ဆော်ဒီ အာရေးဗျ ကလပ် တစ်သင်းဆီ အကြမ်းစား လစာငွေနဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီလို့ သတင်းကြီးနေတဲ့ ရော်နယ်ဒို အပေါ် သုံးသပ်ချက် အချို့

ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အာဆင်နယ်အသင်းရဲ့ ပရိသတ် တစ်ဦး ဖြစ်တဲ့ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး လုပ်ဆောင််ခဲ့တဲ့နောက် သူ့ရဲ့ အနာဂတ်ဟာ အကြီးကြီး ပြောင်းလဲသွားခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ် ။

အဆိုပါ အင်တာဗျူးမှာ ရော်နယ်ဒိုဟာ အသင်း ပိုင်ရှင်တွေကို စီးပွားရေးသမားတွေလို့ပြောဆိုခဲ့သလို သူ့အပေါ် သစ္စာဖောက်ခဲ့တယ်လို့ပါ ပြောခဲ့ပါတယ် ။ ဒါအပြင် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် ကို ဒီအသင်းရဲ့ နည်းပြ မဖြစ်သင့်သူလို့လည်း ပြောခဲ့ပြန်ပါတယ် ။

ဒါ့အပြင် အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ဝိန်းရွန်းနီ နဲ့ ဂယ်ရီ နဗီးလ် တို့ကို ဝေဖန်ခဲ့သလို လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ကိုလည်း သူ့အပေါ် လေးစားသမှု မရှိလို့ သူ့ဖက်ကလည်း မလေးစားဘူးဆိုတဲ့ အကြောင်း ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ပိုင်ရှင် ၊ အမှုဆောင်ချုပ် ၊ အားကစား ဒါရိုက်တာ နဲ့ နည်းပြ တန်ဟတ် တို့ တွေ့ဆုံခဲ့ကြပြီး ရော်နယ်ဒို နဲ့ လမ်းခွဲဖို့ လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ ရော်နယ်ဒို နဲ့ ယူနိုက်တက်တို့ နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲခဲ့ကြပါတယ် ။

ဒီအတွက် ရော်နယ်ဒို ဖက်က အသင်းမှ ရရှိဖို့ ရှိနေခဲ့တဲ့ ပေါင် 16 သန်း ဝန်းကျင်ကို ဆုံးရှုံးသွားခဲ့ရပါတယ် ။ အခုတော့ သူဟာ အသင်းလက်မဲ့ Free Agent ကစားသမား တစ်ဦး ဖြစ်သွားခဲ့ရပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ သူနဲ့ သတင်းထွက်ခဲ့တဲ့ ကလပ်တွေ ရှိခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ တိုက်စစ်မှူး တစ်ဦး လိုအပ်နေခဲ့တဲ့ ချဲလ်ဆီး အသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ ပထမဆုံး သတင်းကြီိးတဲ့ ကလပ် ဖြစ်လာခဲ့ပါတယ် ။ အဲ့ဒီနောက် သူ့ရဲ့ အသင််းဟောင်း စပို့တင်း လစ္စဘွန်း ကလည်း သူ့ကို ပြန်ပြီး ခေါ်ယူဖို့ ရေပန်းစားခဲ့ပါတယ် ။

ဒါပေမဲ့ ဘာမှ သတင်းထူးမလာခဲ့ပါဘူး ။ ဒါ့အပြင် အာဆင်နယ် ဂန္တဝင် ကလည်း ရော်နယ်ဒို ကို ခေါ်ယူရင် အမှတ််ပေး ဖလား ရလိမ့်မယ် ဆိုတဲ့ စကားမျိုးလည်း ပြောခဲ့ပါသေးတယ် ။ အဲ့ဒီနောက် ဘိုင်ယန် မြူးနစ် အသင်းက သတင်းထွက်ခဲ့ပြန်ပေမဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက ငြင််းဆန်ခဲ့ကြပါတယ် ။

အဲ့တာတွေ သတင်းကြီးခဲ့တဲ့နောက် အခုအချိန်မှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီ အာရေးဗျ ကလပ် အယ်လ် နဆာရ် အသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုတင် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိခဲ့လိုက်ရပါတယ် ။ ဒီလို သတင်းတွေ ထွက်လာတာက စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ် ။

ဘာဖြစ်လို့လဲဆိုတော့ ရော်နယ်ဒိုဟာ အဆိုပါအသင်းမှာ တစ်ရာသီ ပေါင် 173 မီလီယံ ရရှိမယ်လို့ သတင်းထွက်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ် ။ တစ်ရာသီ 173 သန်းဆိုတာ..

တစ်လ ပေါင် 14.4 သန်း
တစ်ပါတ် ပေါင် 3.33 သန်း
တစ်ရက် 476,000 ပေါင်
တစ်နာရီ 19,982 ပေါင်
တစ်မိနစ် 330 ပေါင်
တစ်စက္ကန့် 5.5 ပေါင် ဖြစ်နေလို့ပါပဲ ။

သူ့ရဲ့ တစ်မိနစ်စာ လုပ်ခကပဲ မြန်မာငွေ 10 သိန်းကျော် နဲ့ ညီမျှနေခဲ့ရပါပြီ ။ ဒါဟာ အသက် 38 နှစ် ဖြစ်တော့မဲ့ ကစားသမားအတွက်တော့ မက်လောက်စရာ ကောင်းလွန််းတဲ့ ကမ်းလှမ်းမှု တစ်ခုပါပဲ ။ ဒါ့ကြောင့် သူဟာ အယ်လ် နဆာရ် အသင်းနဲ့ သဘော တူညီမှု ရရှိခဲ့ပြီလို့ သတင်း အချို့က ဖော်ပြခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ Sun Sport ကတော့ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်နေတာကြောင့် သူဟာ 2 နှစ်ခွဲ စာချုပ်နဲ့ ကမ်းလှမ်းခဲ့တဲ့ အဆိုပါ စာချုပ်ကို ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ် ။

ဒါ့အပြင် ဘောလုံး ပရိသတ်တွေရဲ့ အားထားရာ သတင််းထောက် တစ်ဦး ဖြစ်တဲ့ ဖေဘရီဇီယို ရိုမာနို ကလည်း ရော်နယ်ဒို က ဆော်ဒီ ကလပ်ဆီမှ တစ်ရာသီ ယူရို သန်း 200 ရှိတဲ့ စာချုပ် ကမ်းလှမ်းမှုကို ရရှိထားခဲ့တယ်လို့ ဖော််ပြသွားခဲ့ပါသေးတယ် ။

ဒါပေမဲ့ နောက်ဆက်တွဲ အဖြစ် အဲ့ဒီမှာ အဓိက အစိတ်အပိုင််းက စပွန်ဆာ deal ဖြစ်ကြောင်း ၊ image right ပါမပါတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ၊ အခုချိန်ထိ ဘာမှ တိကျရေရာခြင်း မရှိခဲ့သေးကြောင်း ၊ ဘာမှလဲ မဆုံးဖြတ်ရသေးကြောင်း ၊ ရော်နယ်ဒို က ကမ္ဘာ့ ဖလား အပေါ်ပဲ အာရုံစိုက်နေကြောင်း ဖော်ပြသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေတုန်းက ဆော်ဒီ အာရေးဗျ ကလပ်် ဖြစ်တဲ့ အယ်လ် ဟီလားလ် အသင်းမှ တစ်ပါတ်ပေါင်် 3 သန်း ရရှိမဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သေးကြောင်း ဖွင့်ပြောခဲ့ဖူးပါသေးတယ် ။ အခုတော့ သူတို့ရဲ့ ပြိုင်ဖက် ဖြစ်တဲ့ အယ်လ် နဆာရ် က ရော်နယ်ဒို ကို ရရှိဖို့ သတင်းကြီိး နေခဲ့ပြီပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ နယူးကာဆယ် အသင်းကလည်း ရော်နယ်ဒို ကို စိတ်ဝင်စားနေတယ်လို့ သိခဲ့ရပြီး ဒေးဗစ် ဘက်ခမ်း ရဲ့ အင်တာ မီယာမီ အသင်းကလည်း ပေါ်တူဂီသားကို ခေါ်ယူလိုနေတယ်လို့ သိနေခဲ့ရပါတယ် ။ အခုထိတော့ တိကျတဲ့အဖြေ မသိရသေးတာ အမှန်ပါပဲ ။

#Sports_Myanmar