္စတွေကြောင့် ဘယ်လိုပဲ ဖြစ်နေခဲ့ပါစေ ၊ အခုတော့ သူဟာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါပြီ ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား စာရင််းမှာ တဖြေးဖြေး ပြန်လည် ပါဝင်ခွင့် ရရှိခဲ့ပြီး မကြာမီမှာပဲ ပုံစံကောင်းတွေ ပြသသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက်် သူဟာ ဆက်တိုက်ဆိုသလို ကောင်းပြသွားနိုင်ခဲ့ပါတယ် ။ သူဟာ danger ကစားသမားပါပဲ ”

” သူ ဒီလို ကစားနိုင်တဲ့ အခါတွေမှာ… သူဟာ ပြိုင်ဖက်တွေကို ကျော်ဖြတ်နိုင်တယ် ၊ ခံစစ်မှူးတွေကို လိမ်ခေါက်နိုင်တယ် ၊ ဂိုးပေါက် ခြိမ်းခြောက်မှုတွေကိုလည်း လုပ်ပြနိုင်တယ် ၊ အဲ့တာတွေက ဗီနီးရှပ်စ် ဂျူနီယာ နဲ့ ပုံစံဆင်တူလှပါတယ် ။ သူတို့ နှစ်ဦးဟာ ပါရမီကောင်းသလို စိတ်အားထက်သန်မှုတွေလည်း ရှိကြပါတယ် ” လို့ လိုင်နီကာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar